“ဧည့်သည်” ရုပ်ရှင်ဇာတ်ကား Red Carpet Showမှ ပျော်ရွှင်မှုတွေကိုချပြလာတဲ့ ရွှေမှုံရတီ

“ဧည့်သည်” ရုပ်ရှင်ဇာတ်ကား Red Carpet Showမှ ပျော်ရွှင်မှုတွေကိုချပြလာတဲ့ ရွှေမှုံရတီ

အဆိုတော် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီ တို့ ဇနီးမောင်နှံဟာဆိုရင် လူငယ်ပရိသတ်တွေ ရဲ့ စိတ်ဝင်စားခြင်းခံထားရတဲ့ ဇနီးမောင်နှံပဲဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံတို့ က တစ်ဦးကို တစ်ဦး တန်ဖိုးထားချစ်ခင်ကြသလို မရိုးနိုင်အောင် ရိုဆန်တဲ့ စုံတွဲလေးလို့ နာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။ သူတို့ ဇနီးမောင်နှံက လက်ထပ်ပြီးနောက်ပိုင်းမှာ အနုပညာအလုပ်တွေလည်း အတူတွဲလုပ်လာကြတာတွေ့ရပါတယ်။ လတ်တလောမှာတော့ ရွှေမှုံက ခင်ပွန်း ရွှေထူးနဲ့အတူ ရိုက်ကူးထားတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကား ရဲ့ Red Carpet Show တက်ရောက်ခဲ့တဲ့ ပျော်ရွှင်ဖွယ်ရာ ပုံရိပ်လေးတွေကို သူမရဲ့ လူမှုကွန်ယက်ပေါ်ကနေ မျှဝေပေးလာခဲ့တာ တွေ့ရတာပဲ ဖြစ်ပါတယ်။

“ဧည့်သည်” ရုပ်ရှင်ဇာတ်ကား Red Carpet Show ပွဲကို ခင်ပွန်း ကိုရွှေထူးနဲ့အတူ ပျော်ပျော်ပါးပါး လက်တွဲတက်ရောက်ခဲ့တဲ့ ရွှေမှုံရတီရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။

“ဧည့်သည်” ရုပ်ရှင်ဇာတ်ကား Red Carpet Show မှ ပျော်ရွှင်စရာကောင်းတဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့တဲ့ ရွှေမှုံကတော့ ” ဧည့်သည်မှ ပျော်ရွှင်မှုများ 😁❤️ ” ဆိုပြီး သူမရဲ့ ဖေ့ဘုတ်စာမျက်နှာပေါ်ကနေ ရေးသားဖော်ပြပေးထားခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုတော် ရွှေထူးနဲ့ ရုပ်ရှင် သရုပ်ဆောင် ရွှေမှုံရတီ တို့ဇနီးမောင်နှံဟာဆိုရင် “ဧည့်သည်” ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးရင်း စတွေ့ကြတာလို့ သိရပါတယ်။ ဒီရုပ်ရှင် ဇာတ်ကားလေးက သူတို့ နှစ်ယောက်ကို တွေ့ဆုံးပေးခဲ့တဲ့ အမှတ်တရ ရုပ်ရှင်ဇာတ်ကားလို့ ပြောရင်းလည်း မမှားပါဘူး ပရိသတ်ကြီးရေ။

ခုဆိုရင် “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကို မေလ (၃၀) ရက်နေ့မှ စတင်ပြီး ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီ တို့က မကြာခင်မှာ ပြသတော့မယ့် “ဧည့်သည်” ရုပ်ရှင် ဇာတ်ကား ရဲ့ Red Carpet Show ကို အနုပညာရှင်များစွာနဲ့ တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

“ဧည့်သည်” ရုပ်ရှင်ဇာတ်ကားမှာဆိုရင် ရွှေထူးနဲ့ အတူ သရုပ်ဆောင် ရွှေမှုံရတီ၊ နေခြည်ဦး နဲ့ ဧည့်သည် သရုပ်ဆောင် ဖြိုးငွေစိုး တို့ပါရှိပြီး လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေး တစ်ကားပဲ ဖြစ်ပါတယ်။

အဆိုတော် သရုပ်ဆောင် ရွှေထူးနဲ့ သရုပ်ဆောင် ရွှေမှုံရတီတို့ ဇနီးမောင်နှံနှစ်ဦးရဲ့ ကြည်နူးစရာ ပွဲတက်ပုံရိပ်လေးတွေကို ပရိသတ်တွေ သဘောကျလိမ့်မယ် ထင်ပါတယ်။ တစ်နေ့တစ်ခြား မရိုးနိုင်တဲ့ အချစ်တွေနဲ့ ပိုပိုပြီး ချစ်တတ်လာကြတဲ့ ရွှေမောင်နှံနှစ်ဦးကိုကြည့်ရင်း အချစ်တွေပိုမိတယ်ဆိုရင် မျှဝေပြီး အားပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုပေးကြတဲ့ ချစ်ပရိသတ်များအပေါင်းကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Ref : Shwe Mhone Yati’s Facebook

Comments are closed.