၁-၁-၂၀၁၉ အတြက္ ညေနခင္း ဦးဦးဖ်ားဖ်ားအားကစားသတင္းမ်ား

၁-၁-၂၀၁၉ အတြက္ ညေနခင္း ဦးဦးဖ်ားဖ်ားအားကစားသတင္းမ်ား

ေရာ္နယ္ဒုိ ။     ။ ဂ်ဴဗင္တပ္စ္အသင္းတုိက္စစ္မွဴး ေရာ္နယ္ဒုိ က သူ႕အေနနဲ႔ တစ္ဦးခ်င္းဆုတံဆိပ္ေတြ ရရွိဖုိ႔ထက္ အသင္းေဖာ္ေတြနဲ႔အတူ ေအာင္ျမင္မႈေတြ ဆြတ္ခူးဖုိ႔ကုိသာ ပုိၿပီး လုိခ်င္လာခဲ့တယ္လုိ႔ ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။ (၂၀၁၈) ခုႏွစ္အတြင္း အေကာင္းဆုံးဆုဖလားေတြကုိ လက္လႊတ္ခဲ့ရတဲ့ ေရာ္နယ္ဒုိဟာ ဘလြန္းဒီေအာဆု၊ ကမာၻ႕အေကာင္းဆုံးဆု စတာေတြမွာ မုိဒရစ္ကုိ မယွဥ္ႏုိင္ပဲ ျဖစ္ခဲ့ရတာပါ။ ေရာ္နယ္ဒုိက သူ႕အေနနဲ႔ ဒီဆုေတြ မရဘူးဆုိရင္လည္း မစုိးရိမ္မိေၾကာင္းနဲ႔ သူ႕အေနနဲ႔ အသင္းေအာင္ျမင္မႈကုိသာ ပုိမုိအာရုံစုိက္ထားေၾကာင္း၊ အသင္းေဖာ္ေတြကုိ အကူအညီေပးႏုိင္ဖုိ႔ကသာ အေရးႀကီးေၾကာင္း Record နဲ႔ အင္တာဗ်ဴးမွာ ေျဖဆုိသြားခဲ့ပါတယ္။

ဆန္းခ်က္ဇ္ ။    ။ မန္ယူအသင္းနည္းျပ ဆုိးလ္ရွားက အသင္းတုိက္စစ္မွဴး ဆန္းခ်က္ဇ္ဟာ ဗုဒၶဟူးေန႔မွာ ကစားမယ့္ နယူးကာဆယ္အသင္းနဲ႔ ပြဲစဥ္အတြက္ အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆုိသြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ႏုိ၀င္ဘာလကတည္းက တံေကာက္ေၾကာဒဏ္ရာရရွိေနတဲ့ ဆန္းခ်က္ဇ္ဟာ လက္ရွိအခ်ိန္မွာေတာ့ ဒဏ္ရာကေန ျပန္လည္သက္သာလာခဲ့ၿပီး အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ ျပန္လည္ပါ၀င္ေနႏုိင္ၿပီျဖစ္ပါတယ္။ ဆုိးလ္ရွားက ဆန္းခ်က္ဇ္ဟာ မန္ယူအသင္းရဲ႕ အျခားတုိက္စစ္ကစားသမားေတြလုိမ်ိဳး သူ႕ရဲ႕ပုံစံေကာင္းကုိ ျပသႏုိင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္းကုိလည္း ထုတ္ေဖာ္ေျပာဆိုထားခဲ့ပါတယ္။

မန္ယူ ။          ။ မန္ယူအသင္းဟာ ရာသီကုန္ရင္ ခန္႔အပ္သြားမယ့္ အၿမဲတမ္းနည္းျပ ရာထူးအတြက္ ၾသစႀတီးယားကလပ္အသင္း ဆဲလ္ဘတ္နည္းျပ မာကုိရုိ႕စ္ကုိ အံ့အားသင့္ဖြယ္ ပစ္မွတ္ထားေနတယ္လုိ႔ ၿဗိတိန္သတင္းစာေတြက ေဖာ္ျပေနၾကပါတယ္။ စပါးအသင္းနည္းျပ ပိုခ်က္တီႏုိက မန္ယူနည္းျပရာထူးအတြက္ ျငင္းဆန္လုိက္ၿပီးတဲ့ေနာက္မွာ မန္ယူအသင္းရဲ႕ ပစ္မွတ္က မာကုိရုိ႕စ္ ျဖစ္လာခဲ့ၿပီး ဇီဒန္း ၊ ေလာရင့္ဘလန္႔နဲ႔ ယာယီနည္းျပ ဆုိးလ္ရွားတုိ႔ကလည္း အသင္္းရဲ႕ အၿမဲတမ္းနည္းျပအျဖစ္ ခန္႔အပ္ခံရဖုိ႔ အလားအလာေတြ ရွိေနခဲ့ပါတယ္။

