ပင္မွည့္သီးကေန ဒီလို ေကာင္းက်ိဳးေတြရႏုိင္ပါတယ္

ပင္မွည့္သီးကေန ဒီလို ေကာင္းက်ိဳးေတြရႏုိင္ပါတယ္

ပင္မွည့္သီး ေဖ်ာ္ရည္ဆိုတာ အေအးဆိုင္ရဲ႕ မီႏူးထဲမွာမရွိမျဖစ္ျဖစ္တဲ့ အေအးတစ္ခုပါ။ အရသာလည္း ရွိသလို ေသာက္တဲ့လူတုိင္းကိုလည္း ေကာင္းက်ိဳးေလးေတြ ရေစတဲ့ ဒီ ပင္မွည့္သီး ေဖ်ာ္ရည္ရဲ႕ အက်ိဳးေက်းဇူးေတြကို ေလ့လာၾကည့္ရေအာင္ ။ ။

ပင္မွည့္သီးရဲ႕ ေကာင္းက်ိဳးမ်ား ။ ။
( ၁ ) လူကို လန္းဆန္းေစပါတယ္။
ပင္မွည့္သီးေဖ်္ာရည္ဟာ ခ်ိဳအီအီထက္ ခ်ဥ္ခ်ိဳခ်ိဳေလးျဖစ္တာေၾကာင္ ေသာက္လုိက္တဲ ံ လူတုိင္းကို လန္းဆန္းေစမွာ အေသအခ်ာပါ။ ေရဓာတ္ၾကြယ္ဝတဲ့အတြက္ အျခား ေဖ်ာ္ရည္ေတြလုိမ်ိဳး ေသာက္ျပီးတာနဲ႔ ေရဆာျခင္းကို မျဖစ္ေစသလို ခံတြင္းကိုလည္းရွင္းေစဦးမွာပါ။

( ၂ ) အာဟာရဓာတ္ေတြ မ်ားစြာပါပါတယ္။
ခ်ဥ္ခ်ိဳခ်ိဳ အသီးေလျဖစ္တာေၾကာင့္ ဗီတာမင္ C ပါမယ္ဆိုတာကေတာ့ အထူးေျပာေနစရာကို မလိုဘူးထင္ပါတယ္။ ဒါ့အျပင္ ႏွလံုးၾကြက္သားေတြနဲ႔ ေသြးေၾကာတုိ႕အတြက္ လိုအပ္တဲ့ ပိုတက္ဆီယမ္ဓာတ္ ၾကြယ္ဝတ့ဲ အသီး တစ္မ်ိဳးလည္း ျဖစ္ပါတယ္။ ေနာက္ျပီး အမွ်င္ဓာတ္ ၊ သံဓာတ္နဲ႔ ကယ္လ္ဆီယမ္ ၁၂.၈ ရာခုိင္ႏႈန္းပါတဲ့ အသီးတစ္မ်ိဳးလည္းျဖစ္ပါတယ္။

( ၃ ) ခုခံအားကို တက္ေစပါတယ္။
ခုခံအားအတြက္ အေရးၾကီးတဲ့ ဗီတာမင္ C ၾကြယ္ဝစြာပါဝင္တဲ့အသီးျဖစ္တာေၾကာင့္ ကိုယ္တြင္းကို ဝင္လာမယ့္ ေရာဂါပိုးေတြကို သူက ကူျပီး တုိက္ထုတ္ေပးမွာ အေသအခ်ာေနာ္။

( ၄ ) ဓာတ္တုိးဆန္႕က်င္ပစၥည္း ၾကြယ္ဝစြာပါပါတယ္။
အသီးတုိင္း ဓာတ္တိုးဆန္႕က်င္ပစၥည္း ၾကြယ္ဝၾကတဲ့အတြက္ အသီးတစ္မ်ိဳးျဖစ္တဲ့ ပင္မွည့္သီးလည္း အတူတူပါပဲ။ သူ႕ရဲ႕ ၾကြယ္ဝတဲ့ ဓာတ္တုိး ဆန္႔က်င္ပစၥည္းေတြက ကိုယ္တြင္း အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးမွာ ျဖစ္တဲ့အျပင္ ကင္ဆာေရာဂါ မျဖစ္ေအာင္လို႕လည္း ကာကြယ္ေပးဦးမွာပါ။

