လူမှုကွန်ရက်မှာ ဝေဖန်မှုတွေအပေါ် နေခြည်ဦးရဲ့ ခံစားချက်လေး
လူမှုကွန်ရက်မှာ ဝေဖန်မှုတွေအပေါ် နေခြည်ဦးရဲ့ ခံစားချက်လေး
Credit – 7daydaily
Unicode ဖြင့်ဖတ်ရန်
အပေါင်းအသင်း မိတ်ဆွေများထဲတွင် ယောကျ်ားလေး များသောကြောင့် လူမှုကွန်ရက်၌ ပရိသတ်များစွာ၏ ေ၀ဖန်ခံရ သည့်အပေါ် ၎င်း၏စိတ်ခံစား ချက်ကို သရုပ်ဆောင်နေခြည်ဦးက ပြောသည်။ ‘ပြောလည်း ပြောစရာပဲ လေ။ ကိုယ်ကရှိသမျှ ယောကျ်ားလေး အကုန်လုံးနဲ့ ခင်နေတာကိုး။ နေခြည့်မှာက ယောကျာ်းလေး သူငယ်ချင်းများတော့ ပေးစားခံရတယ်။ နေခြည့်သူငယ်ချင်းတွေကို ဘယ်လောက် ခင်တယ် ဆိုတာ သူငယ်ချင်းတွေ အသိဆုံးပါ’’ဟု ၎င်းကပြောသည်။
လက်ရှိတွင် Canal+ က စီစဉ်သည့် ခရီးသွားကောက်ကြောင်း အစီအစဉ်အတွက် မန္တလေးနှင့် စစ်ကိုင်းသို့ ရိုက်ကူးရေး သွားရောက်နေသည် ရုပ်ရှင်ဆန်ဆန် ရိုက်နေတာပါ။ သေချာလေးလည်း လုပ်ထားတယ်။ မန္တလေးနဲ့ စစ်ကိုင်းမှာရှိတဲ့ အထင်ကရ နေရာတွေ၊ လူတွေ သိပ်မသိတဲ့ နေရာတွေ အထူးသဖြင့် မြန်မာနိုင်ငံက လူတွေရော၊ နိုင်ငံခြားသားတွေရော ကိုပရိုမုဒ်လုပ်ချင်တဲ့ ပုံစံမျိုးလေးပါ’’ဟု နေခြည်ဦးကပြောသည်။
အဆိုပါ အစီအစဉ်တွင် ၎င်း၏ ပြင်ပဘ၀ဖြစ်သော  Beauty Blogger ပုံစံဖြင့် ပါ၀င်ရမည် ဖြစ်သည် ဇန်နဝါရီ လဆန်းတွင် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းဦးရိုက်ကူးမည့် ‘ကိုယ်ပွား’ ရုပ်ရှင်ဇာတ်ကားတွင် ဖက်ရှင်ဒီဇိုင်နာ တစ်ဦးအဖြစ် ပါ၀င်သရုပ်ဆောင်ရမည် ဖြစ်သည် အဓိကဇာတ်ညွှန်း၊ ပြီးတော့ ဦးမင်းဦး  ဒါရိုက်တာလုပ် ရိုက်တဲ့ကား ဖြစ်တဲ့အတွက် သူနဲ့လည်း ဆုံချင်တယ်။ ပြီးတော့ အမှတ်တရ ဖြစ်မယ်။ ပြီးတော့ ဇာတ်ညွှန်းလေးကလည်း ကိုကျော်ထက်အောင် နှစ်ကိုယ်ခွဲ၊ ပြီးတော့ဖက်ရှင်နဲ့ပတ်သက်ပြီး ကိုယ်လေ့လာထားတာလေးတွေ ချပြလို့ရတယ်။ အဲဒါကြောင့် လက်ခံဖြစ်တာပါ။ ဒီကားမှာ ကိုယ်ထူးကိုယ်ချွန်တဲ့ ကောင်မလေး’’ဟု ၎င်းကပြောသည်။
နေခြည်ဦးသည် အလှအပရေးရာ အကြံပြုရေးသားသူ၊ Beauty Blogger အပြင် သရုပ်ဆောင် အလုပ်နှင့် ကြော်ငြာရိုက်ကူးရေးများပါ ယခုနောက်ပိုင်း တွဲဖက်လုပ်ကိုင်လာပြီး မကြာမီက ၎င်း၏ထုတ်ကုန်ဖြစ်သည့် Year Planner စာအုပ်ထွက်ရှိထားသည်။  နောက်ပိုင်းတွင် ၎င်း၏ Blogger အလုပ်၊ အနုပညာအလုပ်နှင့် ဆက်လက်ထုတ်လုပ်မည့် ထုတ်ကုန်များအတွက် တစုတစည်းတည်း ဖြစ်စေရန် ဒီဇင်ဘာ ၂၈ က ရုံးခန်းတစ်ခန်း ဝယ်ယူခဲ့သည် ကြိုးစားတယ်၊
သည်းခံတယ်။  အခုကိုယ်ပိုင်ရုံးခန်းကြီး တစ်ခု  ပိုင်ဆိုင်လိုက်ရပြီ။ Beautybynaychi Co.Ltdဖြစ်ခဲ့ပြီပေါ့’’ဟု ၎င်းအသုံးပြုသည့် အကောင့်တွင် ရုံးခန်းဝယ်ယူထားသည့် စာချုပ်ပုံနှင့် တွဲဖက်၍ ရေးသားထားသည်။
Credit – 7daydaily
Comments are closed.