က်န္းမာေရးကို အရမ္းဂရုစိုက္ေနရ တဲ့ ထက္ထက္မိုးဦး

က်န္းမာေရးကို အရမ္းဂရုစိုက္ေနရ တဲ့ ထက္ထက္မိုးဦး

ထက္ထက္မိုးဦးတစ္ေယာက္ကေတာ့ တခ်ိန္တုန္းက ပရိသတ္ေတြရဲ႕ ေၾကျငာဘုရင္မလို႔ တင္စားရေလာက္ေအာင္ ေအာင္ျမင္ေက်ာ္ၾကားခဲ့သူတစ္ဦးပါ။ လက္ရွိမွာေတာ့သူငယ္ခ်င္းေတြနဲ႔အတူ ဘဝကို ေပ်ာ္ရႊင္စြာျဖတ္သန္းေနျပီးေတာ့ တစ္ေယာက္တည္း ရပ္တည္ေနတာကိုလည္း ေတြ႔ရပါတယ္။ ထက္ထက္မုိးဦးကေတာ့ ယခုအခ်ိန္မွာ ေလာဘ၊ ေဒါသ ေတြမရွိဘဲ ေအးေဆးျဖတ္သန္းခ်င္တယ္လို႔ဆုိပါတယ္။

“ဘဝကေတာ့ အဆင္ေျပသလိုျဖစ္ေအာင္ၾကိဳးစားျပီး အေကာင္းဆံုးအားတင္းေနရတာေပါ့။ အသက္လည္း ၾကီးလာျပီဆိုေတာ့ အႏွစ္ (၃၀) ေလာက္တစ္ရက္မွ မနားဘဲ အလုပ္လုပ္ခဲ့ရတာဆိုေတာ့ အခုနားခ်င္တာေပါ့ေနာ္။ ေအးေအးေဆးေဆးပဲ ေလာဘ၊ ေဒါသ ဘာမွမျဖစ္ပဲနဲ႔ ပံုမွန္ေလး ေအးေဆးပဲဘဝကိုျဖတ္သန္းခ်င္တယ္။”

ထက္ထက္မိုးဦးဟာ လက္ရွိမွာလည္း သူငယ္ခ်င္း၊ အသိမိတ္ေဆြေတြရဲ႕ ရွိုးပြဲေတြမွာ ကူညီျပီး ဝင္ေလ်ွာက္ေပးေနတာလည္းျဖစ္ပါတယ္။ ယခုခ်ိန္ထိ ႏုပ်ိဳေနဆဲ ထက္ထက္တစ္ေယာက္ကေတာ့ ငယ္ရြယ္စဥ္တုန္းကလို စိတ္ေရာကိုယ္ပါ ဝိတ္ခ်ဖို႔ မျဖစ္ႏုိင္ေတာ့ဘူးလို႔ဆုိပါတယ္။ သူမဟာ ႏွလံုးခြဲစိတ္ထားတာျဖစ္ျပီးေတာ့ က်န္းမာေရးကိုလည္း အထူးဂရုစိုက္ေနရတာျဖစ္ပါတယ္။

“ထက္ထက္က သူမ်ားနဲ႔လည္းမတူဘူးေလ။ ႏွလံုးလည္းခြဲထားတာဆို ခုလည္း ဒီက်န္းမာေရးကို အရမ္းဂရုစိုက္ေနရတယ္။ လည္ပင္းကအက်ိတ္က လြန္ခဲ့တဲ့ သံုးေလး ႏွစ္က လည္ပင္းမွာတစ္ဖက္ခြဲထားျပီး ေနာက္တစ္ဖက္မွာ ခု အက်ိတ္ ၂ လံုးထပ္ထြက္တယ္။ ျပီးေတာ့ဗိုက္ထဲမွာလည္း အလံုး၊ အက်ိတ္ထပ္ျဖစ္ေနတဲ့အတြက္ ေဆးေတြအရမ္းေသာက္ေနရတာ။ အဲ့ေဆးေတြက အသည္းကို စစ္စစ္ေပးေနရတာ ေဆးမွာကို သူ႔ရဲ႕အညႊန္းမွာပါတယ္ အသည္းကိုထိခိုက္တတ္တယ္ဆုိတဲ့ဥစၥာကို။ အဲေတာ့ အသည္းကိုလည္းစစ္ရင္း၊ ေဆးကိုလည္းေသာက္ရင္းနဲ႔ အရမ္းဂရုစိုက္ေနရတာ။ အရမ္းဝိတ္ေလ်ွာ့လို႔လည္းမျဖစ္ဘူးျဖစ္ေနတာ။ ” လို႔ သူမက်န္းမာေရးေၾကာင့္ ဝိတ္ခ်တဲ့အပိုင္းမွာ အားစိုက္ထုတ္ဖို႔ ဂရုစိုက္ေနရေၾကာင္း ဆန္းေဒးဂ်ာနယ္ရဲ႕အင္တာဗ်ဴးမွာေျဖၾကားခဲ့တာပါ။

