မတူညီတဲ့ ဖက်ရှင်တွေနဲ့ အထာကျကျဂေါ်နေတဲ့ ခြူးလေးရဲ့ပုံရိပ်တွေ

မတူညီတဲ့ ဖက်ရှင်တွေနဲ့ အထာကျကျဂေါ်နေတဲ့ ခြူးလေးရဲ့ပုံရိပ်တွေ

ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးနဲ့ ထူးချွန်လှတဲ့ သရုပ်ဆောင်ချက်တွေကြောင့် အချိန်တစ်ခုအတွင်းမှာ အောင်မြင်မှုတွေများစွာ ရရှိလာသူလေးဖြစ်တဲ့ ခြူးလေးကတော့ သူမဝါသနာပါတဲ့ အနုပညာကို အကောင်းဆုံးကြိုးစားနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ခြူးလေးက Sunday ဂျာနယ်ရဲ့ကာဗာအတွက် အလန်းစားဖက်ရှင်တွေနဲ့ ရိုက်ကူးထားတဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ တင်ထားတာ တွေ့ရပါတယ်။ ဘယ်လိုဖက်ရှင်မျိုးနဲ့မဆို လိုက်ဖက်တဲ့ ခြူးလေးကတော့ Sunday ဂျာနယ်ရဲ့ကာဗာထက်မှာ အရမ်းကိုလူငယ်ဆန်တဲ့ ဖက်ရှင်လေးနဲ့ ဂေါ်နေတာပါ။

ချစ်ပရိသတ်တွေအတွက် ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်လို အရမ်းကို လန်းဆန်းနေတဲ့ ခြူးလေးရဲ့အမိုက်စား ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

ခြူးလေးကတော့ တလောကမှ သီလရှင်ဝတ်ထားတာဖြစ်ပြီး၊ အခုလက်ရှိမှာတော့ အနုပညာအလုပ်တွေ ပြန်လုပ်နေပြီပဲ ဖြစ်ပါတယ်။

တကယ့်ကို လှပသော မိန်းမပျိုလေးပါပဲနော်…

ခြူးလေးကတော့ တလောကလည်း ခြူးလေးကတော့ မြင့်မြတ်၊ သက်မွန်မြင့်တို့နဲ့အတူ “ကဝေသေလို့ ခြောက်တဲ့ တစ္ဆေ” ဇာတ်ကားကိုလည်း ရိုက်ကူးထားပါသေးတယ်။ အချစ်ရေးမှာ ကံမကောင်းတဲ့ ခြူးလေးကတော့ လတ်တလောမှာ အချစ်ရေးကို စိတ်မဝင်စားသေးပဲ သူမချစ်တဲ့ အနုပညာအလုပ်တွေကို လုပ်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း တစ်နေ့တစ်ခြား ပိုပိုလှလာတဲ့ သူမရဲ့ပုံရိပ်လေးတွေကို အချင်းချင်းဝေမျှသွားလိုက်ကြပါဦနော်။

Source;Chue Chue’s Facebook

Comments are closed.