မန္ယူက လူကာကူေနရာကို အစား ထိုးဖို႔ ေခၚသင့္တဲ့ ဗဟိုတိုက္စစ္မွဴး (၅)ဦး

မန္ယူက လူကာကူေနရာကို အစား ထိုးဖို႔ ေခၚသင့္တဲ့ ဗဟိုတိုက္စစ္မွဴး (၅)ဦး

နည္းျပၾကီး ဆိုးလ္ရွားေအာက္မွာ ရစ္သမ္မွန္ေနတဲ့ သရဲနီဘက္ေတာ္သားေတြ ဂိုးျမဴးေနပါတယ္။ ဒါေတာင္ ဗဟုိတုိက္စစ္မွဴး မပါ၀င္ဘဲနဲ႔ ကစားခဲ့တဲ့ ပြဲေတြခ်ည္းပါပဲ။ ဒါေပမဲ့ ေရရွည္မွာ ဗဟိုတိုက္စစ္မွဴးအေနနဲ႔ လူကာကူကို ထည္႔ကစားဖို႔ အဆင္မေျပေတာ့ရင္ေတာ့ာ မန္ယူတိုက္စစ္ အခက္အခဲရွိႏိုင္ပါတယ္။ ဒါေၾကာင့္ မန္ယူနဲ႔ အသင့္ေတာ္ဆံုး ဗဟိုတိုက္စစ္မွဴး (၅)ေယာက္ကို တင္ဆက္ေပးရင္း ဘယ္သူက အဆင္အေျပဆံုးျဖစ္မလဲ သံုးသပ္ၾကည္႔ရေအာင္။

(၅)ရစ္ခ်ာလီဆန္(အဲဗာတန္)

ေကာင္ေလးက (၂၁)ႏွစ္ပဲ ရွိေသးျပီး ပရီးမီးယားလိဂ္ (၁၆)ပြဲမွာ (၈)ဂိုးသြင္းထားပါတယ္။ ဒါဟာမႏွစ္က (၅)ဂိုးပဲ သြင္းခဲ့တဲ့ အေနအထားကေန လံုး၀တိုးတက္လာတာပဲျဖစ္ပါတယ္။ ဘရားဇီးကစားသမားေတြထဲက ရွားရွားပါးပါး အေထာင္တိုက္စစ္ေကာင္းတစ္ေယာက္လည္း ျဖစ္ပါတယ္။ ေျပာင္းေရႊ႕ေၾကးအေနနဲ႔ကေတာ့ ေပါင္သန္း (၅၀)ေလာက္ အဲဗာတန္ကို ေပးရဖို႔ရွိပါတယ္။ သူေရာက္လာရင္ ဖရက္နဲ႔ ပါရဲရားတို႔ ျပန္အလုပ္ျဖစ္ႏုိင္ပါတယ္။

(၄)လူကာ ဂ်ိဳဗစ္(ဖရန္႔ဘတ္)


ဆာဘီးယားသားေလး ဂ်ိဳဗစ္က ဖရန္႔ဘတ္အတြက္ တစ္ပြဲတည္း(၅)ဂိုးသြင္းယူျပီး ဘြန္ဒစ္လီဂါရဲ႕ အသက္အငယ္ဆံုး စံခ်ိန္ရွင္ျဖစ္လာပါတယ္။ စုစုေပါင္း (၁၂)ဂိုး သြင္းယူထားျပီး (၈၄)မိနစ္ကို တစ္ၾကိမ္ ဂိုးသြင္းထားတာပါ။ သူကဖင္ဘီကာကေန အငွားနဲ႔လာတာျဖစ္လို႔ လက္ဦးထားမွာ စိတ္ခ်ရပါမယ္။ တစ္ခ်က္ထိ အျမန္ကစားတတ္တဲ့ သူ႔ပံုစံနဲ႔ မန္ယူက အကိုက္ပါပဲ။

(၃)တီမို ၀ါနာ(လစ္ဇစ္)

သူ႔ရဲ႕စြမ္းေဆာင္ရည္က လစ္ဇစ္မွာ ကစားျပီး ဘြန္ဒစ္လီဂါ အေကာင္းဆံုး အသင္းရဲ႕ တိုက္စစ္ကစားသမားအျဖစ္ နာမည္ၾကီးေတြကို ေက်ာ္ျပီး ရထားပါတယ္။ ဒီရာသီ မွာေတာ့ (၁၁)ဂိုးထိ ပါ၀င္သြင္းထားျပီး စြမ္းေဆာင္ရည္ေကာင္းျပထားတာပါ။ အားသာခ်က္က ေကာင္တာကို ကၽြမ္းကၽြင္လြန္းျပီး မန္ယူကို အေထာက္အကူျပဳလာႏိုင္ပါတယ္။ မန္ယူကို လာခ်င္တယ္လို႔လည္း ၀န္ခံထားပါတယ္။

