သူ့အသက်ထက်ပိုချစ်တဲ့တိုင်းပြည်ကြီးအတွက် အသ.က် ပေးပြီး ကာကွယ်သွားတဲ့ သူရဲကောင်းဆရာမလေး Chin Chin

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် ဖြစ်ပွားခဲ့သည့်ဆေးတပ်သားများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ယမန်နေ့က လူမှုကွန်ရက်စာမျက်နှာ ပေါ်တွင် ထွက်ပေါ်လာသည့် ဓာတ်ပုံတွင် မပါ၀င်သူ အမျိုးသမီး တစ်ဦး နှင့် အမျိုးသား နှစ် ဦးတို့၏ ရုပ်အလောင်းများကို ယနေ့ နိုဝင်ဘာ ၁၈ရက် ညနေတွင် ဒေသခံပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့၀င်များက တွေ့ရှိထားကြောင်း ၎င်းတို့ထံမှ သိရသည်။

သေဆုံးသွားသူများမှာ အမျိုးသားနှစ်ဦးဖြစ်သည့် မောရာ (Mawia)၊ ပွီးရာ (Puia) နှင့် အမျိုးသမီးဖြစ်သူ ချင်းချင်း(Chin Chin) တို့ဖြစ် ကြောင်းသိရသည်။

သူရဲကောင်းညီမငယ်ရဲ့ နာမည်က Biak Rem Chinချစ်တဲ့မတ်ဆွေတွေက Chin Chin လို့ချစ်စနိုးနဲ့ခေါ်ကြတယ်။ ၂၃နှစ်အရွယ် ချင်းအမျိုး သမီးပေါ့။ B.A (English) နှင့် ကျောင်းပြီးထားတဲ့ ပညာတတ်သူရဲကောင်း……

အသံကောင်း အဆိုကောင်းပြီး လူချစ်လူခင်များသူအချိန်ပိုင်းနဲ့ Englishစာ နည်းပြလုပ်ပြီး မိသားစုအတွက် အားထားရတဲ့ ကလေးမက လေးတွေချစ်တဲ့ ဆရာမလေးဘာသာရေးလူငယ်အဖွဲ့တွေမှာ တက်ကြွစွာပါဝင်သူမို့ ချစ်သူခင်သူပေါ်များသူ ညီမငယ်သူ့အနေနဲ့

Advertisement

ဒီတော်လှ.န်ရေးမှာ တခြားနည်းလမ်းမျိုးစုံနဲ့ ပါဝင်ပြီး အာဖြည့်လို့ရတယ်။ ဒါပေမဲ့ ဒီတော်လှ.န်ရေး အမြန်အောင်မြင်ရေးကို ဦးစားပေးလို့ PDF- Kalayမှာ အားဖြည့်ကူသူ၊ ရဲဘော် သူကြောက်တာဆိုလို့ ဒီတော်လှ.န်ရေး မနိုင်မှာနှင့် သူချစ်တဲ့တိုင်းပြည်

စ.စ်ခေ.ွးလက်အောက်ရောက်မှာကိုပေါ့။ ယနေ့တော့ သူပညာတွေသင်ပေးတဲ့ကလေးတွေ၊ သူလုပ်ဖော်ကိုင်ဖက် ဘာသာရေးလူငယ်တွေ၊ သူချစ်တဲ့မိသားစုဆွေမျိုးတွေ၊ သူ့ကိုချစ်ခင်တဲ့ မိတ်ဆွေအပေါင်းအသင်းတွေနှင့် သူ့အသက်ထက်တောင်ပိုချစ်တဲ့ ဒီတိုင်းပြည်ကြီးအတွက်

သူအသက်ပေးပြီး ကာကွယ်ရင်း ဘုရားသခင်ရဲ့ ရင်ခွင်တော်မှာ အနားယူပါပြီ။ ညီမငယ်နှင့် က.ျဆုံ.းသော ရဲဘော်တွေအားလုံးအတွက် ခံစားချက်ကိုဖော်ပြဖို့ စကားလုံးရွေးမတွေ့ပါလား။ လေးစားပါတယ် သင်တာဝန်ကျေခဲ့တယ်။…Tay Za။ လေးစားစွာဖြင့် ခရက်ဒစ်

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*