ေဒးဗစ္လူး၀စၥ ။  ။ ခ်ယ္လ္ဆီးအသင္းကြင္းလယ္လူ ၀ီလီယံက အသင္းနဲ႔ စာခ်ဳပ္သက္တမ္း(၆)လသာ က်န္ရွိေတာ့တဲ့ ေနာက္ခံလူ ေဒးဗစ္လူး၀စၥကုိ အသင္းမွာ ဆက္လက္ရွိေစခ်င္တယ္လုိ႔ ထုတ္ေဖာ္ေျပာဆုိလုိက္ပါတယ္။ ဒီရာသီကုန္ဆုံးရင္ အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ လူး၀စၥဟာ ခ်ယ္လ္ဆီးအသင္းနဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနဆဲျဖစ္ၿပီး နည္းျပဆာရီကလည္း သူ႕ကုိအသင္းမွာ ဆက္ရွိေနဖုိ႔ ေမွ်ာ္လင့္ေနတာပါ။ အသက္ (၃၁)ႏွစ္အရြယ္ရွိတဲ့ ေနာက္ခံလူကုိ ခ်ယ္လ္ဆီးက တစ္ႏွစ္သက္တမ္းတုိးဖုိ႔ အလုိရွိေနၿပီး လူး၀စၥက အနည္းဆုံး(၂)ႏွစ္ကေန စၿပီး သက္တမ္းတုိးစာခ်ဳပ္ ခ်ဳပ္ဆုိခ်င္ေနတာျဖစ္ပါတယ္။

ဘူဖြန္ ။          ။ PSG အသင္းအတြက္ ကစားေပးေနတဲ့ ၀ါရင့္ဂုိးသမားႀကီး ဘူဖြန္က PSG တုိက္စစ္မွဴးေတြျဖစ္ၾကတဲ့ ေနမာနဲ႔ ဘက္ပီ တုိ႔ဟာ ဂ်ဴဗင္တပ္စ္တုိက္စစ္မွဴး ေရာ္နယ္ဒုိနဲ႔ အရည္အေသြးအတူတူပဲျဖစ္တယ္လုိ႔ မွတ္ခ်က္ေပးလုိက္ပါတယ္။ ဘူဖြန္က သူ႕အေနနဲ႔ ကမာၻ႔အေကာင္းဆုံး ကစားသမားေတြနဲ႔ အတူတြဲကစားခဲ့ဖူးၿပီး ေနမာနဲ႔ ဘက္ပီ တုိ႔ဟာ အဲဒီထဲက ကစားသမားေတြဆုိတာ သံသယရွိဖုိ႔မလုိဘူးလုိ႔ သုံးသပ္လုိက္တာပါ။ ဘူဖြန္ရဲ႕ မွတ္ခ်က္စကားက ဆုိရွယ္မီဒီယာေတြထက္မွာေတာ့ အျငင္းပြားစရာျဖစ္သြားခဲ့ၿပီး ေရာ္နယ္ဒုိရဲ႕ ပရိသတ္ေတြက ဘက္ပီဟာ အေတြ႕အႀကဳံပုိင္းမွာ ေရာ္နယ္ဒုိကုိ မယွဥ္ႏုိင္ေသးသလုိ၊ ေနမာဟာလည္း အရည္အခ်င္းပုိင္းမွာ ေရာ္နယ္ဒုိနဲ႔ ကြာျခားေနေသးတယ္လုိ႔ ျပန္လည္တုန္႔ျပန္သြားခဲ့ပါတယ္။

လင္ဂတ္ ။       ။ မန္ယူအသင္းကြင္းလယ္ကစားသမား လင္ဂတ္က အသင္းေဖာ္ကစားသမား ေပါ့ဂ္ဘာ ဟာ ေမာ္ရင္ဟုိရဲ႕ လက္ေအာက္မွာႀကဳံေတြ႕ခဲ့ရတဲ့ ယုံၾကည္မႈေပ်ာက္ဆုံးေနမႈေတြကေန လြတ္ေျမာက္လာခဲ့ၿပီ ျဖစ္ေၾကာင္း မွတ္ခ်က္ေပးလုိက္ပါတယ္။ မန္ယူအသင္းနဲ႔ ေနာက္ဆုံးပြဲစဥ္ (၂) ပြဲမွာ သြင္းဂုိး (၄) ဂုိးအထိ သြင္းယူေပးထားခဲ့တဲ့ ေပါ့ဂ္ဘာဟာ သူ႕ရဲ႕ ပုံစံေကာင္းကုိ ျပသေနခဲ့ၿပီး နည္းျပဆုိးလ္ရွားဟာ ေပါ့ဂ္ဘာကုိ ရာႏႈန္းျပည့္ကူညီေနခဲ့တယ္လုိ႔ လင္ဂတ္က မွတ္ခ်က္ေပးခဲ့တာပါ။ လင္ဂတ္က နည္းျပဆုိးလ္ရွားကုိလည္း ခ်ီးက်ဳးသြားခဲ့ၿပီး ဆုိးလ္ရွားဟာ ကစားသမားေတြနဲ႔ အခ်ိန္တုိေလးအတြင္းမွာ ဆက္ဆံေရးေကာင္းေတြ တည္ေဆာက္ႏုိင္ခဲ့သလုိ သူ႕မွာ တိက်တဲ့ နည္းစနစ္ပုိင္းေတြရွိတယ္လုိ႔လည္း ေျပာဆုိသြားခဲ့ပါတယ္။

