ကတုံးပြောင်ပြောင်လေးတွေဖြစ်နေကြတဲ့သားအဖနှစ်ယောက်ကို ချစ်စနိုးလေးစနောက်လိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်

ကတုံးပြောင်ပြောင်လေးတွေဖြစ်နေကြတဲ့သားအဖနှစ်ယောက်ကို ချစ်စနိုးလေးစနောက်လိုက်တဲ့ ထွန်းအိန္ဒြာဗိုလ်

ပရိသတ်တွေရဲ့ရင်ထဲမှာ ယနေ့ခေတ်ထိ နေရာတစ်ခုကိုရယူထားနိုင်တဲ့ အဆိုကောင်းပြီးသရုပ်ဆောင်တော်တဲ့ အကယ်ဒမီထွန်းအိန္ဒြာဗိုလ်ဟာဆိုရင် ချစ်ရတဲ့မိသားစုနဲ့အတူ ပျော်ရွှင်အေးချမ်းစွာနေထိုင်နေတာပဲဖြစ်ပါတယ်နော်။ထွန်းအိန္ဒြာဗိုလ်ရဲ့ ချစ်ခင်ပွန်းကလည်း ချစ်ဇနီးရဲ့အနုပညာအလုပ်တွေကို နားလည်ပေးပြီး တတ်နိုင်သလောက်ကိုအစွမ်းကုန်ကူညီပေးနေတဲ့ ခင်ပွန်းကောင်းတစ်ယောက်ပါနော်။

ထွန်းအိန္ဒြာဗိုလ်ကတော့ အခုချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးနေပြီး သီချင်းတွေကိုလည်းသီဆိုနေဆဲဖြစ်ပါတယ်။ထွန်းအိန္ဒြာဗိုလ်ကတော့ အနုပညာအလုပ်တွေကိုလည်းလုပ်ကိုင်သလို ချစ်ရတဲ့မိသားစုအတွက်လည်း အချိန်ပေးဂရုစိုက်ကာ တစ်ဦးတည်းသောသားလေးကိုလည်း အနီးကပ်ပြုစုစောင့်ရှောက်ပြီး သားလေးရဲ့ဝါသနာတွေကို ဖြည့်ဆည်းပေးနေတဲ့မိခင်တစ်ယောက်ဖြစ်ပါတယ်။

ထွန်းအိန္ဒြာဗိုလ်ရဲ့ ချစ်ခင်ပွန်းနဲ့တစ်ဦးတည်းသောသားလေးက မကြာသေးခင်မှ သာသနာ့ဘောင်သို့ဝင်ရောက်ပြီးကုသိုလ်ယူထားကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ လူဝတ်လဲပြန်လဲထားပြီဖြစ်လို့ သားအဖနှစ်ယောက်ကတော့ ကတုံးဆင်တူလေးတွေနဲ့ဖြစ်နေပါတယ်နော်။သားအဖနှစ်ယောက်ကတုံးနဲ့လိုက်ဖက်နေကြတဲ့ ပုံလေးတွေကို မေမေထွန်းအိန္ဒြာဗိုလ်က”ဂတုံးပြောင် အုန်းမောင် တောင်ပေါ်တက် ဇီးကွက်”ဆိုပြီးစနောက်ထားပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source:Mi Mi Khine

Comments are closed.