နှစ်ဟောင်းမှာ မကောင်းတာတွေ ရှင်းချင်လို့ ညီမဖြစ်သူရဲ့ ကိုယ်ကျင့် သိက္ခာ ညှိုးနွမ်းအောင်လုပ်သူေ တွကို အချက်ကျကျ တုန့်ပြ န်လို က်တဲ့ ရွှေ အိမ်စည်အကို

နှစ်ဟောင်းမှာ မကောင်းတာတွေ ရှင်းချင်လို့ ညီမဖြစ်သူရဲ့ ကိုယ်ကျင့် သိက္ခာ ညှိုးနွမ်းအောင်လုပ်သူေ တွကို အချက်ကျကျ တုန့်ပြ န်လို က်တဲ့ ရွှေ အိမ်စည်အကို

ပြီးခဲ့တဲ့ ဒီ​ဇင်​ဘာလ ၇ ရက်​​နေ့က ပိုလန်​နိုင်​ငံမှာကျင်းပပြုလုပ်​ခဲ့တဲ့ Miss Supranational 2018 ပြိုင်ပွဲကြီးမှာတော့ Miss Golden Land Myanmar အလှမယ် ရွှေအိမ်စည်က မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး အ​ကောင်းဆုံးကြိုးစားယှဉ်ပြိုင်​ခဲ့တာ ​တွေ့ရပါတယ်​။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့မှာတော့ အလှမယ် ရွှေအိမ်စည်နဲ့ပတ်သတ်ပြီး Global Beauties ရဲ့တရားဝင် Website ကနေ ရွှေအိမ်စည်ရဲ့အကြောင်းတွေကို ထုတ်ပြန်ပြောဆိုလိုက်တဲ့အခါမှာတော့ ပရိသတ်တွေကြားမှာ ဂယက်တွေ ထခဲ့တာပါ ။ ရွှေအိမ်စည်ရဲ့အကိုကတော့ Global Beauties ရဲ့ထုတ်ပြန်ချက်တွေနဲ့ စပ်လျဉ်းပြီး နှစ်မကူးခင်လေးမှာပဲ ရွှေအိမ်စည်ရဲ့ကိုယ်ကျင့်သိက္ခာကို ညှိုးနွမ်းအောင်လုပ်သူတစ်ချို့ကို အချက်ကျကျနဲ့ ပြန်လည်တုန့်ပြန်ခဲ့တာ တွေ့ရပါတယ်။

ချစ်ပရိသတ်တွေအတွက် ညီမဖြစ်သူရဲ့ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးလိုက်တဲ့ ရွှေအိမ်စည်ရဲ့အကိုအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

မပြောတော့ဘူးလို့နေတာ နှစ်သစ်မှာ မိသားစုအတွက် မလိုလားအပ်တဲ့ အညစ်အကြေးတွေ ပါမလာအောင် နှစ်မကုန်ခင် အကုန်ရှင်းထုတ်ပြီး ထားရစ်ခဲ့တော့မယ်။ ကျွန်တော့ နှမလေးက အနုပညာရှင် တစ်ယောက်ဖြစ်လို့ သူ့ကို အားပေးတဲ့ ပရိသတ်၊ အားမပေးတဲ့ ပရိသတ် အကောင်း၊ အဆိုး နှစ်မျိုးစလုံး ဝေဖန်ကြမှာပဲ။ ဒီ သဘာဝတရားကို ကျွန်တော် အစထည်းက လက်ခံပြီးသားပါ။ အခုလည်း လွန်ခဲ့တဲ့ ရက်ပိုင်း Global Beauty က ပြိုင်ပွဲ သုံးသပ်ချက်ဆိုပြီးထွက်လာတယ်။ ကျွန်တော်ကတော့ အဲလိုထွက်လာတာ သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ အပြစ်တင်ချင်လွန်းလို့ကို ဆီလိုအပေါက်ရှာပြီး မရမက ပြစ်ချက်တွေ ဖန်တီးကာမှ ဒါလေးပဲ ပြောလို့ ရတယ်ဆိုတော့ ငါ့ညီမလေးဟာ အမှန်တကယ် ပြည်တွင်းက မဟုတ်တန်းတရား post တင်ပြီး အပုပ်ချသလို ဟုတ်မနေတာပါလားလို့ သူ့ကို အားပေးတဲ့ fan တွေအတွက် အားတက်မိတယ်။

