နှစ်တွေကြာလာလို့ ပြုပြင်မယ့်သူမရှိပဲ ပျက်စီးစပြုနေတဲ့မယ်တော်ရုပ်တွေကို သူမတတ်ကျွမ်းနဲ့မိတ်ကပ်ပညာနဲ့ ပြုပြင်ပေးခဲ့တဲ့ ဟန်နာယူရီ

နှစ်တွေကြာလာလို့ ပြုပြင်မယ့်သူမရှိပဲ ပျက်စီးစပြုနေတဲ့မယ်တော်ရုပ်တွေကို သူမတတ်ကျွမ်းနဲ့မိတ်ကပ်ပညာနဲ့ ပြုပြင်ပေးခဲ့တဲ့ ဟန်နာယူရီ

ချစ်ပရိတ်သတ်ကြီးရေ…. ချစ်စရာကောင်းလွန်းလို့ လတ်တလော ပရိတ်သတ်ကြားမှာအရမ်းရေပန်းစားပြီး တစ်ခဲနက်အားပေးခြင်းကိုခံနေရတဲ့မော်ဒယ် သရုပ်ဆောင် မလေး ဟန်နာယူရီကို ပရိတ်သတ်ကြီးတွေလည်းသိမှာပါနော်။ အားလုံးရဲ့အချစ်တော်လေးလည်းဖြစ်သလို အရုပ်မလေးနဲ့ တူတဲ့သူမရဲ့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ ကိုရီးယားမလေးလို အရမ်းကိုလှပတဲ့အသားရေလေးကိုပိုင်ဆိုင်ထားသူလေးဖြစ်တဲ့အတွက် ပရိတ်သတ်တွေအချစ်ပိုနေခဲ့ရတာပါနော်။

လက်ရှိမှာဆိုရင် သူမဟာ မဆုပ်မနစ်ကြိုးစားဖန်တီးမှုတွေကြောင့် အနုပညာနယ်ပယ်လေးထဲမှာလည်း အခြေအတော်လေးကျနေပြီဖြစ်ပြီး နာမည်လေးလည်းရလာကာ စီနီယာအနုပညာသမားတွေရဲ့ နေရာပေးခြင်းကိုလည်းခံနေခဲ့ရပါတယ်နော်။ တခြား Professional တစ်ခုဖြစ်တဲ့ မိတ်ကပ်ပိုင်းမှာလည်း အရမ်းကိုထူးချွန်တဲ့ မိတ်ကပ်ပညာရှင်လေးတစ်ယောက်လည်းဖြစ်တာကြောင့် ပရိတ်သတ်တွေရဲ့ အသိအမှတ်ပြု အားပေးခြင်းကိုခံနေခဲ့ရပါတယ်နော်။

သူမဟာ နှစ်တိုင်းလိုလို သူမတတ်ကျွမ်းတဲ့ ဒီမိတ်ကပ်ပညာနဲ့ နှစ်တွေကြာလာလို့ ပြုပြင်မယ့်သူမရှိပဲ ဖုန်တက်ပြီး ပျက်စီးယိုယွင်းစပြုနေတဲ့ မယ်တော်ရုပ်ထုတွေကို ဆေးခြယ်ပြီးကုသိုလ်ယူလေ့ရှိပါသေးတယ်နော်။ ဘုန်းဘုန်းရဲ့ စေခိုင်းချက်အရဆိုပေမယ့် သူမရဲ့ ဖြူစင်တဲ့ပရဟိတစိတ်လေးနဲ့ စေတနာအရင်းခံပြီး ပြင်ဆင်ခြယ်သမှုကြောင့် အသက်ဝင်လှတဲ့ မယ်တော်ရုပ်ထုအသွင်ပြောင်းခဲ့ပါတယ်နော်။ မယ်တော်ကို ဆေးချယ်ပြီး ကြည်ညိုဖွယ်ကောင်းအောင်ပြင်ဆင်ကုသိုလ်ယူပေးခဲ့လို့ ဒီဘဝမှာ ဒီလောက်လှနေတယ်ဆိုလည်း ငြင်းလို့ရမယ်မထင်ပါဘူးနော်။ကဲ… လွန်ခဲ့တဲ့ နှစ်တွေလောက်ကတည်းက ဆေးခြယ်ကုသိုလ်ယူခဲ့တဲ့သူမရဲ့ပုံရိပ်ဟောင်းလေးတွေကို ချစ်ပရိတ်သတ်တွေအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source : Hanna Yu Ri

Comments are closed.