Linn:::Source : TheSun , Mirror , Goal

[Unicode]

ရော်နယ်ဒို ။     ။ ဂျူဗင်တပ်စ်အသင်းတိုက်စစ်မှူး ရော်နယ်ဒို က သူ့အနေနဲ့ တစ်ဦးချင်းဆုတံဆိပ်တွေ ရရှိဖို့ထက် အသင်းဖော်တွေနဲ့အတူ အောင်မြင်မှုတွေ ဆွတ်ခူးဖို့ကိုသာ ပိုပြီး လိုချင်လာခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ (၂၀၁၈) ခုနှစ်အတွင်း အကောင်းဆုံးဆုဖလားတွေကို လက်လွှတ်ခဲ့ရတဲ့ ရော်နယ်ဒိုဟာ ဘလွန်းဒီအောဆု၊ ကမ္ဘာ့အကောင်းဆုံးဆု စတာတွေမှာ မိုဒရစ်ကို မယှဉ်နိုင်ပဲ ဖြစ်ခဲ့ရတာပါ။ ရော်နယ်ဒိုက သူ့အနေနဲ့ ဒီဆုတွေ မရဘူးဆိုရင်လည်း မစိုးရိမ်မိကြောင်းနဲ့ သူ့အနေနဲ့ အသင်းအောင်မြင်မှုကိုသာ ပိုမိုအာရုံစိုက်ထားကြောင်း၊ အသင်းဖော်တွေကို အကူအညီပေးနိုင်ဖို့ကသာ အရေးကြီးကြောင်း Record နဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

ဆန်းချက်ဇ် ။    ။ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက အသင်းတိုက်စစ်မှူး ဆန်းချက်ဇ်ဟာ ဗုဒ္ဓဟူးနေ့မှာ ကစားမယ့် နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ နို၀င်ဘာလကတည်းက တံကောက်ကြောဒဏ်ရာရရှိနေတဲ့ ဆန်းချက်ဇ်ဟာ လက်ရှိအချိန်မှာတော့ ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီး အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်တွေမှာ ပြန်လည်ပါ၀င်နေနိုင်ပြီဖြစ်ပါတယ်။ ဆိုးလ်ရှားက ဆန်းချက်ဇ်ဟာ မန်ယူအသင်းရဲ့ အခြားတိုက်စစ်ကစားသမားတွေလိုမျိုး သူ့ရဲ့ပုံစံကောင်းကို ပြသနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းကိုလည်း ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။

မန်ယူ ။ ။ မန်ယူအသင်းဟာ ရာသီကုန်ရင် ခန့်အပ်သွားမယ့် အမြဲတမ်းနည်းပြ ရာထူးအတွက် သြစတြီးယားကလပ်အသင်း ဆဲလ်ဘတ်နည်းပြ မာကိုရို့စ်ကို အံ့အားသင့်ဖွယ် ပစ်မှတ်ထားနေတယ်လို့ ဗြိတိန်သတင်းစာတွေက ဖော်ပြနေကြပါတယ်။ စပါးအသင်းနည်းပြ ပိုချက်တီနိုက မန်ယူနည်းပြရာထူးအတွက် ငြင်းဆန်လိုက်ပြီးတဲ့နောက်မှာ မန်ယူအသင်းရဲ့ ပစ်မှတ်က မာကိုရို့စ် ဖြစ်လာခဲ့ပြီး ဇီဒန်း ၊ လောရင့်ဘလန့်နဲ့ ယာယီနည်းပြ ဆိုးလ်ရှားတို့ကလည်း အသင််းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံရဖို့ အလားအလာတွေ ရှိနေခဲ့ပါတယ်။