သူတို့ ပြောတဲ့ အထဲမှာပါတဲ့ ရွှေအိမ်စည်က မာတယ် ချေတယ်ဆိုတာလည်း အပြစ်တင်လောက်စရာ အထူးအဆန်း မဟုတ်၊ အားလုံးသိပြီးသား။ ချေတတ်လို့လည်း ပရိသတ်က ချစ်ပြီး အားပေးနေတာ။ ဆက်ဆံရေး မပြေလည်ဘူး ဆိုရအောင်လည်း ပြိုင်ပွဲဝင်အများစုက သူ့ကို ရင့်ကျက်တယ်၊ ဖော်ရွေပျူငှာတယ် ဆိုပြီး ဝိုင်းချစ်ခဲ့ကြတာ၊ အရင်နိုင်ခဲ့တဲ့ သရဖူ ပိုင်ရှင်ကတောင် post တွေပါတွေ တင်လို့။ အများစုက ချစ်တယ်ဆိုပေမယ့် မနာလိုတဲ့သူ တစ်ယောက်က ဆေးလိပ်သောက်တယ်လို့ တိုင်ချက်ဖွင့်တာကိုလည်း သုံးသပ်ချက်ထဲ ထည့်ထားလိုက်သေးတယ်။ တကယ်သာ သောက်ရိုးမှန်ရင်လည်း ပွဲကနေ ထုတ်ပစ်ရမှာကို သက်သေအတိအကျလည်း မရှိ ဂုန်းချောသူ တစ်ယောက်ရဲ့ စကားကြောင့် ဘာမှ လုပ်မရလို့ ပွဲဆုံးတဲ့ အထိ ပြိုင်ခွင့်ရခဲ့တာ အားလုံး အသိပါ။ ဒါကြောင့်လည်း အတိုင်ခံရတယ် လို့ပဲ ပြောလို့ရပြီး တိုင်တဲ့ အတိုင်း အပြစ်တကယ်လုပ်လို့ ထုတ်ပစ်ပါတယ်လို့ သူတို့ မပြောနိုင်ခဲ့ကြဘူး။

နောက်တစ်ခုက ပွဲစဉ်အချို့ တက်ဖို့ပျက်တယ်လို့ ဆိုရာမှာလည်း၊ တကယ်တော့ ပွဲစဉ် မပြောနှင့်၊ ခရီးစဉ်ကိုတောင် လွှတ်မလိုလို၊ မလွှတ်မလိုလို လုပ်လို့ ရက်တွေ လွတ်ကုန်တာ၊ ဝတ်စုံပို့မပေးလို့ ဂယက်ထရတာတွေရော အားလုံးသိပြီးသားပါ။ ဒါဆို Global Beauty ရေ။ ခင်ဗျားတို့ စွဲချက်က ဒါအကုန်ဘဲလား။ ဒီ အချက်တွေလောက်နှင့် ရွှေအိမ်စည်ဟာ ခပ်ညံ့ညံ့ ပြိုင်ပွဲဝင် တစ်ယောက် ဖြစ်မသွားသလို၊ သူ့ ပရိသတ်ကလည်း စိတ်ပျက်သွားလိမ့်မှာ မဟုတ်ဘူးနော်။ ဒါအမြင်ကပ် ပုဒ်မနှင့် သက်သက် လိုရာဆွဲပြီး သုံးသပ်သွားတာလေ၊ ဒါကြောင့်လည်း သူတို့ တင်တာ Fake News လို့ လူတွေ သိလာကြတာပေါ့။ အမြင်ကပ် ပုဒ်မနှင့် အပုပ်ချတယ်ဆိုတဲ့နေရာမှာ ရွှေအိမ်စည် ပြန်ရောက်ပြီး နောက်တစ်နေ့မနက် ပြည်တွင်း အဖွဲ့အစည်းက ရေးတင်တဲ့ post က ပိုပြီး ရယ်စရာ ကောင်းသေးတယ်။ အဲဒါတင်ပြီးတဲ့နောက် ရွှေအိမ်စည်နှင့် သူတို့ နှစ်ဖက်ကြားပြဿနာ ဆိုပီး ကျယ်ကျယ် လောင်လောင် ဖြစ်လာရော။ တကယ်တော့ ရွှေအိမ်စည်နှင့် သူတို့ နှစ်ဖက်ပြဿနာ ဆိုတာကို မရှိတာ။ သူတို့ဖက်က လာတဲ့ တစ်ဖက်သတ် ပြဿနာပဲ ရှိနေတာ အခုအထိပဲလေ။ သူတို့ရဲ့ တစ်ဖက်သတ် ပြဿနာကြောင့်လည်း ရွှေအိမ်စည်ရဲ့ အနုပညာ ရပ်တည်မှု ဘာမှ ထိခိုက်သွားတာ မရှိကြောင်း အားလုံး အသိပဲလေ။ ဒါကြောင့်လည်း သူက အရှည် အရှည် မဖြစ်အောင် အချိန်ကုန်ခံပြီး ရှင်းမနေခဲ့တာ။

