ပုဂံမြေမှာ မြန်မာပြည်ထုတ် LVအိတ်လေးကိုင်ပြီး လျှောက်လည်နေတဲ့ မေမြင့်မိုရ်

ပုဂံမြေမှာ မြန်မာပြည်ထုတ် LVအိတ်လေးကိုင်ပြီး လျှောက်လည်နေတဲ့ မေမြင့်မိုရ်

ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး မေမြင့်မိုရ်က ဇာတ်လမ်းတွဲတွေ ရိုက်ကူးရင်း ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိခဲ့ပြီးနောက် အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးးတွေကိုပါ ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ သူမပါဝင်ရိုက်ကူးထားတဲ့ “မိုးပန်းပွင့်ရဲ့ သင်္ကေတ” ရုပ်ရှင်ဇာတ်ကားကြီးကလဲ ပရိသတ်တွေရဲ့ အားပေးမှုကို တစ်ခဲနက် ရရှိခဲ့ပါသေးတယ်။ အခုလက်ရှိမှာလဲ မေမြင့်မိုရ်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေအပြင် ပရဟိတလုပ်ငန်းတွေကိုပါ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။

မျက်နှာရှင်းရှင်းလေးနဲ့ ပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်တဲ့ မင်းသမီးချောလေး မေမြင့်မိုရ်က လက်ရှိမှာတော့ သူမသိပ်ချစ်ရတဲ့ ပုဂံမြေမှာ ပျော်ပျော်ပါးပါး လျှောက်လည်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မေမြင့်မိုရ်ရဲ့ လှပတဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

မေမြင့်မိုရ်က ပုဂံက ထန်းတောထဲမှာ ရောင်းချတဲ့ ထန်းခေါက်ဖာလေးတွေနဲ့ လုပ်တဲ့ အိတ်သေးသေးလေးကိုလည်း အမြတ်တနိုးနဲ့ “မြန်မာပြည်လုပ် LV အိတ်” ဆိုပြီး ဓာတ်ပုံတွေ အများကြီး ရိုက်ကူးပေးခဲ့ပါသေးတယ်။

မေမြင့်မိုရ်ကတော့ ပရိသတ်အကြိုက် လုံလုံခြုံခြုံနဲ့ လှပတဲ့ အဝတ်အစားတွေကိုသာ ဝတ်ဆင်လေ့ရှိသူတစ်ဦး ဖြစ်ပါတယ်။ တစ်နေ့တစ်ခြား လှလာတဲ့ မေမြင့်မိုရ်ရဲ့ ပုံရိပ်တွေကို ပရိသတ်တွေလည်း သဘောကျနှစ်ခြိုက်ကြမယ် ထင်ပါတယ်။

ပုဂံမြေကတော့ မေမြင့်မိုရ် သိပ်ချစ်ရတဲ့ နေရာတစ်ခုပါတဲ့

မေမြင့်မိုရ်က မကြာသေးခင်ကပဲ ဒါရိုက်တာ ကိုပေါက်ရိုက်ကူးမယ့် “ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ်၊ ထူးအောင်၊ အောင်ရေချမ်း၊ ကောင်းမြတ်စံ၊ လင်းအောင်ခေတ်၊ အိန္ဒြာကျော်ဇင်၊ ခိုင်သင်းကြည်တို့နဲ့အတူတူ ပါဝင် သရုပ်ဆောင်ထားခဲ့တာပဲ ဖြစ်ပါတယ်။

မေမြင့်မိုရ်ကတော့ တစ်နေ့တစ်ခြား လှလာတာ ပရိသတ်ကြီးအမြင်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း မေမြင့်မိုရ်ရဲ့ ပုံရိပ်လေးတွေကို သဘောကျကြမယ် ထင်ပါတယ်။ ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source:May Myint Mo’s fb

Comments are closed.