ကြည်လင်ရှင်းသန့်တဲ့ အလှတရားတွေနဲ့ နံနက်ခင်းလေးကို ကြိုဆိုလိုက်တဲ့ ခြူးလေး

ကြည်လင်ရှင်းသန့်တဲ့ အလှတရားတွေနဲ့ နံနက်ခင်းလေးကို ကြိုဆိုလိုက်တဲ့ ခြူးလေး

“ထာဝရမန္တလေး” ဇာတ်လမ်းတွဲကြီးထဲက သွက်သွက်လက်လက်နဲ့ ချစ်စရာကောင်မလေး ငွေရည်နှင်းစက်ဆိုပြီး ပရိသတ်တွေ စတင်အားပေးခဲ့ကြတဲ့ ခြူးလေးကတော့ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေတောင် ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ အနုပညာကို ချစ်မြတ်နိုးတဲ့ စိတ်နဲ့ ကြိုးစားခဲ့တဲ့ သူမကတော့ အလုပ်လုပ်ရင်ပါလည်း စေတနာပါပါနဲ့ အကောင်းဆုံးလုပ်တတ်သူတစ်ဦးမို့ ပရိသတ်တွေက ပိုပြီး အချစ်ပိုနေရတာပာ။ တစ်နေ့တစ်ခြား အလှတိုးလာတဲ့ ခြူးလေးကတော့ ဒီနေ့လေးမှာလည်း ကြည်လင်ရှင်းသန့်တဲ့ အလှတရားတွေနဲ့ နံနက်ခင်းလေးကို ကြိုဆိုလိုက်တာ တွေ့ရပါတယ်။

မကြာသေးခင်ကမှ သီလရှင်ဝတ်ခဲ့တဲ့ ခြူးလေးကတော့ သူမနဲ့ လိုက်ဖက်တဲ့ ဆံပင်လေးနဲ့ အရမ်းကို လှနေတာပါ။ ချစ်ပရိသတ်တွေအတွက် နံနက်ခင်းလေးကို အေးမြစေမယ့် ခြူးလေးရဲ့အလှပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခြူးလေးကတော့ “ကမ္ဘာကြီးဇောက်ထိုးဖြစ်လို့ …..ရေတွေ ပြောင်းပြန်စီးရင်တောင်…..ချစ်နေဦးမယ် သူပါ❤️…..” ဆိုပြီး သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။

ခြူးလေးကတော့ လတ်တလောမှာ အချစ်ရေးကို စိတ်မဝင်စားသေးပဲ သူမချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာလည်း သရုပ်ဆောင်နေရပြီဖြစ်တဲ့ ခြူးလေးကတော့ တလောကလည်း မြင့်မြတ်၊ သက်မွန်မြင့်တို့နဲ့အတူ “ကဝေသေလို့ ခြောက်တဲ့ တစ္ဆေ” ဇာတ်ကားကိုလည်း ရိုက်ကူးထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ ခြူးလေးကိုချစ်ရင် သူမရဲ့ပုံရိပ်လေးတွေကို အချင်းချင်းဝေမျှသွားလိုက်ကြပါဦနော်။

Source;Chue’s Facebook

Comments are closed.