ရေမွန်ကွယ်လွန်ခဲ့တာ ၆လပြည့်သွားခဲ့ပေမယ့် သားကို နှမြောတသစိတ်တွေနဲ့တစ်ရက်မှမေ့မရဘဲ လွမ်းဆွတ် နာကျင်ကြေကွဲနေရပါတယ်ဆိုတဲ့ မိခင်ဖြစ်သူဒေါ် ခင် မြတ်မွန်

” ရေမွန်ကွယ်လွန်ခဲ့တာ ၆လပြည့်သွားခဲ့ပေမယ့် သားကိုနှမြောတသစိတ်တွေနဲ့တစ်ရက်မှမေ့မရဘဲ လွမ်းဆွတ်နာကျင်ကြေကွဲနေရပါတယ် ဆိုတဲ့ မိခင်ဖြစ်သူဒေါ်ခင်မြတ်မွန်”

CeleGabar ပရိသတ်ကြီးရေ အဆိုတော်ရေမွန်ကတော့ ယောကျာ်းလေးပရိသတ်တွေ အသည်းအသန်အားပေးခဲ့ရတဲ့အဆိုတော်တစ်ဦးပါ။ မိန်းကလေးပရိသတ်အများစုကလည်း အားပေးလျက်ရှိခဲ့တဲ့အပြင် နိုင်ငံကျော်အဆိုတော် ခင်မြတ်မွန်ရဲ့ သားလည်းဖြစ်ပါတယ်။

အမေဖြစ်သူရဲ့ အနုပညာအမွေတွေကိုရရှိကာ အမိုက်စားသီချင်းတွေကိုထွက်ရှိအောင်မြင်ခဲ့တဲ့IDIOTS ရဲ့အဖွဲ့ဝင်ရေမွန်ကတော့ ဒီနေ့ကျ ရောက်တဲ့ ဒီဇင်ဘာလ(၂၃)ရက်နေ့ဟာ သူ့ရဲ့မိသားစုနဲ့ ချစ်ပရိသတ်တွေကိုခွဲခွာသွားတဲ့ ၆လတိတိနေ့ပဲ ဖြစ်ပါတယ်။ အချိန်ကာလ၆လကြာ သွားပေမယ့် မမေ့မလျော့နဲ့ လွမ်းဆွတ်အောက်မေ့သတိတရရှိကြောင်း ကို မိခင်ဖြစ်သူခင်မြတ်မွန်ကဘတစ်ရက်မှမေ့မရကြောင်း ရင်ဖွင့် ပြော ပြလာတာပါ။

“၆ လပြည့်ပြီတဲ့..😥နေ့စဉ် ရက်ဆက်တစ်ရက်မှမပျက်လွမ်းဆွတ်နာကျင်ကြေကွဲခဲ့ရပြီးပြီတွတ်ပီရေ…နောက်ထပ်လဲအသက် ရှင် နေ အ သက် ရှုနေသရွေ့သားကိုနှမြောတသစိတ်သတိယစိတ်တွေနဲ့ ဆက်လက်ငိုကြွေး နာကျင်နေရဦးမှာအသေအချာပါဘယ်အချိန် ထိလဲ …ဆိုတော့ပြန်ဆုံကြချိန်ထိပေါ့..ချစ်တယ်..တွတ်ပီ 💕💕💕”ဆိုတဲ့စာလေးနဲ့ ဝမ်းနည်းသတိရစွာ ရေးသားလာခဲ့တာပါ။CeleGabar ပရိ သတ်တွေလည်း ရေမွန်ကို သတိတရနဲ့အမှတ်တရရှိနေသေးရင် မှတ်ချက်ပေးခဲ့ပါဦးနော်။

Advertisement

Koe- CeleGabar
Source- KhinMyatMon

[zawgyi]



Advertisement



Koe- CeleGabar
Source- KhinMyatMon

Advertisement

Be the first to comment

Leave a Reply

Your email address will not be published.


*