မြန်မာစကားသေချာမပြောတတ်လို့ ချစ်သူနဲ့ကွဲသွားတယ်ဆိုတဲ့ J နော်

မြန်မာစကားသေချာမပြောတတ်လို့ ချစ်သူနဲ့ကွဲသွားတယ်ဆိုတဲ့ J နော်

ဂျေနော်ဆိုတဲ့ မော်ဒယ်မလေးဟာ မော်ဒယ်လောကမှာ နေရာရပြီးအောင်မြင်ကျော်ကြားနေသူဖြစ်သလို အင်တာဗျူးတွေဖြေရာမှာလည်း ပွင့်ပွင့်လင်းလင်းပြောတတ်လို့ပရိသတ်တွေရဲ့အချစ်တွေကို သိမ်းပိုက်ထားနိုင်သူလေးဖြစ်ပါတယ်။ ဂျေနော်က မကြာသေးမီက MC နဲ့ အင်တာဗျူးတစ်ခုမှာ မြန်မာစကားရေရေလည်လည်မပြောတတ်လို့ အခက်တွေ့ခဲ့ရပုံတွေနဲ့ မြန်မာစကားကောင်းကောင်းတတ်ဖို့အရေးကြီးကြောင်းတွေကို ပြောပြသွားခဲ့ပါတယ်။

ဂျေနော်က မြန်မာစကားသေချာမပြောတတ်လို့ချစ်သူနဲ့ အခက်တွေ့ရတယ်လို့ “တိုင်းရင်းသူဖြစ်တဲ့အတွက် မြန်မာစကားကို မြန်မာလူမျိုးတွေလောက်လည်လည်ဝယ်ဝယ်မပြောတတ်တာကအစ သမီးရည်းစား၊သူငယ်ချင်း၊လုပ်ဖော်ကိုင်ဖက်အကုန်လုံးနဲ့ စကားတွေလွဲပြီးတော့ ပဋိပက္ခတွေဖြစ်တယ်”လို့ ပြောပြထားပါတယ်။

မြန်မာစကားပြောတာမရည်လည်တာကြောင့် ချစ်သူနဲ့ပြတ်ဖူးတယ်လို့လည်း “အရင်တုန်းက နော စကားမပီတာ၊စကားဝဲတာရယ် နော ပြောချင်တဲ့ဆိုလိုရင်းတစ်ခုကို သူတို့နားထဲရောက်သွားတဲ့အချိန်မှာ အခြားအဓိပ္ပါယ်ပြောင်းသွားတာရယ်ကြောင့် အဲ့လိုကြောင့် ရည်းစားပြတ်ဖူးတယ်”လို့ ရယ်မောရင်းပြောပြထားပါတယ်။

မြန်မာစကားမကျွမ်းကျင်ရတဲ့အကြောင်းကိုလည်း ဂျေနော်က “တစ်သက်လုံးနယ်မှာနေလာတဲ့ လူတွေဆိုတော့ မြန်မာစကားနဲ့ကျတော့ ရင်းနှီးကျွမ်းဝင်မှုက အဲ့လောက်မရှိဘူး။ နောတို့ကျတော့ ကချင်တိုင်းရင်းသူဖြစ်တဲ့အတွက်ကြောင့် ကချင်တိုင်းရင်းသား ဘာသာစကားကိုပဲအိမ်မှာသော်လည်းကောင်း မိသားစုမှာသော်လည်းကောင်း၊ပတ်ဝန်းကျင်မှာသော်လည်းကောင်း အဲ့လိုပဲပြောကြတာလေ။ ဒီရောက်တော့ ကိုယ်ပြောတဲ့စကားကို သူတို့ကနားမလည် သူတို့ပြောတဲ့စကားကို ကိုယ်က အဓိပ္ပါယ်တစ်မျိုးပြန်နားလည် အဲ့လိုမျိုးပေါ့နော်”လို့ ဖြေကြားထားပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.