အဝတ်ဗလာသရဲမအဖြစ်နဲ့ ခပ်ကြမ်းကြမ်းသရုပ်ဆောင်တော့မယ့် ရွှေအိမ်စည်

အဝတ်ဗလာသရဲမအဖြစ်နဲ့ ခပ်ကြမ်းကြမ်းသရုပ်ဆောင်တော့မယ့် ရွှေအိမ်စည်

မော်ဒယ်ရွှေအိမ်စည်တစ်ယောက် ခပ်ချေချေဒီဇိုင်းလေးကြောင့် ပရိသတ်တွေရဲ့အသည်းကျော်လေး တစ်ယောက်ဖြစ်လို့နေပါတယ်။ အသက်ငယ်ရွယ်ပေမယ့် ထူးချွန်ထက်မြက်တဲ့ သူမရဲ့ပုံစံနဲ့ ရဲ့ဝံ့ပြတ်သားတဲ့ အပြောအဆိုဟန်ပန်အမူအရာတွေကြောင့်လည်း အားလုံးက အချစ်ပိုနေရသူလေးပါပဲ။ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရာမှာတော့ သူမကဗီလိန်ဇာတ်ရုပ်ကို ပိုသဘောကျတယ်လို့ဆိုပါတယ်။

လက်ရှိသူမရိုက်ကူးတော့မယ့် The NAKED GHOST ဇာတ်ကားမှာ သူမက အဝတ်ဗလာသရဲမအဖြစ်နဲ့ ပါဝင်သရုပ်ဆောင်မှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ သူမက ကမ်းခြေရွာလေးတစ်ခုက ပုသိမ်သူလေး သီတာအဖြစ်ပုံဖော်ထားပြီး လူ့ဘဝမှာတော့ ရိုးသားပြီးချစ်စရာကောင်းတဲ့အမျိုးသမီးလေး အဖြစ်ကနေ သေခြင်းရဲ့အခြားတစ်ဖက်မှာတော့ ကြမ်းတမ်းရက်စက်တဲ့ သရဲတစ်ကောင်အဖြစ်နဲ့ သရုပ်ဖော်မှာဖြစ်ပါတယ်။

အဝတ်ဗလာသရဲဆိုတဲ့ နာမည်လေးကြောင့် အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ ဒီဇာတ်ကားမှာ ရွှေအိမ်စည်တစ်ယောက် ပရိသတ်တွေကို ဘယ်လိုတွေကြောက်လန့်အောင် ခြောက်မလဲဆိုတာတော့ စောင့်မျှော်ကြည့်ရှုရမှာပါပဲနော်။ သူမရဲ့ဇာတ်ရုပ်ကို ဘယ်လိုတွေပီပြင်အောင်ပုံဖော်မယ်ဆိုတာကို အားလုံးနဲ့ထပ်တူရင်ခုန်စွာမျှော်လင့်နေပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Photo – The NAKED GHOST

Comments are closed.