သူတို့ပြောတဲ့ အထဲမှာ မိသားစုနှင့် ကျွန်တော့်ညီမရဲ့ ကိုယ်ကျင့် သိက္ခာကိုပါ ထိခိုက်လာတာတွေ ပါတော့ ကြားကြားခြင်း အစ်ကိုတစ်ယောက် အနေနှင့် မခံချင် ဖြစ်ခဲ့တာတော့ အမှန်ပဲ။ မဟုတ်တာတွေ ထင်ရောင်ထင်မှား လျှောက်ရေးထားတာကိုး။ ရွှေအိမ်စည်က မိသားစုနှင့်ပဲ ပြဿနာ ဖြစ်နေသလိုလို။ တကယ်တော့ သူတို့ ဖိအားပေးတာကို အမေတို့၊ ကျွန်တော်တို့က ချက်ချင်း တုံ့ပြန်ချင်တယ်။ သိအောင် ပြောချင်တယ်။ သူကတော့ ပွဲပြီးတဲ့ အထိ သိုသို သိပ်သိပ် လုပ်စေချင်တယ်။ ဒီသဘောထား ၂ ခု မတူတာအပြင် ကိုယ့်မိသားစုထဲ ဘာမှ အဆင်မပြေတာ မရှိဘူး။ နောက်ဆုံးတော့ မကောင်းမပြောဘဲ သည်းခံခဲ့တဲ့ ရွှေအိမ်စည်ကို သူတို့ကောင်းပါတယ်လို့ ပြောခိုင်းရာက ပြဿနာ စတာပဲ။ ဒီ့ထက် အောက်တန်းအကျဆုံးကတော့ ပြိုင်ပွဲနှင့်လည်း ဘာမှမဆိုင်တဲ့ ကိုယ်ကျင့် သိက္ခာ ညှိုးနွမ်းအောင် ပုဂ္ဂိုလ်ရေး တိုက်ခိုက်တာတွေပါ ပါလာတယ်။ ဟုတ်လို့ ပြောတာ ဆိုရင်တောင် ဆိုးလှပြီ။ မဟုတ်တာကြီးကို ပြောတာကျတော့ တရားလွန်လွန်းတယ်။ ကျွန်တော့်ညီမက ထောင့်စေ့အောင် အရမ်းလိမ္မာနေပါတယ်လို့ မပြောသလို ဆိုးရွားနေသူ တစ်ယောက်လည်း မဟုတ်ဘူး။ အထူးသဖြင့် သူတို့ ပြောတဲ့ ကိုယ်ကျင့် သိက္ခာပိုင်းတော့ သူမှားနေတာ မရှိဘူးဆိုတာ ပရိသတ်အားလုံးသိတယ်။ သူ့ဟာသူ ရွေးချယ်ပြီး ရည်းစားထားရင်လည်း ပေါ်ထင် ကြေညာပြီးတွဲတယ်။ ရည်းစားရှိရက်နှင့် ဖွက်ထားတာ မရှိသလို တစ်ယောက် တွဲနေရင်း မျက်နှာများတာ၊ သစ္စာမရှိတာ ရွှေအိမ်စည်မှာမရှိဘူး။ တကယ်လည်း ရွှေအိမ်စည် နိုင်ငံခြားက ပြန်ရောက်လို့ အနုပညာတွေ လုပ်ရင်း လူသိလာတဲ့အလျောက် ပေါ်ထင် ချပြထားတာကလွဲလို့ ဘယ်သူနှင့် များပတ်သက်တယ်လို့ သတင်းထွက်ဖူးလဲ။

