သူမရဲ့နာမည်ကို အသားအနာခံပြီး သေရာပါတက်တူးထိုးခဲ့သူတွေကြောင့် ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတဲ့ နန်းစန္ဒာလှထွန်း

သူမရဲ့နာမည်ကို အသားအနာခံပြီး သေရာပါတက်တူးထိုးခဲ့သူတွေကြောင့် ဝမ်းနည်းဝမ်းသာဖြစ်ခဲ့ရတဲ့ နန်းစန္ဒာလှထွန်း

ရေဝတီဆိုတဲ့ ဇာတ်ရုပ်လေးနဲ့ ပရိသတ်တွေရဲ့အသည်းကို ခြွေသွားခဲ့တဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းက အခုဆိုရင် အောင်မြင်တဲ့အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေရပြီပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲလေးတွေမှာ ပါဝင်သရုပ်ဆောင်နေတဲ့ နန်းစန္ဒာလှထွန်းက ကြော်ငြာလေးတွေလည်း အများဆုံးရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ နန်းရဲ့ချစ်စရာကောင်းတဲ့ မျက်နှာလှလှလေးကြောင့် ယောက်ျားပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါ ဝိုင်းချစ်နေကြတာ ဖြစ်ပါတယ်။

အခုလတ်တလောမှာတော့ ကတုံးဆံပင်ပေါက်ကေ အလန်းစားလေးနဲ့ နန်းရဲ့ပုံရိပ်တွေက ပရိသတ်တွေကို အသည်းတဖြုတ်ဖြုတ်ကြွေအောင် ဖမ်းစားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အမာခံပရိသတ်တွေ အမြောက်အများကို ပိုင်ဆိုင်ထားတဲ့ နန်းက အခုလည်း သူမကိုချစ်တဲ့ ပရိသတ်တွေကြောင့် ဝမ်းသာပျော်ရွှင်ခဲ့ရပါတယ်။ နန်းရဲ့ပရိသတ်တွေက သူမရဲ့နာမည် “Nan Sandar Hla Tun” ကို သေရာပါတက်တူးထိုးပြီး အံ့အားသင့်အောင် ပြုလုပ်ခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် နန်းက “သူတို့ရဲ့အချစ်တွေကို အမျိုးမျိုးပုံဖော်တတ်ကျတယ် . ကိုယ်နဲ့ဘာမှ မပတ်သတ်တဲ့ လူတစ်ယောက်ရဲ့ နာမည်ကို သေရာပါမယ့် အမှတ်သားတစ်ခုအဖြစ် ရေးသွင်းနိုင်တဲ့ သူတို့ရဲ့အချစ်ကိုလည်းလေးစားတယ် ဟှောင့် ငါ့ဖန်က မင်းဖန်ထက် ပိုမိုက်တယ် ဟှောင့် ငါ့ fan ပိုဂေါ်တယ် ” ဆိုပြီး ပရိသတ်တွေရဲ့တက်တူးပုံလေးတွေကို တင်ထားတာ တွေ့ရပါတယ်။ ကဲ နန်းစန္ဒာလှထွန်းရဲ့နာမည်ကို သေရာပါတက်တူးထိုးခဲ့တဲ့ ပရိသတ်တွေရဲ့ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source:Nan Sandar Hla Htun;

Comments are closed.