ႏွစ္ဦးအလွဴအျဖစ္ ဆရာေတာ္ၾကီး ကို ဝတ္ျဖည့္ကုသုိလ္ယူခဲ့တဲ့ မယ္လိုဒီ ရဲ႕သားေလး သိဒၶိစစ္

ႏွစ္ဦးအလွဴအျဖစ္ ဆရာေတာ္ၾကီး ကို ဝတ္ျဖည့္ကုသုိလ္ယူခဲ့တဲ့ မယ္လိုဒီ ရဲ႕သားေလး သိဒၶိစစ္

သရုပ္ေဆာင္ မယ္လိုဒီတုိ႔မိသားစုေလးကေတာ့ ယေန႔ ႏွစ္သစ္ကူးေန႔ေလးမွာ ႏွစ္ဦးအလွဴအျဖစ္ ဆရာေတာ္ဘုရားၾကီးကို နဝကမၼအလွဴေတာ္ေငြမ်ားဆက္ကပ္လွဴဒါန္းခဲ့ပါတယ္။ အိမ္ေထာင္က်ျပီးေနာက္ပိုင္းမွာ သားေလးသိဒၶိစစ္နဲ႔အတူ မိသားစုတစ္ခုေလးကို ရရွိပိုင္ဆိုင္ထားျပီျဖစ္တဲ့ ေမေမမယ္လိုဒီကေတာ့ အႏုပညာလွုပ္ရွားမွုေတြ နည္းပါးသြားခဲ့တာေတြ႔ရပါတယ္။

အိမ္ေထာင္ရွင္မေကာင္းတစ္ဦး၊ မိခင္ေကာင္းတစ္ဦးအျဖစ္ ပါရမီျဖည့္ဆည္းေပးေနတာျဖစ္တဲ့အေလ်ွာက္ သားေလး သိဒၶိစစ္ကလည္း ထူးခြ်န္ထက္ျမတ္ျပီး လိမၼာတဲ့သားေလးျဖစ္လာခဲ့ပါတယ္။ မၾကာေသးခင္ကမွ ေက်ာင္းမွာ ဆုရရွိခဲ့တဲ့ သားေလး သိဒၶိစစ္အတြက္ ေမေမမယ္လိုဒီတစ္ေယာက္ ဂုဏ္ယူခဲ့ရပါေသးတယ္။

ယေန႔ ၂၀၁၉ ခုႏွစ္ရဲ ႕ႏွစ္အစရက္ျမတ္ေလးမွာေတာ့ မယ္လိုဒီတို႔မိသားစု (၃) ေယာက္ဟာ ႏွစ္ဦးအလွဴအျဖစ္ နဝကမၼအလွဴေတာ္ေငြနဲ႔အတူ ဝတ္ျဖည့္ကုသိုလ္ရယူခဲ့ၾကတာျဖစ္ပါတယ္။ သားေလး သိဒၶိစစ္ဟာ မိခင္ရဲ႕ ဆံုးမသြန္သင္မွုေတြနဲ႔အတူ ဘာသာတရားကိုပါ ကိုင္းရွိုင္းရိုေသတဲ့ သားေလးတစ္ဦးျဖစ္လာျပီးေတာ့ မိဘေတြနဲ႔အတူ ဆရာေတာ္ဘုရားၾကီးကို ဝတ္ျဖည့္ကုသိုလ္ယူေနခဲ့တာ ေတြ႔ရပါတယ္။

ေမေမမယ္လိုဒီကေတာ့ “ႏွစ္ဦးအလွဴ🙏🏻 ေဖေဖနဲ႔ သားသားက ဆရာေတာ္ႀကီးကို ဝတ္ျဖည့္ကုသိုလ္ယူပါတယ္🙏🏻 အိမ္မွာသာလက္လက္စင္အာင္ ကစားတာ,ဘုန္းဘုန္းႀကီးေ တြ နဲ႔ဆိုရင္ေတာ့ လိမၼာလို႔😍 ၇ရက္သားသမီးအားလုးံ သက္ရွည္ က်န္းမာ စိတ္ခ်မ္းသာ လိုရာဆႏၵ ျပည့္စုံၾကပါေစရွင္” လို႔ႏွစ္သစ္ဆုမြန္ေကာင္းေတာင္းေပး ထားပါေသး တယ္။

