
ပရဟိတအလှူလုပ်နေတဲ့ သူ့ကိုလာရောက်ဆဲဆိုတာကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ကျော်ကျော်နန္ဒ
ဆန်းပြားတဲ့ ဖက်ရှင်တွေနဲ့ ပရိသတ်တွေ စိတ်ဝင်စားစေခဲ့တဲ့ အဆိုတော် ကျော်ကျော်နန္ဒက အနုပညာလောကထဲမှာ ကျင်လည်နေတာ (၁၀)စုနှစ် တစ်ခုရှိပြီဖြစ်ပါတယ်။ သူ့ရဲ့ သူများနဲ့မတူတဲ့ ဖက်ရှင်တွေနဲ့ သီချင်းတွေက ပရိသတ်တွေကြားမှာ ပြောစရာဖြစ်နေရလောက်အောင် တော်တော်လေး ရေပန်းစားလှပါတယ်။ ကျော်ကျော်နန္ဒက လက်ရှိမှာလည်း သူအရမ်းချစ်မြတ်နိုးပြီး ဝါသနာပါတဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာကို တွေ့ရပါတယ်။
စိတ်ထားကောင်းပြီး အလှူဒါနလက်နဲ့ မဝေးတဲ့ ကျော်ကျော်နန္ဒက မကြာခင်မှာ ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ပရဟိတ လုပ်ငန်းတွေကို သွားရောက်လုပ်ကိုင်တော့မှာဖြစ်ပြီး အလှူငွေများကို သူကိုယ်တိုင် လိုက်လံကောက်ခံနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် အလှူအတန်းလုပ်နေတဲ့သူ့ကို Chat Box ထိ လာရောက်ဆဲဆိုသူတစ်ဦးကြောင့် ကျော်ကျော်နန္ဒတစ်ယောက် တော်တော်လေး စိတ်မကောင်းဖြစ်နေတာကို တွေ့ရပါတယ်။ ကျော်ကျော်နန္ဒ “အားလုံးကောင်းဖို့  အလှူလုပ်နေချိန် လာဆဲနေတော့ ကျနော် fb မှာ သူတယောက်တည်း ထီးထီး ကြီးပေါ်လွင်နေတယ်။” လို့ သူ့ရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားထားပါတယ်။

အများအကျိုးအတွက် လုပ်ကိုင်နေတဲ့သူကို အခုလိုကြီး လာပြောတာကတော့ ဘယ်ကောင်းပါ့မလဲနော်။ ကျော်ကျော်နန္ဒကို ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကောင်းကျိုးလုပ်နေတဲ့ သူကို အခုလို ပြောတာကြီးကတော့ တော်တော်လေး ဆိုးတာပဲနော်။

ကျော်ကျော်နန္ဒကတော့ သူ့ရဲ့ အလှူကို အခုလို လာစော်ကားတာကြောင့် စိတ်မကောင်းဖြစ်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ ရခိုင်ဒေသက စစ်ဘေးရှောင်ပြည်သူများအတွက် လှူဒါန်းလိုပါက ကျော်ကျော်နန္ဒနဲ့ ဆက်သွယ်လှူဒါန်းနိုင်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင် သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။