သူ့ သိက္ခာကို သူ့ ပရိသတ်အသိဆုံး၊ သူနှင့် ခင်တဲ့အထဲ မိတ်ကပ်တွေဘာတွေ လိမ်းပေးပြီး ပေါ်ထင် မိန်းကလေးလို နေတဲ့ ကောင်လေးတွေ ရှိသလို မိန်းမချင်း စိတ်တူ ကိုယ်တူ ဟဲ့ကောင်မရယ် ဘာညာနှင့် ခင်နေပေမယ့် တစ်ဖက်ကအနုပညာ လုပ်နေလို့ ဇွတ်ကျားနေရသူတွေလည်း ပါတာပဲ။ တစ်ခါ အဲလို စိတ်ဖြစ်နေလို့ သူ့ရည်းစား ကောင်မလေးနှင့် ပြတ်ထားတဲ့ ကောင်လေး တစ်ယောက်က သူသဘာဝကို ဖုံးဖိချင်လို့ ရွှေအိမ်စည်ကို ခုတုံးလုပ်တယ်။ ကျွန်တော့်ညီမတိုင်လို့ ရွှေအိမ်စည်ကို မင်းဒီလိုပဲလုပ်သလား ဆိုပြီး ကျွန်တော်တို့ ရွှေအိမ်စည်နှင့် ပတ်သက်သူတွေက ဆုံးမလိုက်တယ်။ ဒီလိုကိစ္စမျိုးကို ပြို်င်ပွဲဝင်ခါနီးမို့ ဆရာသမားတွေ အရာထားပြီး တိုင်ပင် ပြောပြတာကိုတောင် သူတို့က သူတို့လိုချင်တဲ့ version ပြောင်းပြီး ထိုးနှက်သေးတယ်။ ပေါ်ထင် ပြောလို့ မရလို့ ဘာပုံ ရှိတယ်၊ ညာပုံရှိတယ်ဆိုပြီး တစ်ဖက်က သတင်းလွှင့်လိုက်သေးတယ်။ တကယ်ဘာပုံမှ မရှိလို ဘာမှ ထွက်မလာမှန်း သိတာပေါ့၊ ဒါပေမယ့် မသိတဲ့သူတွေက ရှိလိမ့်နိုးနိုး အထင်မှားအောင် လုပ်တာကျတော့ ယုတ်မာတဲ့ ဖက်ရောက်သွားပြီ။ အခုတော့ နှစ်ကုန်ချိန်အထိ လွှင့်ထားတဲ့ လုပ်ကြံဇာတ်တွေ အထောက်အထား မဲ့ ပျောက်ကွယ်သွားခဲ့ပါပြီ။

သူကတော့ တရားဝင် ကြေညာချက် ထုတ်တာလည်းမဟုတ်၊ မီဒီယာကို တရားဝင် ပြောတာလည်း မဟုတ်၊ ဒီတိုင်း Facebook မှာ အတင်းပြောသလို ရေးထားတာ ဆိုတော့ မတုံ့ပြန်ပါဘူးတဲ့။ကျွန်တော်ကတော့ အခု Global Beauty အကြောင်း ပြောရင်း နှစ်ဟောင်းမှာ မကောင်းတာတွေ ရှင်းချင်လို့ ကြုံတုန်း ပြောလိုက်တာ။ အစ်ကို တစ်ယောက် အနေနှင့်ကကျတော့ သူ့ကိုယ်ကျင့် သိက္ခာ ထိပါးလာရင် မဖြစ်မနေ လုပ်ရမယ့် လမ်း နှစ်ခုရှိတယ်။ ပြောတာတွေ ဟုတ်နေရင် ကိုယ့်ညီမကိုယ် ဆုံးမ၊ မဟုတ်ရင် ကိုယ့်ညီမကိုယ် ကာကွယ်။ အဲတော့ အဖေမရှိတဲ့ မိသားစု အမေနှင့် သူ့အပြင် ယောက်ျားသားဆိုလို့ ကိုယ်တစ်ယောက်ပဲရှိတာ။ ကျွန်တော် သားတစ်ယောက်အဖြစ်၊ အစ်ကို တစ်ယောက်အဖြစ် တာဝန်ကျေတယ်။ ၂၀၁၈ အတွက် တာဝန်ကြွေးမရှိအောင် ဒီစာလေးရေးပြီး နှစ်ဟောင်းကို နှုတ်ဆက်လိုက်ပါရစေ” ဆိုပြီး ညီမဖြစ်သူနဲ့ပတ်သတ်ပြီး အသေးစိတ်ဖြေရှင်းထားတာပဲ ဖြစ်ပါတယ်။

ညီမဖြစ်သူကိုထိလို့ ရှေ့ထွက်ပြီး ဖြေရှင်းလိုက်တဲ့ ရွှေအိမ်စည်ရဲ့အကိုရဲ့စိတ်ဓါတ်ကတော့ တကယ့်ကို လေးစားစရာကောင်းပါတယ်။ ချစ်ပရိသတ်တွေရော ရွှေအိမ်စည်ရဲ့အကိုပြောတဲ့အကြောင်းတွေကို ဘယ်လိုထင်မိကြလဲဆိုတာ ပြောသွားခဲ့ပါဦးနော်။

Credit-Momolay

Comments are closed.