သိန်း၂သောင်းတန်စိန်ခေါ်ပွဲနဲ့ အချစ်အားပြိုင်ပွဲတို့ကို မလွတ်တမ်းကြည့်ရှုရမယ့် အယူတော်မင်္ဂလာ ရုပ်ရှင်ဇာတ်ကားကြီး

သိန်း၂သောင်းတန်စိန်ခေါ်ပွဲနဲ့ အချစ်အားပြိုင်ပွဲတို့ကို မလွတ်တမ်းကြည့်ရှုရမယ့် အယူတော်မင်္ဂလာ ရုပ်ရှင်ဇာတ်ကားကြီး

ကဲ ရုပ်ရှင်ဇာတ်ကားကောင်းတွေကိုမှ ကြည့်ရှု ချင်ကြတဲ့ ပရိသတ်ကြီးရေ လာမယ့် June လ (၆) ရက်နေ့မှာတော့ အားလုံးက စောင့်မျှော်နေခဲ့ရတဲ့ ” အယူတော် မင်္ဂလာ ” ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသတော့မှာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာတော့ ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ ရန်အောင်၊ မြင့်မြတ်၊ ခင်လှိုင်၊ နန်းဆုဦး၊ ပိုးအိအိခန့် ၊ ထားထက်ထက် စတဲ့ အနုပညာရှင်တွေက မထင်မှတ်ထားလောက်တဲ့ အိုက်တင်တွေနဲ့ အကောင်းဆုံး ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။

မြင်တွေ့နေကျပုံစံမျိုးနဲ့ မတူကွဲပြားတဲ့ ဇာတ်အိမ်ဇာတ်ကွက်တွေကို ရှုစားရမယ့် ဒီဇာတ်ကားကြီးကတော့ အရမ်းကို စိတ်ဝင်စားစရာကောင်းနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ဒီဇာတ်ကားကြီးမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အဖြစ်အပျက်တွေ၊ ရယ်မောပျော်ရွှင်မှုတွေ ၊ စိတ်ဝင်စားစရာကောင်းတဲ့ လျှိုဝှက်ချက်တွေစတဲ့ ရသအစုံအလင်ကို မလွတ်တမ်းကြည့်ရှုရအောင် ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ပြကွက်တိုင်းကို မျက်တောင်မခတ်တိုင်း ကြည့်ရူနေရလောက်အောင်ကို ဒါရိုက်တာ ညိုမင်းလွင်က အထူးခြားဆုံး ဖန်တီးတင်ဆက်ပေးထားတာလည်း ဖြစ်ပါတယ်။

ကံကြမ္မာကို အကောင်းချည်းသက်သက်ဖြစ်ဖို့ အယူတော်မင်္ဂလာအရ အစီအရင်တွေနဲ့ စီမံပြောင်းလဲတတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်သူဌေးကြီး Mr.Yes ရဲ့ ဂုဏ်သိက္ခာတရားလောင်းကြေးထပ်သည့် စိန်ခေါ်ပွဲကြီးမှာ ဝင်နွှဲမယ့်သူ (၇) ဦးတိတိ ရှိနေတာ ဖြစ်ပါတယ်။ ဒီသိန်း၂သောင်းတန် စိန်ခေါ်ပွဲကြီးနဲ့အတူ အချစ်အားပြိုင်ပွဲကြီးကိုရော ဘယ်လိုပုံစံမျိုးနဲ့ မြင်တွေ့ရမလဲဆိုတာကလည်း ရင်ခုန်ချင်စရာကောင်းနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်ပရိသတ်တွေက ”အယူတော်မင်္ဂလာ” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် June (၆) ရက်နေ့မှာ မလွတ်တမ်း သွားရောက်ကြည့်ရှုကြဖို့ တိုက်တွန်းပေးလိုက်ပါရစေနော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source: အယူတော်မင်္ဂလာ ဇာတ်ကားကြီး;

Comments are closed.