ရုပ်ရှင်နှစ် ၁၀၀ ပွဲကစပြီး နှစ်စဉ်ပရိသတ်ကိုအလှူပေးသွားမယ်ဆိုတဲ့ ခန့်စည်သူ

ရုပ်ရှင်နှစ် ၁၀၀ ပွဲကစပြီး နှစ်စဉ်ပရိသတ်ကိုအလှူပေးသွားမယ်ဆိုတဲ့ ခန့်စည်သူ

ခန့်စည်သူဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက အခုအချိန်အထိ အောင်မြင်မှုကိုထိန်းသိမ်းထားနိုင်တဲ့ဝါရင့်မင်းသားကြီးဖြစ်ပြီး မြန်မာ့ရုပ်ရှင်လောကမှာ ခန့်စည်သူတစ်ခေတ်ဖြစ်ခဲ့ဖူးတဲ့အထိ တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့အားပေးမှုကို ရရှိခဲ့တဲ့အနုညာရှင်တစ်ဦးလည်းဖြစ်ပါတယ်။ ခန့်စည်သူက ရုပ်ရှင်နှစ် ၁၀၀ ပြည့်ပွဲကနေစပြီး နောက်ထပ်လုပ်သွားဖို့ရှိတာတွေကို မီဒီယာတွေနဲ့အင်တာဗျူးမှာ ပရိသတ်တွေအတွက်ပြောပြပေးသွားခဲ့ပါတယ်။

ခန့်စည်သူက ရုပ်ရှင်နှစ် ၁၀၀ ပြည့်ကနေစပြီး နှစ်စဉ်ပရိသတ်တွေကိုအလှူပြုသွားမယ့်အကြောင်း “ကျွန်တော်တို့အလွှာကနေပြီး ရှေ့နှစ် ဒီ april ကနေပြီးတစ်နှစ်ကိုတစ်ခါပေါ့။ ကျွန်တော်တို့ ဒီ မြန်မာ့ရုပ်ရှင်ကို ၂၀၁၉ အထိ နှစ်တစ်ရာအထိအားပေးလာခဲ့တဲ့ပရိသတ်တွေကို ကျွန်တော်တို့ကနေပြီး အလှူလေးလုပ်ပေးသွားမယ့် အစီအစဉ်လေးပါ။ ကျွန်တော်တို့က ဆွဲထားတာကတော့ ဒီ ၂၀၂၀ april လောက်မှာစပြီးတော့ကုသိုလ်အနေနဲ့ ကျွန်တော်တို့ဒါ ကျွန်တော်တို့ရဲ့ မိဘပြည်သူတွေကို ကျွန်တော်တို့တတ်နိုင်သလောက် ကျေးဇူးဆပ်မှာပါ”လို့ပြောပြထားပါတယ်။

လအလိုက်အလှူလုပ်သွားမယ့်အစီအစဉ်တွေကိုလည်း ခန့်စည်သူက “မေမှာကျတော့ ရေရှားတဲ့ဒေသတွေကိုရေလှောင်ကန်တွေ အဲဒါမျိုးလေးတွေလုပ်ပေးပြီးတော့လှူဖို့ကျွန်တော်တို့က စီစဉ်ထားပါတယ်။ ဂျွန်မှာတော့ ကလေးဆေးရုံတစ်ခုခုမှာသွားပြီးတော့ လှူဒါန်းမယ်။ ဂျွန်လိုင်မှာတော့ ကင်ဆာဖောင်ဒေးရှင်းပေါ့နော်။ ကင်ဆာဖောင်ဒေးရှင်းတစ်ခုခုမှာသွားပြီးတော့လှူဒါန်းမယ်။ August လမှာတော့ ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့ထောင်တစ်ခုခုပေါ့။ ထောင်သားတွေကို ကျွန်တော်တို့ ထမင်းကျွေးမယ်။ပြီးတော့ သူတို့လိုအပ်တဲ့အသုံးအဆောင်ပစ္စည်းတွေ လှူဖို့ရှိပါတယ်။စက်တင်ဘာမှာကျတော့ စာသင်ကျောင်းဆောင်တွေလှူမယ်။ ပြီးတာနဲ့ မြန်မာ့ရုပ်ရှင်နှစ်တစ်ရာပြည့်အကြိုဖြစ်တဲ့အတွက် ရုပ်ရှင်ဖခင်တစ်ယောက်ယောက်ရဲ့နာမည်ကိုအထူးပြုထားပါတယ်။ ဥပမာအားဖြင့် ရွှေဒုံးဘီအောင်ဆောင်ပေါ့။ သုခဆောင်ပေါ့။ ဥပမာပေါ့။ အဲဒါမျိုးတွေလည်းကျွန်တော်တို့စီစဉ်ထားပါတယ်”လို့ ဖြေကြားထားပါတယ်။

ဒီလိုအလှူတွေလုပ်ဖို့ကို အားတက်သရောပါဝင်ဖြစ်ခဲ့ပုံကို ခန့်စည်သူက “ကျွန်တော်က တစ်တပ်တစ်အားပေါ့။ ကိုယ့်လောကလည်းကိုယ့်လောကဖြစ်နေတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကဦးဆောင်ပြီးလုပ်မှာဖြစ်တဲ့အတွက် ကိုယ့်လောကသားအနေနဲ့ ကိုယ်နိုင်သလောက် ဝိုင်းပြီးတော့ ကူညီပံ့ပိုးတဲ့ ဝန်းရံတဲ့သဘောပါ”လို့ ပြောပြထားတာလည်းတွေ့ရပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.