(၂)ေမာ္ရို အိုင္ကာဒီ(အင္တာ)

သူကေတာ့ ေခၚႏုိင္ခဲ့ရင္ မန္ယူရဲ႕ ရြန္းနီလက္သစ္ပါပဲ။ (၂၂)ႏွစ္တည္းနဲ႔ အသင္းေခါင္းေဆာင္ျဖစ္ေနတဲ့အျပင္ (၁၄)ပြဲကစားျပီး (၉)ဂိုးသြင္းထားတာက ေကာင္းလြန္းပါတယ္။ စုစုေပါင္း ဂိုး(၁၂၀)ကို အင္တာအတြက္ သြင္းထားေပးပါျပီ။ လံုး၀ကို လန္းလြန္းတဲ့ စြမ္းေဆာင္ေတြ ျဖစ္ျပီး ေခၚျဖစ္ခဲ့ရင္ေတာ့ ပြဲသိမ္းပါပဲ။ ဘယ္ေျခညာေျခ အကုန္ရတဲ့ ကစားသမားပါ။

(၁)ကာဇီစေတာ့ပီရာတက္(ဂ်ီႏိုအာ)

ပိုလန္သားေလး ပီရာတက္ ဂ်ီႏိုအာမွာ ကစားျပီး (၁၇)မွာ (၁၃)ဂိုးသြင္းထားတာက သူ႔ရဲ႕စြမ္းေဆာင္ရည္ေကာင္းကို ျပေစပါတယ္။ ဘယ္သူမွ သတိမထားမိတဲ့အေနအထားကေန ခ်က္ခ်င္းနာမည္ၾကီးလာတာက အေ၀းကေန လွမ္းကန္ျပီး ဂိုးရထားတဲ့ ေျခစြမ္းေၾကာင့္ပါ။ သူ႔ကို ေခၚလိုက္ရင္ ေပါ့ဘာအတြက္ လုပ္ကြက္ပိုထြက္လာႏိုင္ပါတယ္။ ဒါ့အျပင္ (၇)ပြဲဆက္တိုက္ ဂိုးသြင္းထားတဲ့ စြမ္းေဆာင္ရည္ကလည္း ေလွ်ာ႔တြက္လို႔ မရပါဘူး။

Unicode

နည်းပြကြီး ဆိုးလ်ရှားအောက်မှာ ရစ်သမ်မှန်နေတဲ့ သရဲနီဘက်တော်သားတွေ ဂိုးမြူးနေပါတယ်။ ဒါတောင် ဗဟိုတိုက်စစ်မှူး မပါဝင်ဘဲနဲ့ ကစားခဲ့တဲ့ ပွဲတွေချည်းပါပဲ။ ဒါပေမဲ့ ရေရှည်မှာ ဗဟိုတိုက်စစ်မှူးအနေနဲ့ လူကာကူကို ထည့်ကစားဖို့ အဆင်မပြေတော့ရင်တော့ာ မန်ယူတိုက်စစ် အခက်အခဲရှိနိုင်ပါတယ်။ ဒါကြောင့် မန်ယူနဲ့ အသင့်တော်ဆုံး ဗဟိုတိုက်စစ်မှူး (၅)ယောက်ကို တင်ဆက်ပေးရင်း ဘယ်သူက အဆင်အပြေဆုံးဖြစ်မလဲ သုံးသပ်ကြည့်ရအောင်။

(၅)ရစ်ချာလီဆန်(အဲဗာတန်)

ကောင်လေးက (၂၁)နှစ်ပဲ ရှိသေးပြီး ပရီးမီးယားလိဂ် (၁၆)ပွဲမှာ (၈)ဂိုးသွင်းထားပါတယ်။ ဒါဟာမနှစ်က (၅)ဂိုးပဲ သွင်းခဲ့တဲ့ အနေအထားကနေ လုံးဝတိုးတက်လာတာပဲဖြစ်ပါတယ်။ ဘရားဇီးကစားသမားတွေထဲက ရှားရှားပါးပါး အထောင်တိုက်စစ်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ ပြောင်းရွှေ့ကြေးအနေနဲ့ကတော့ ပေါင်သန်း (၅၀)လောက် အဲဗာတန်ကို ပေးရဖို့ရှိပါတယ်။ သူရောက်လာရင် ဖရက်နဲ့ ပါရဲရားတို့ ပြန်အလုပ်ဖြစ်နိုင်ပါတယ်။

