ရဲဘော်တွေအတွက် ထောက်ပို့သွားရင်း နှင်းများအေး ခဲနေတဲ့ သဘာဝအလှတရားတွေကြားမှာ ပို့စ်ပေးဓာတ် ဖမ်းထားတဲ့ မိုင်းမိုင်ဆိုင်း
Myanmar Idol အဆိုရှင် မိုင်းမိုင်ဆိုင်းက တော့ ယခုတလောမှာ ပရိသတ်တွေရဲ့ လေးစားချစ်ခင်မှုတွေကို ရရှိထားခဲ့ပြီဖြစ်ပါတယ်။ ပြည်သူ တွေ ရဲ့ ရည်မှန်းချက်တွေ ပြည့်ဝဖို့ သူ့မရဲ့ တန်ဖိုးရှိတဲ့အရာအားလုံးကို စွန့်လွှတ်ထားခဲ့ပြီး ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေ တစ်နေ ရာမှာ ပြည်သူ့ရဲဘော်တစ်ဦးအနေနဲ့ ခံယူထားခဲ့ပြီဖြစ်ပါတယ်။ ဒီလိုကိုယ်ကျိုးကိုစွန့်လွှတ်ပြီး တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်ခဲ့တာကြောင့် ပရိသတ်တွေကလည်း လေးစားချစ်ခင်ခဲ့ရပါတယ်။
လတ်တလောမှာတော့ မိုင်းမိုင်ဆိုင်းဟာ အလှူရှင်များက လှူဒါန်းပေးလာခဲ့တာတွေကို ရဲဘော်တွေအတွက် ထောက်ပို့ပေးနေတဲ့ တာဝန်ကို ယူထားပြီး တတ်နိုင်တဲ့ဘက်ကနေ တက်ကြွစွာ လုပ်ကိုင်ပေးနေတာ ဖြစ်ပါတယ်။ မကြာခဏဆိုရင်လည်း သူမသွားလာလှုပ်ရှားနေရတဲ့ ခက်ခဲ ကြမ်းတမ်းတဲ့ အခြေအနေတွေကိုလည်း လူမှုကွန်ယက်ပေါ်မှာ ချစ်တဲ့သူတွေအတွက် ပြန်လည် ဖော်ပြပေးလေ့ရှိပါတယ်။
ယခုမှာလည်း မိုင်းမိုင်ဆိုင်းက ရဲဘော်တွေအတွက် အနွေးထည်များသွားရောက် လှူဒါန်းရန် ထောက်ပို့သွားရင်း လမ်းမှာ ဆောင်းရာသီရဲ့ အအေး ဓာတ်လွန်ကဲမှုကြောင့် ဖြစ်ပေါ်လာတဲ့ သဘာဝအလှတွေနဲ့ ပို့စ်ပေးဓာတ်ဖမ်းထားတဲ့ ပုံရိပ်တချို့ ကို ဖော်ပြလာခဲ့ပါတယ်။
ဒါ့အပြင် နှင်းများ အေးခဲသွားတဲ့ထိ အသည်းခိုက်အောင် အေးနေတာကြောင့် ရဲဘော်တွေအတွက်လည်း ကိုယ်ချင်းစာမိတယ်လို့ ဖွင့်ဟထားပါတယ်။ တတ်နိုင်တဲ့ဘက်ကနေ တိုင်းပြည်အတွက် လုပ်ဆောင်ပေးရင်း နှင်းများအေးခဲနေတဲ့ အလှတရားတွေကြားမှာ ပို့ပေးဓာတ်ဖမ်းပြီး ချစ်စရာကောင်းတဲ့ မိုင်းမိုင်ဆိုင်းကို အားပေးစကားလေးတွေ ပြောပေးခဲ့ပါဦးနော်…။
Advertisement
သတင်းအရင်းအမြစ်៖ Source – မိုင်းမိုင်ဆိုင်း
[zawgyi]
Advertisement
Advertisement
Be the first to comment
Leave a Reply
Your email address will not be published.
*