ခင်ပွန်းလောင်းရဲ့ မွေးနေ့မှာ ကုသိုလ်ကောင်းမှုရ အောင် ကိုယ်စားလှူဒါန်းမှုပြုလုပ်ပေးခဲ့တဲ့ စုမွန်

ပရိသတ်ကြီးရေ စုမွန်ကတော့ MRTV-4 မှာ အစီစဉ်တင်ဆက်သူတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိခဲ့ပြီး လက်ရှိမှာတော့ အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေခဲ့ပြီပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းကတော့ စုမွန်က သူ့ရဲ့ချစ်သူနဲ့ စေ့စပ်မင်္ဂ လာပွဲလေးကိုကျင်းပခဲ့တာကို ပရိသတ်တွေလည်းသိရှိပြီးသားဖြစ်မှာပါနော်။

စုမွန်ကတော့ မနေ့က ဒီဇင်ဘာလ (၂၂)ရက်နေ့မှာကျရောက်တဲ့ သူ့ရဲ့ ခင်ပွန်းလောင်းရဲ့ မွေးနေ့လေးအတွက်ကိုကောင်းမှုကုသိုလ် တွေကိုယ်စားပြုလုပ်ပေးခဲ့ပါတယ်။ ခင်ပွန်လောင်းကနိုင်ငံရပ်ခြားမှာရောက်ရှိနေတဲ့အတွက် စုမွန်က ကိုယ်စား မွေးနေ့အလှူလေးတွေပြု လုပ်ပေးခဲ့တာပါ။ ခင်ပွန်လောင်းရဲ့ မွေးနေ့အလှူအဖြစ် နန်းဦးစာသင်တိုက်ဘုန်းတော်ကြီးသင်ပညာရေးနှင့် တိုင်းရင်းသားလူငယ်ဖွံ့ဖြိုး ရေးပရဟိတဂေဟာမှာ အာဟာရဒါနအလှူလေးပြုလုပ်ပေးခဲ့တာပဲဖြစ်ပါတယ်။

ဒါ့အပြင် ကျိုက္ကဆံ ဘုရားမှာ ခွေးလေးတွေ ကြောင်လေးတွေကိုလည်း စုမွန်က ကိုယ်တိုင် ဈေးသွား ကိုယ်တိုင်ချက်တဲ့ ကြက်ရိုး အမဲရိုး ကျောက်ဖရုံသီးဟင်းတို့နဲ့ ကျွေးမွေးကုသိုလ်ယူခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ စုမွန်ကတော့ တကယ်ကိုမှဇနီးကောင်းပီ သလွန်းလှပါတယ်နော်။

Source – Su Mon
Chilli – CeleZone

Advertisement

[zawgyi]

ပရိသတ္ႀကီးေရ စုမြန္ကေတာ့ MRTV-4 မွာ အစီစဥ္တင္ဆက္သူတစ္ေယာက္အေနနဲ႔ ပရိသတ္ေတြရဲ႕အားေပးခ်စ္ခင္မႈကို ရရွိခဲ့ၿပီး လက္ရွိမွာေတာ့ အႏုပညာအလုပ္ေတြကိုလည္း လုပ္ကိုင္ေနခဲ့ၿပီပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ လပိုင္းကေတာ့ စုမြန္က သူ႔ရဲ႕ခ်စ္သူနဲ႔ ေစ့စပ္မဂၤ လာပြဲေလးကိုက်င္းပခဲ့တာကို ပရိသတ္ေတြလည္းသိရွိၿပီးသားျဖစ္မွာပါေနာ္။

စုမြန္ကေတာ့ မေန႔က ဒီဇင္ဘာလ (၂၂)ရက္ေန႔မွာက်ေရာက္တဲ့ သူ႔ရဲ႕ ခင္ပြန္းေလာင္းရဲ႕ ေမြးေန႔ေလးအတြက္ကိုေကာင္းမႈကုသိုလ္ ေတြကိုယ္စားျပဳလုပ္ေပးခဲ့ပါတယ္။ ခင္ပြန္ေလာင္းကႏိုင္ငံရပ္ျခားမွာေရာက္ရွိေနတဲ့အတြက္ စုမြန္က ကိုယ္စား ေမြးေန႔အလႉေလးေတြျပဳ လုပ္ေပးခဲ့တာပါ။ ခင္ပြန္ေလာင္းရဲ႕ ေမြးေန႔အလႉအျဖစ္ နန္းဦးစာသင္တိုက္ဘုန္းေတာ္ႀကီးသင္ပညာေရးႏွင့္ တိုင္းရင္းသားလူငယ္ဖြံ႕ၿဖိဳး ေရးပရဟိတေဂဟာမွာ အာဟာရဒါနအလႉေလးျပဳလုပ္ေပးခဲ့တာပဲျဖစ္ပါတယ္။

ဒါ့အျပင္ က်ိဳကၠဆံ ဘုရားမွာ ေခြးေလးေတြ ေၾကာင္ေလးေတြကိုလည္း စုမြန္က ကိုယ္တိုင္ ေဈးသြား ကိုယ္တိုင္ခ်က္တဲ့ ၾကက္႐ိုး အမဲ႐ိုး ေက်ာက္ဖ႐ုံသီးဟင္းတို႔နဲ႔ ေကြၽးေမြးကုသိုလ္ယူခဲ့ပါေသးတယ္။ CeleZone ပရိသတ္ႀကီးေရ စုမြန္ကေတာ့ တကယ္ကိုမွဇနီးေကာင္းပီ သလြန္းလွပါတယ္ေနာ္။

Advertisement

Source – Su Mon
Chilli – CeleZone

Be the first to comment

Leave a Reply

Your email address will not be published.


*