နှစ်သစ်ကိုအချစ်ရဆုံးချစ်သူနဲ့အတူ ဖြတ်သန်းပြီးကြိုဆိုခဲ့တဲ့နေခြ ည်ဦး
Credit-Momolay
[Unicode]
Beauty Blogger ဘဝကနေစပြီး လူသိများလာရပြီး လူမှုကွန်ယက်မှာ နာမည်ကြီးလာခဲ့တဲ့ နေခြည်ဦးက အခုဆိုရင် ရုပ်ရှင်ဇာတ်ကားအများအပြားကိုလဲ လက်ခံရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ နေခြည်ဦးရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ “ရန်သူ” ရုပ်ရှင်ဇာတ်ကားမှာ နေခြည်ဦးရဲ့ သရုပ်ဆောင်မှုတွေက အသစ်တစ်ယောက်လို့ မထင်ရအောင်ကို ပီပြင်လွန်းတာကိုလဲ တွေ့ရပါတယ်။
အောင်မြင်လာတာနဲ့အမျှ နေခြည်ဦးရဲ့ လူမှုပတ်ဝန်းကျင်နဲ့ နေထိုင်မှုပုံစံကို ပရိသတ်တွေက စိတ်ဝင်စားလာကြပါတယ်။ အထူးသဖြင့် နေခြည်ဦးရဲ့ အချစ်ရေးကိစ္စကို ပရိသတ်တွေက စိတ်ဝင်တစား စောင့်ကြည့်လျက်ရှိပါတယ်။
နေခြည်ဦးက သူမရဲ့ချစ်သူ မန္တလေးသားလေးနဲ့ တွဲခဲ့ပြီး လွန်ခဲ့တဲ့ လအနည်းငယ်ကတော့ သူမတို့နှစ်ယောက် ပြတ်ဆဲသွားခဲ့ပါပြီလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် နေခြည်ဦးနဲ့ သူမရဲ့ချစ်သူက ဒီဇင်ဘာ(၂၅) ရက်နေ့မှာ ပြန်လည်အဆင်ပြေသွားခဲ့ပြီး ပြန်တွဲခဲ့ကြပါတယ်။
2019ကို အချစ်ရဆုံးသူနဲ့ ကြိုဆိုခဲ့တဲ့ နေခြည်ဦး
ဒီဇင်ဘာလ(၃၁)ရက်နေ့ New Year နေ့ကိုလဲ နေခြည်ဦးရဲ့ ချစ်သူပိုင်တဲ့ စားသောက်ဆိုင်မှာပဲ ပေျာ်ပေျာ်ရွှင်ရွှင်ဖြတ်သန်းခဲ့ပါတယ်။ နေခြည်ဦးတို့ ချစ်သးနှစ်ဦး 2018 ကိုအတူတူကုန်ဆုံးခဲ့တဲ့ ပုံရိပ်လေးကို ပရိသတ်တွေအတွက် မျှဝေပေးခဲ့တာဖြစ်ပါတယ်။
ပရိသတ်ကြီးလဲ နေခြည်ဦးတို့ အတွဲလေးကို အားကျနေကြမယ်ထင်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလဲ သာယာကြည်နူးဖို့ကောင်းတဲ့ ချစ်သူဘဝ၊ အိမ်ထောင်သည်ဘဝလေးကို ကိုယ်စီကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့အတွက် ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Credit-Momolay