ကွယ်ရာမှာ အတင်းပြောတဲ့ နယ်မင်းသားတစ်ယောက်အကြောင်း ဖွင့်ချလိုက်တဲ့ သင်းသင်း

ကွယ်ရာမှာ အတင်းပြောတဲ့ နယ်မင်းသားတစ်ယောက်အကြောင်း ဖွင့်ချလိုက်တဲ့ သင်းသင်း

သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲသွားမယ်ဆိုတဲ့ ကိစ္စကြောင့် လတ်တလော လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတဲ့ မော်ဒယ် သင်းသင်းကတော့ လတ်တလောမှာ သူမကြုံတွေ့နေရတဲ့ ပြဿနာလေးတွေကို မိုမိုလေးသို့ ပြောပြရင်ဖွင့်လာတာ တွေ့ရပါတယ်။ သင်းသင်းကတော့ သူမရဲ့အကြောင်းကို ကွယ်ရာမှာ အတင်းပြောနေတဲ့ နယ်မင်းသားတစ်ယောက်အကြောင်းနဲ့ လက်ရှိ အမှုကိစ္စအကြောင်းတွေပါ အကုန်ပြောပြလာတာပါ။

ချစ်ပရိသတ်တွေအတွက် သူမအကြောင်းကို ကွယ်ရာမှာ အတင်းပြောတဲ့ နယ်မင်းသားတစ်ယောက်အကြောင်း ဖွင့်ချလိုက်တဲ့ သင်းသင်းရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

သင်းသင်းကတော့ အတင်းပြောထားတဲ့ နယ်မင်းသားတစ်ယောက်အကြောင်ကို ” ဗီဒီယိုလောကမှာ ကိုယ့်နယ်သားပဲ လူကြမ်းလို့ပြောမယ် နာမည်မထည့်တော့ဘူး ဘယ်လို အတင်းတွေပြောထားလဲဆိုတာ ကွယ်ရာမှာ ရှိပါတယ်သင်းသင်းဆိုတာကို အိမ်မှာတောင် တကူးတကလုပ်ပြီး အနုပညာအသိုင်းအဝိုင်းနဲ့ အတင်းပြောထားတာတွေ ရှိပါတယ်။ တစ်ခုပဲပြောမယ် အနုပညာလောကကို ဘယ်ဥပဒေနဲ့ ထိန်းချုပ်ထားတာလဲ အဲ့ဒါပဲ မေးချင်တာပါ။ အဲ့တော့ အဲ့ဒီမှာ အုပ်ချုပ်နေတဲ့ နှစ်ယောက် ဗီဒီယိုလောကထဲကပါ ဦးဇင်ဝိုင်းမဟုတ်ပါဘူး။ Blacklist ထည့်တယ်လို့ပြောရအောင် ဒီအနုပညာလောကမှာ ဘာဥပဒေနဲ့ လုပ်ထားလို့လဲ မေးချင်ပါတယ် နာမည်ထည့်မပြောတော့ပါဘူးကိုယ့်နယ်မင်းသားဖြစ်တယ်၊ အကုန်လုံးက အားပေးနေတဲ့မင်းသားပါ

မွေးထားတဲ့ သားသမီးတွေကျရင် ဝဋ်မလိုက်ပါစေနဲ့လို့ ဆုတောင်းပေးလိုက်ပါတယ်ရှင့် စိတ်ဆိုးဖို့မရှိပါဘူး အနုပညာလောကမှာလည်း ကိုယ်ရန်ငြိုးရန်စတွေမရှိတာဖြစ်သည့်အတွက် သူတို့နာမည်ကလည်း အတိအကျထွက်လာတယ်ဆိုတော့ ဒီတစ်ခေါက် သင်းသင်းထက်က လမ်းမှာတွေ့လို တစ်နေရာမှာကြုံရင်လည်း မိတ်ဆက်ပြီး ဒဲ့မေးပါမယ် အဲမင်းသားနဲ့ ဆုံဖြစ်အောင်လည်း ကြိုးစားသွားမှာပါ ” ဆိုပြီး သူမကို အိမ်မှာတောင် တကူးတကဖိတ်ပြီး အနုပညာအသိုင်းအဝိုင်းနဲ့ အတင်းပြောတဲ့ နယ်မင်းသားတစ်ယောက်အကြောင်း ပြောပြခဲ့တာပါ။

လတ်​တ​လောခံစားချက်​​တွေ ထုတ်​​ပြောလာတဲ့ သင်းသင်းရဲ့ဗီဒီယို

အလှမယ်သင်းသင်းကလည်း ဝေဠုကျော်ကို တရားစွဲမယ့်အကြောင်းတွေကြောင့် ဝေဖန်သူ ပရိသတ်တစ်ချို့နဲ့လည်း ကြုံတွေ့နေရပါတယ်။ မိန်းမသားပေမယ့်လည်း ရဲရင့်တဲ့ သတ္တိရှိတဲ့ သင်းသင်းကတော့ ဘယ်လိုအခက်အခဲပဲကြုံကြုံ တရားစွဲဖို့ ကိစ္စကိုတော့ လုံးဝလက်မလျှော့ဘူးလို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း လတ်တလောမှာ နှောင့်ယှက်သူတစ်ချို့နဲ့ ကြုံတွေ့နေရတဲ့ သင်းသင်းကို အားပေးစကားလေးတွေ ဆိုခဲ့ကြပါဦးနော်။

Comments are closed.