အိမ်​​ထောင်​သက်​တမ်း (၁၄)နှစ်​တိတိ ပြည့်​သွားပြီဖြစ်​တဲ့ ပိုင်​​ဇေရဲထွန်းနဲ့ ဇင်​သဲနိုင်​တို့ဇနီး​မောင်​နှံ

အိမ်​​ထောင်​သက်​တမ်း (၁၄)နှစ်​တိတိ ပြည့်​သွားပြီဖြစ်​တဲ့ ပိုင်​​ဇေရဲထွန်းနဲ့ ဇင်​သဲနိုင်​တို့ဇနီး​မောင်​နှံ

သရုပ်ဆောင်ပိုင်ဇေရဲထွန်းကတော့ အသက် ၂၈နှစ်အရွယ်မှာ ၁၈နှစ်သာရှိသေးတဲ့ ကောင်မလေးကို လွန်ခဲ့တဲ့ ၁၄ နှစ်က အချစ်တစ်ခုတည်းကိုသာကြည့်ပြီး လက်ထပ်ယူခဲ့တာပါ။ အသက်ငယ်ပေမယ့် ရင့်ကျက်တဲ့ ချစ်ဇနီးလေးကြောင့်လည်း ချစ်စရာသားသားမီးမီးလေးတွေနဲ့အတူ အနုပညာအလုပ်တွေလည်း လုပ်ကိုင်ရင်း ပျော်ရွှင်အေးချမ်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။

သူတို့ဇနီးမောင်နှံနှစ်ဦးကတော့ ဒီနေ့ မေလ ၂၅ ရက်နေ့မှာ အိမ်ထောင်သက်တမ်း ၁၄ နှစ်တိတိပြည့်သွားပြီပဲ ဖြစ်ပါတယ်။ ပိုင်ဇေရဲထွန်းရဲ့ချစ်ဇနီးလေးကတော့ အိမ်ထောင်သက်တမ်း ၁၄ နှစ်ပြည့်လေးမှာ ငယ်​ငယ်​ရွယ်​ရွယ်မှာစတင်ခဲ့တဲ့ သူမတို့ရဲ့အိမ်ထောင်ရေးအကြောင်းကို ဝေမျှပေးခဲ့ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေအတွက် သာယာလွန်းတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံနှစ်ဦးရဲ့အကြောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဇင်​သဲနိုင်​က​တော့ “အိမ်ထောင်သက်(၁၄)နှစ် ကိုကို့အသက်လေးဆယ့်နှစ် ဆယ်စုနှစ်တစ်စုကို နောက်ပြန်ရစ်ကြည့်တော့ကလေးသာသာအရွယ်ကောင်မလေးရဲ့ ယုံကြည်မှု ရွေးချယ်မှုတွေမမှားဘူးကိုကို🥰 ကိုကို့အပေါ်ဂရုစိုက်မှုတွေ အချစ်တွေလျော့သွားတယ်လို့နည်းနည်းတောင်မတွေးလိုက်ပါနဲ့ ထုထည်သိပ်ကြီးမားလာလို့ တည်ငြိမ်နေခြင်းမျိုးပါ💞သဲရဲ့ခြေလှမ်းတိုင်းမှာ ကိုကိုကကျေးဇူးရှင်ဖြစ်သလို ကိုကို့ခြေလှမ်းတိုင်းမှလည်း သဲကပါရမီဖြည့်နေဦးမှာ❤️နှစ်ပေါင်းများစွာမှတ်တိုင်တွေတူတူစိုက်ထူကြဦးစို့ လွန်ခဲ့တဲ့(၁၄)နှစ် ကိုကို ၂၈နှစ် သဲ ၁၈နှစ် ❤️❤️❤️အခုကိုကို ၄၂နှစ် သဲ ၃၂နှစ် နောင်နှစ်ပေါင်းများစွာထိ…. အဆုံးမရှိ💕💕💕”ဆိုပြီး အိမ်​​ထောင်​သက်​တမ်း ၁၄ နှစ်​မှာ ခင်​ပွန်းကို ​အရမ်းချစ်​တဲ့အ​ကြောင်း ​ရေးသားထားတာပါ။

အသက်၁၀နှစ်တိတိကွာပေမယ့် တစ်ဦးအပေါ်တစ်ဦးထားရှိတဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေကြောင့် တွဲလက်တွေခိုင်မြဲနေကြတာပါ။

ချစ်ဇနီးလေးကို တယုတယနဲ့ တန်ဖိုးထားပြီးချစ်တတ်တဲ့ ပိုင်ဇေရဲထွန်းကလည်း အမြဲလိုလို ချစ်ဇနီးလေးကို ဘယ်လောက်ထိမြတ်နိုးကြောင်း တဖွဖွပြောနေတတ်တဲ့ ခင်ပွန်းကောင်းတစ်ဦးပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အခုဆိုရင် အိမ်ထောင်သက်တမ်း ၁၄ နှစ်တိတိပြည့်သွားပြီဖြစ်တဲ့ သရုပ်ဆောင် ပိုင်ဇေရဲထွန်းနဲ့ ဇနီးချောလေး ဇင်သဲနိုင်တို့ နှစ်ဦး ဒီကနေ့မှစပြီးတော့ နောင်နှစ်ပေါင်းများစွာ တစ်ဦးအပေါ်တစ်ဦး ပိုပိုချစ်ပြီး ပျော်ရွှင်စွာ နေထိုင်သွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါဦးနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source;Zin Thae Naing’s Facebook

Comments are closed.