( ၅ ) အစာေျခစနစ္ကို ေကာင္းမြန္ေစပါတယ္။
ပင္မွည့္သီးက အစာေၾက ေစတဲ့အျပင္ အစာေျခစနစ္ကို ကူညီေပးတဲ့အတြက္ အစာအိမ္သမားေတြ အထူးအားထားရတဲ ႔ အသီးတစ္ခုပါ။

( ၆ ) ဓာတ္မတည့္ျခင္းျဖစ္တတ္သူမ်ားအတြက္လည္း အားထားရတဲ့ အသီးတစ္ခုပါ။
ဓာတ္မတည့္ပစၥည္းေတြထြက္တာ၊ ကိုယ္တြင္းေရာင္ရမ္းတာေတြကို သက္သာေစတဲ့အတြက္ ပင္မွည့္သီးဟာ ပန္းနာရင္ၾကပ္သမားေတြ အတြက္ လက္စြဲ အသီးတစ္ခုပါ။

( ၇ ) အျမင္အာရံုကို ေကာင္းမြန္ေစပါတယ္။
ပင္မွည့္သီးရဲ႕ ၾကြယ္ဝလွတဲ့ flavonoids ေတြက သင့္မ်က္လံုး အေပၚ သက္ေရာက္တဲ့ ဓာတုပစၥည္းမွန္သမွ်ကို ဖယ္ရွားေပးမွာ ျဖစ္လုိ႕ မ်က္လံုးက်န္းမာေရးအတြက္လည္း အသံုးဝင္လွတဲ့အသီးတစ္ခုေနာ္။

( ၈ ) ေသြးအားနည္းျခင္းကို ကာကြယ္ေပးပါတယ္။
ပင္မွည့္သီးမွာပါတဲ့ non-heme iron ( အပင္ကရတဲ့ သံဓာတ္) ေၾကာင့္ သံဓာတ္ခ်ိဳ႕တဲ့ ေသြးအားနည္းေရာဂါေတြကိုလည္း ကာကြယ္ျပီးသားျဖစ္မွာပါ။

ေရးသားသူ Dr. Thin Yadanar @ Frances
ေဆးပညာပိုင္းဆုိင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win

(unicode)

ပင်မှည့်သီးကနေ ဒီလို ကောင်းကျိုးတွေရနိုင်ပါတယ်။ ။

ပင်မှည့်သီး ဖျော်ရည်ဆိုတာ အအေးဆိုင်ရဲ့ မီနူးထဲမှာမရှိမဖြစ်ဖြစ်တဲ့ အအေးတစ်ခုပါ။ အရသာလည်း ရှိသလို သောက်တဲ့လူတိုင်းကိုလည်း ကောင်းကျိုးလေးတွေ ရစေတဲ့ ဒီ ပင်မှည့်သီး ဖျော်ရည်ရဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်ရအောင် ။ ။

ပင်မှည့်သီးရဲ့ ကောင်းကျိုးများ ။ ။
( ၁ ) လူကို လန်းဆန်းစေပါတယ်။
ပင်မှည့်သီးဖျေ်ာရည်ဟာ ချိုအီအီထက် ချဉ်ချိုချိုလေးဖြစ်တာကြောင် သောက်လိုက်တဲ ံ လူတိုင်းကို လန်းဆန်းစေမှာ အသေအချာပါ။ ရေဓာတ်ကြွယ်ဝတဲ့အတွက် အခြား ဖျော်ရည်တွေလိုမျိုး သောက်ပြီးတာနဲ့ ရေဆာခြင်းကို မဖြစ်စေသလို ခံတွင်းကိုလည်းရှင်းစေဦးမှာပါ။