ဒေးဗစ်လူးဝစ္စ ။  ။ ချယ်လ်ဆီးအသင်းကွင်းလယ်လူ ၀ီလီယံက အသင်းနဲ့ စာချုပ်သက်တမ်း(၆)လသာ ကျန်ရှိတော့တဲ့ နောက်ခံလူ ဒေးဗစ်လူးဝစ္စကို အသင်းမှာ ဆက်လက်ရှိစေချင်တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဒီရာသီကုန်ဆုံးရင် အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် လူးဝစ္စဟာ ချယ်လ်ဆီးအသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေဆဲဖြစ်ပြီး နည်းပြဆာရီကလည်း သူ့ကိုအသင်းမှာ ဆက်ရှိနေဖို့ မျှော်လင့်နေတာပါ။ အသက် (၃၁)နှစ်အရွယ်ရှိတဲ့ နောက်ခံလူကို ချယ်လ်ဆီးက တစ်နှစ်သက်တမ်းတိုးဖို့ အလိုရှိနေပြီး လူးဝစ္စက အနည်းဆုံး(၂)နှစ်ကနေ စပြီး သက်တမ်းတိုးစာချုပ် ချုပ်ဆိုချင်နေတာဖြစ်ပါတယ်။

ဘူဖွန် ။ ။ PSG အသင်းအတွက် ကစားပေးနေတဲ့ ၀ါရင့်ဂိုးသမားကြီး ဘူဖွန်က PSG တိုက်စစ်မှူးတွေဖြစ်ကြတဲ့ နေမာနဲ့ ဘက်ပီ တို့ဟာ ဂျူဗင်တပ်စ်တိုက်စစ်မှူး ရော်နယ်ဒိုနဲ့ အရည်အသွေးအတူတူပဲဖြစ်တယ်လို့ မှတ်ချက်ပေးလိုက်ပါတယ်။ ဘူဖွန်က သူ့အနေနဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေနဲ့ အတူတွဲကစားခဲ့ဖူးပြီး နေမာနဲ့ ဘက်ပီ တို့ဟာ အဲဒီထဲက ကစားသမားတွေဆိုတာ သံသယရှိဖို့မလိုဘူးလို့ သုံးသပ်လိုက်တာပါ။ ဘူဖွန်ရဲ့ မှတ်ချက်စကားက ဆိုရှယ်မီဒီယာတွေထက်မှာတော့ အငြင်းပွားစရာဖြစ်သွားခဲ့ပြီး ရော်နယ်ဒိုရဲ့ ပရိသတ်တွေက ဘက်ပီဟာ အတွေ့အကြုံပိုင်းမှာ ရော်နယ်ဒိုကို မယှဉ်နိုင်သေးသလို၊ နေမာဟာလည်း အရည်အချင်းပိုင်းမှာ ရော်နယ်ဒိုနဲ့ ကွာခြားနေသေးတယ်လို့ ပြန်လည်တုန့်ပြန်သွားခဲ့ပါတယ်။

လင်ဂတ် ။       ။ မန်ယူအသင်းကွင်းလယ်ကစားသမား လင်ဂတ်က အသင်းဖော်ကစားသမား ပေါ့ဂ်ဘာ ဟာ မော်ရင်ဟိုရဲ့ လက်အောက်မှာကြုံတွေ့ခဲ့ရတဲ့ ယုံကြည်မှုပျောက်ဆုံးနေမှုတွေကနေ လွတ်မြောက်လာခဲ့ပြီ ဖြစ်ကြောင်း မှတ်ချက်ပေးလိုက်ပါတယ်။ မန်ယူအသင်းနဲ့ နောက်ဆုံးပွဲစဉ် (၂) ပွဲမှာ သွင်းဂိုး (၄) ဂိုးအထိ သွင်းယူပေးထားခဲ့တဲ့ ပေါ့ဂ်ဘာဟာ သူ့ရဲ့ ပုံစံကောင်းကို ပြသနေခဲ့ပြီး နည်းပြဆိုးလ်ရှားဟာ ပေါ့ဂ်ဘာကို ရာနှုန်းပြည့်ကူညီနေခဲ့တယ်လို့ လင်ဂတ်က မှတ်ချက်ပေးခဲ့တာပါ။ လင်ဂတ်က နည်းပြဆိုးလ်ရှားကိုလည်း ချီးကျုးသွားခဲ့ပြီး ဆိုးလ်ရှားဟာ ကစားသမားတွေနဲ့ အချိန်တိုလေးအတွင်းမှာ ဆက်ဆံရေးကောင်းတွေ တည်ဆောက်နိုင်ခဲ့သလို သူ့မှာ တိကျတဲ့ နည်းစနစ်ပိုင်းတွေရှိတယ်လို့လည်း ပြောဆိုသွားခဲ့ပါတယ်။

Linn:::Source : TheSun , Mirror , Goal

Comments are closed.