အင္မတန္ သာဓုေခၚစရာေကာင္းလွတဲ့ သားသားေလး သိဒၶိစစ္ရဲ႕ ကုသိုလ္ယူေနတဲ့ပံုရိပ္ေလးေတြကို ပရိသတ္ၾကီးအတြက္ ေဖာ္ျပေပးလုိက္ပါတယ္ေနာ္။We love Cele

Photos-Melody Myo

[Unicode]

သရုပ်ဆောင် မယ်လိုဒီတို့မိသားစုလေးကတော့ ယနေ့ နှစ်သစ်ကူးနေ့လေးမှာ နှစ်ဦးအလှူအဖြစ် ဆရာတော်ဘုရားကြီးကို နဝကမ္မအလှူတော်ငွေများဆက်ကပ်လှူဒါန်းခဲ့ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ သားလေးသိဒ္ဓိစစ်နဲ့အတူ မိသားစုတစ်ခုလေးကို ရရှိပိုင်ဆိုင်ထားပြီဖြစ်တဲ့ မေမေမယ်လိုဒီကတော့ အနုပညာလှုပ်ရှားမှုတွေ နည်းပါးသွားခဲ့တာတွေ့ရပါတယ်။

အိမ်ထောင်ရှင်မကောင်းတစ်ဦး၊ မိခင်ကောင်းတစ်ဦးအဖြစ် ပါရမီဖြည့်ဆည်းပေးနေတာဖြစ်တဲ့အလျှောက် သားလေး သိဒ္ဓိစစ်ကလည်း ထူးချွန်ထက်မြတ်ပြီး လိမ္မာတဲ့သားလေးဖြစ်လာခဲ့ပါတယ်။ မကြာသေးခင်ကမှ ကျောင်းမှာ ဆုရရှိခဲ့တဲ့ သားလေး သိဒ္ဓိစစ်အတွက် မေမေမယ်လိုဒီတစ်ယောက် ဂုဏ်ယူခဲ့ရပါသေးတယ်။

ယနေ့ ၂၀၁၉ ခုနှစ်ရဲ ့နှစ်အစရက်မြတ်လေးမှာတော့ မယ်လိုဒီတို့မိသားစု (၃) ယောက်ဟာ နှစ်ဦးအလှူအဖြစ် နဝကမ္မအလှူတော်ငွေနဲ့အတူ ဝတ်ဖြည့်ကုသိုလ်ရယူခဲ့ကြတာဖြစ်ပါတယ်။ သားလေး သိဒ္ဓိစစ်ဟာ မိခင်ရဲ့ ဆုံးမသွန်သင်မှုတွေနဲ့အတူ ဘာသာတရားကိုပါ ကိုင်းရှိုင်းရိုသေတဲ့ သားလေးတစ်ဦးဖြစ်လာပြီးတော့ မိဘတွေနဲ့အတူ ဆရာတော်ဘုရားကြီးကို ဝတ်ဖြည့်ကုသိုလ်ယူနေခဲ့တာ တွေ့ရပါတယ်။

မေမေမယ်လိုဒီကတော့ “နှစ်ဦးအလှူ🙏🏻 ဖေဖေနဲ့ သားသားက ဆရာတော်ကြီးကို ဝတ်ဖြည့်ကုသိုလ်ယူပါတယ်🙏🏻 အိမ်မှာသာ လက်လက်စင်အာင် ကစားတာ, ဘုန်းဘုန်းကြီးတွေနဲ့ဆိုရင်တော့ လိမ္မာလို့😍 ၇ရက်သားသမီးအားလုးံ သက်ရှည် ကျန်းမာ စိတ်ချမ်းသာ လိုရာဆန္ဒ ပြည့်စုံကြပါစေရှင်” လို့နှစ်သစ်ဆုမွန်ကောင်းတောင်းပေးထားပါသေးတယ်။

အင်မတန် သာဓုခေါ်စရာကောင်းလှတဲ့ သားသားလေး သိဒ္ဓိစစ်ရဲ့ ကုသိုလ်ယူနေတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။We love Cele

Photos-Melody Myo

Comments are closed.