( ၂ ) အာဟာရဓာတ်တွေ များစွာပါပါတယ်။
ချဉ်ချိုချို အသီးလေဖြစ်တာကြောင့် ဗီတာမင် C ပါမယ်ဆိုတာကတော့ အထူးပြောနေစရာကို မလိုဘူးထင်ပါတယ်။ ဒါ့အပြင် နှလုံးကြွက်သားတွေနဲ့ သွေးကြောတို့အတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝတဲ့ အသီး တစ်မျိုးလည်း ဖြစ်ပါတယ်။ နောက်ပြီး အမျှင်ဓာတ် ၊ သံဓာတ်နဲ့ ကယ်လ်ဆီယမ် ၁၂.၈ ရာခိုင်နှုန်းပါတဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

( ၃ ) ခုခံအားကို တက်စေပါတယ်။
ခုခံအားအတွက် အရေးကြီးတဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့အသီးဖြစ်တာကြောင့် ကိုယ်တွင်းကို ဝင်လာမယ့် ရောဂါပိုးတွေကို သူက ကူပြီး တိုက်ထုတ်ပေးမှာ အသေအချာနော်။

( ၄ ) ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝစွာပါပါတယ်။
အသီးတိုင်း ဓာတ်တိုးဆန့်ကျင်ပစ္စည်း ကြွယ်ဝကြတဲ့အတွက် အသီးတစ်မျိုးဖြစ်တဲ့ ပင်မှည့်သီးလည်း အတူတူပါပဲ။ သူ့ရဲ့ ကြွယ်ဝတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေက ကိုယ်တွင်း အဆိပ်အတောက်တွေကို ဖယ်ရှားပေးမှာ ဖြစ်တဲ့အပြင် ကင်ဆာရောဂါ မဖြစ်အောင်လို့လည်း ကာကွယ်ပေးဦးမှာပါ။

( ၅ ) အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။
ပင်မှည့်သီးက အစာကြေ စေတဲ့အပြင် အစာခြေစနစ်ကို ကူညီပေးတဲ့အတွက် အစာအိမ်သမားတွေ အထူးအားထားရတဲ့ အသီးတစ်ခုပါ။

( ၆ ) ဓာတ်မတည့်ခြင်းဖြစ်တတ်သူများအတွက်လည်း အားထားရတဲ့ အသီးတစ်ခုပါ။
ဓာတ်မတည့်ပစ္စည်းတွေထွက်တာ၊ ကိုယ်တွင်းရောင်ရမ်းတာတွေကို သက်သာစေတဲ့အတွက် ပင်မှည့်သီးဟာ ပန်းနာရင်ကြပ်သမားတွေ အတွက် လက်စွဲ အသီးတစ်ခုပါ။

( ၇ ) အမြင်အာရုံကို ကောင်းမွန်စေပါတယ်။
ပင်မှည့်သီးရဲ့ ကြွယ်ဝလှတဲ့ flavonoids တွေက သင့်မျက်လုံး အပေါ် သက်ရောက်တဲ့ ဓာတုပစ္စည်းမှန်သမျှကို ဖယ်ရှားပေးမှာ ဖြစ်လို့ မျက်လုံးကျန်းမာရေးအတွက်လည်း အသုံးဝင်လှတဲ့အသီးတစ်ခုနော်။

( ၈ ) သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။
ပင်မှည့်သီးမှာပါတဲ့ non-heme iron ( အပင်ကရတဲ့ သံဓာတ်) ကြောင့် သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါတွေကိုလည်း ကာကွယ်ပြီးသားဖြစ်မှာပါ။

ရေးသားသူ Dr. Thin Yadanar @ Frances
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Comments are closed.