မမျှော်လင့်ထားတဲ့ နန်းဆုရဲ့ Surprise ကြောင့် အပျော်ဆုံး လူသားဖြစ်သွားခဲ့ရတဲ့ G fatt

မမျှော်လင့်ထားတဲ့ နန်းဆုရဲ့ Surprise ကြောင့် အပျော်ဆုံး လူသားဖြစ်သွားခဲ့ရတဲ့ G fatt

အဆိုတော် G Fatt နဲ့ မင်းသမီးချောလေး နန်းဆုရတီစိုးတို့ ချစ်သူနှစ်ဦးကတော့ အနုပညာနဲ့ပတ်သတ်တာတွေမှာ တစ်ဦးကိုတစ်ဦး အကောင်းဆုံးဖေးမကူညီရင်း ပျော်ရွှင်အောင်မြင်တဲ့ အချစ်ရေးကို နှစ်ကိုယ်တူပုံဖော်နေကြတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၁ ရက်နေ့မှာကျရောက်တဲ့ G Fatt ရဲ့မွေးနေ့လေးမှာတော့ နန်းဆုက ချစ်သူအတွက် Surprise အကြီးကြီး လုပ်ပေးခဲ့တာပါ။ မမနန်းဆုရဲ့ Surprise ကြောင့် G Fatt တစ်ယောက် ကမ္ဘာပေါ်မှာ အပျော်ဆုံးနဲ့ ကံအကောင်းဆုံးလူသား ဖြစ်ခဲ့ရတာပါနော်။

ချစ်ပရိသတ်တွေအတွက် အရမ်းကိုကောင်းတဲ့ စိတ်ကူးလေးနဲ့ ချစ်သူကို Surprise လုပ်ပေးခဲ့တဲ့ နန်းဆုရတီစိုးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

G Fatt ကတော့ ” New Year Show အတွက် သီချင်းတိုက်နေတုန်း ..သူSurprise လာလုပ်ပေးတာ .. တကယ့်ကို အမှတ်တရ ည ပါပဲ .. သူ့ကို ကူညီပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလဲ ကျေးဇူးများစွာ တင်ရပါတယ် .. ကမ္ဘာမှာကံအကောင်းဆုံးလူသားလို့ ကိုယ့် သူငယ်ချင်းတွေကို ပါတ်ကြွား လိုက်တယ် ” ဆိုပြီး ချစ်ရတဲ့မမရဲ့Surprise ကြောင့် ကြည်ကြည်နူးနူးဖြစ်ခဲ့ရတဲ့အကြောင်း ရေးသားထားတာပါ။

နန်းဆုကတော့ G Fatt ကို ချစ်စရာကောင်းတဲ့ Husky ခွေးပေါက်စလေးတစ်ကောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အဆိုပါလက်ဆောင်လေးအတွက်ကိုတော့ G Fatt က”ဒီနှစ်အတွက် အရမ်းလိုချင်တဲ့လက်ဆောင်လေးရလို့အရမ်းပျော်
အရမ်းချစ်ရမယ့်သူတယောက်တိုး Thank u love <3 အချစ်ဆုံးသမီးလေး ” ဆိုပြီး ချစ်စရာသမီးလေးရလို့ ပျော်နေတဲ့အကြောင်းလေး ရေးသားထားတာ တွေ့ရပါတယ်။

လတ်တလောမှာတော့ G Fattနဲ့ နန်းဆုတို့ချစ်​သူနှစ်​ဦးလုံးက သီချင်းအသစ်လေးတွေ လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ နှစ်ဦးလုံးက အရမ်းချစ်တတ်တဲ့ သူတွေမို့ နန်းဆုရတီစိုးတို့ရဲ့အချစ်ရေးက အမြဲလိုလို ပျော်နေရတယ်ဆိုရင်လည်း မမှားပါဘူး။ ချစ်ပရိသတ်တွေလည်း သာယာ​ပျော်ရွှင်တဲ့ အချစ်​​ရေးကို ပိုင်ဆိုင်ထား​​တဲ့ G Fatt နဲ့ နန်းဆုရတီတို့ ချစ်သူနှစ်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit-Momolay

Comments are closed.