ထက္ထက္တစ္ေယာက္အရင္လို က်န္းက်န္းမာမာနဲ႔ပဲ ပရိသတ္ေတြခ်စ္တဲ့ အႏုပညာအလုပ္ေတြကို ဆထက္တပိုးလုပ္ကိုင္ႏုိင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးပါတယ္ေနာ္။We Love Cele

Photos-Htet Htet Moe Oo

[Unicode]

ထက်ထက်မိုးဦးတစ်ယောက်ကတော့ တချိန်တုန်းက ပရိသတ်တွေရဲ့ ကြေငြာဘုရင်မလို့ တင်စားရလောက်အောင် အောင်မြင်ကျော်ကြားခဲ့သူတစ်ဦးပါ။ လက်ရှိမှာတော့သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွှင်စွာဖြတ်သန်းနေပြီးတော့ တစ်ယောက်တည်း ရပ်တည်နေတာကိုလည်း တွေ့ရပါတယ်။ ထက်ထက်မိုးဦးကတော့ ယခုအချိန်မှာ လောဘ၊ ဒေါသ တွေမရှိဘဲ အေးဆေးဖြတ်သန်းချင်တယ်လို့ဆိုပါတယ်။

“ဘဝကတော့ အဆင်ပြေသလိုဖြစ်အောင်ကြိုးစားပြီး အကောင်းဆုံးအားတင်းနေရတာပေါ့။ အသက်လည်း ကြီးလာပြီဆိုတော့ အနှစ် (၃၀) လောက်တစ်ရက်မှ မနားဘဲ အလုပ်လုပ်ခဲ့ရတာဆိုတော့ အခုနားချင်တာပေါ့နော်။ အေးအေးဆေးဆေးပဲ လောဘ၊ ဒေါသ ဘာမှမဖြစ်ပဲနဲ့ ပုံမှန်လေး အေးဆေးပဲဘဝကိုဖြတ်သန်းချင်တယ်။”

ထက်ထက်မိုးဦးဟာ လက်ရှိမှာလည်း သူငယ်ချင်း၊ အသိမိတ်ဆွေတွေရဲ့ ရှိုးပွဲတွေမှာ ကူညီပြီး ဝင်လျှောက်ပေးနေတာလည်းဖြစ်ပါတယ်။ ယခုချိန်ထိ နုပျိုနေဆဲ ထက်ထက်တစ်ယောက်ကတော့ ငယ်ရွယ်စဉ်တုန်းကလို စိတ်ရောကိုယ်ပါ ဝိတ်ချဖို့ မဖြစ်နိုင်တော့ဘူးလို့ဆိုပါတယ်။ သူမဟာ နှလုံးခွဲစိတ်ထားတာဖြစ်ပြီးတော့ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်နေရတာဖြစ်ပါတယ်။

“ထက်ထက်က သူများနဲ့လည်းမတူဘူးလေ။ နှလုံးလည်းခွဲထားတာဆို ခုလည်း ဒီကျန်းမာရေးကို အရမ်းဂရုစိုက်နေရတယ်။ လည်ပင်းကအကျိတ်က လွန်ခဲ့တဲ့ သုံးလေး နှစ်က လည်ပင်းမှာတစ်ဖက်ခွဲထားပြီး နောက်တစ်ဖက်မှာ ခု အကျိတ် ၂ လုံးထပ်ထွက်တယ်။ ပြီးတော့ဗိုက်ထဲမှာလည်း အလုံး၊ အကျိတ်ထပ်ဖြစ်နေတဲ့အတွက် ဆေးတွေအရမ်းသောက်နေရတာ။ အဲ့ဆေးတွေက အသည်းကို စစ်စစ်ပေးနေရတာ ဆေးမှာကို သူ့ရဲ့အညွှန်းမှာပါတယ် အသည်းကိုထိခိုက်တတ်တယ်ဆိုတဲ့ဥစ္စာကို။ အဲတော့ အသည်းကိုလည်းစစ်ရင်း၊ ဆေးကိုလည်းသောက်ရင်းနဲ့ အရမ်းဂရုစိုက်နေရတာ။ အရမ်းဝိတ်လျှော့လို့လည်းမဖြစ်ဘူးဖြစ်နေတာ။ ” လို့ သူမကျန်းမာရေးကြောင့် ဝိတ်ချတဲ့အပိုင်းမှာ အားစိုက်ထုတ်ဖို့ ဂရုစိုက်နေရကြောင်း ဆန်းဒေးဂျာနယ်ရဲ့အင်တာဗျူးမှာဖြေကြားခဲ့တာပါ။

ထက်ထက်တစ်ယောက်အရင်လို ကျန်းကျန်းမာမာနဲ့ပဲ ပရိသတ်တွေချစ်တဲ့ အနုပညာအလုပ်တွေကို ဆထက်တပိုးလုပ်ကိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်နော်။We Love Cele

Photos-Htet Htet Moe Oo

Comments are closed.