(၄)လူကာ ဂျိုဗစ်(ဖရန့်ဘတ်)

ဆာဘီးယားသားလေး ဂျိုဗစ်က ဖရန့်ဘတ်အတွက် တစ်ပွဲတည်း(၅)ဂိုးသွင်းယူပြီး ဘွန်ဒစ်လီဂါရဲ့ အသက်အငယ်ဆုံး စံချိန်ရှင်ဖြစ်လာပါတယ်။ စုစုပေါင်း (၁၂)ဂိုး သွင်းယူထားပြီး (၈၄)မိနစ်ကို တစ်ကြိမ် ဂိုးသွင်းထားတာပါ။ သူကဖင်ဘီကာကနေ အငှားနဲ့လာတာဖြစ်လို့ လက်ဦးထားမှာ စိတ်ချရပါမယ်။ တစ်ချက်ထိ အမြန်ကစားတတ်တဲ့ သူ့ပုံစံနဲ့ မန်ယူက အကိုက်ပါပဲ။

(၃)တီမို ဝါနာ(လစ်ဇစ်)

သူ့ရဲ့စွမ်းဆောင်ရည်က လစ်ဇစ်မှာ ကစားပြီး ဘွန်ဒစ်လီဂါ အကောင်းဆုံး အသင်းရဲ့ တိုက်စစ်ကစားသမားအဖြစ် နာမည်ကြီးတွေကို ကျော်ပြီး ရထားပါတယ်။ ဒီရာသီ မှာတော့ (၁၁)ဂိုးထိ ပါဝင်သွင်းထားပြီး စွမ်းဆောင်ရည်ကောင်းပြထားတာပါ။ အားသာချက်က ကောင်တာကို ကျွမ်းကျွင်လွန်းပြီး မန်ယူကို အထောက်အကူပြုလာနိုင်ပါတယ်။ မန်ယူကို လာချင်တယ်လို့လည်း ဝန်ခံထားပါတယ်။

(၂)မော်ရို အိုင်ကာဒီ(အင်တာ)

သူကတော့ ခေါ်နိုင်ခဲ့ရင် မန်ယူရဲ့ ရွန်းနီလက်သစ်ပါပဲ။ (၂၂)နှစ်တည်းနဲ့ အသင်းခေါင်းဆောင်ဖြစ်နေတဲ့အပြင် (၁၄)ပွဲကစားပြီး (၉)ဂိုးသွင်းထားတာက ကောင်းလွန်းပါတယ်။ စုစုပေါင်း ဂိုး(၁၂၀)ကို အင်တာအတွက် သွင်းထားပေးပါပြီ။ လုံးဝကို လန်းလွန်းတဲ့ စွမ်းဆောင်တွေ ဖြစ်ပြီး ခေါ်ဖြစ်ခဲ့ရင်တော့ ပွဲသိမ်းပါပဲ။ ဘယ်ခြေညာခြေ အကုန်ရတဲ့ ကစားသမားပါ။

(၁)ကာဇီစတော့ပီရာတက်(ဂျီနိုအာ)

ပိုလန်သားလေး ပီရာတက် ဂျီနိုအာမှာ ကစားပြီး (၁၇)မှာ (၁၃)ဂိုးသွင်းထားတာက သူ့ရဲ့စွမ်းဆောင်ရည်ကောင်းကို ပြစေပါတယ်။ ဘယ်သူမှ သတိမထားမိတဲ့အနေအထားကနေ ချက်ချင်းနာမည်ကြီးလာတာက အဝေးကနေ လှမ်းကန်ပြီး ဂိုးရထားတဲ့ ခြေစွမ်းကြောင့်ပါ။ သူ့ကို ခေါ်လိုက်ရင် ပေါ့ဘာအတွက် လုပ်ကွက်ပိုထွက်လာနိုင်ပါတယ်။ ဒါ့အပြင် (၇)ပွဲဆက်တိုက် ဂိုးသွင်းထားတဲ့ စွမ်းဆောင်ရည်ကလည်း လျှော့တွက်လို့ မရပါဘူး။

Comments are closed.