မြောင်တောင်နည်းပြသစ်မှ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ အား ယခုထက် စွမ်းဆောင်နိုင်ဖို့လိုအပ်တယ်လို့ မှတ်ချက်ပြုခဲ့

မြောင်တောင်နည်းပြသစ်မှ မြန်မာ့လက်ရွေးစင်တိုက်စစ်မှူး အောင်သူ အား ယခုထက် စွမ်းဆောင်နိုင်ဖို့လိုအပ်တယ်လို့ မှတ်ချက်ပြုခဲ့

ပွဲထွက်ကစားခွင့်မရရှိတဲ့အတွက် အခွင့်အရေးရပါက မြောင်တောင်အသင်းက ထွက်ခွာလိုတယ်လို့ အောင်သူ က ထုတ်ဖော်ပြောကြားထားခဲ့တာပါ။ထိုင်းလိဂ်-၁ကလပ်မြောင်တောင်အသင်းရဲ့နည်းပြဂါမာဟာ အသင်းကိုစတင်တာဝန်ယူခဲ့တဲ့နေ့မှာတင် စီနီယာ ကစားသမားအများစုကို တွေ့ဆုံခဲ့သလို မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးအောင်သူနဲ့လည်း တွေ့ဆုံကာ အနာဂ တ်အခြေအနေများတိုင်ပင်ခဲ့ခြင်းနဲ့အတူ အခုထက်ပိုပြီးစွမ်းဆောင်နိုင်ဖို့လိုအပ်တယ်လို့ မှတ်ချက်ပြုခဲ့မှုကို ထိုင်း မီဒီယာတွေက ဖော်ပြသွားခဲ့ပါတယ်။

မြောင်တောင်အသင်းအနေနဲ့ ရာသီဝက်ပွဲစဉ်များပြီးဆုံးခါနီးအထိ ရလဒ်ကောင်းရရှိရန် ရုန်းကန်နေခဲ့ရပြီး တန်း ဆင်းဇုန်အန္တရာယ်ရှိနေခဲ့တဲ့အတွက်လည်း အသင်းတာဝန်ရှိသူတွေအနေနဲ့ အခုလိုနည်းပြအပြောင်းအလဲပြုလု ပ်ခဲ့ရခြင်းလည်းဖြစ်ပါတယ်။

အောင်သူနဲ့ လေ့ကျင့်ရေးအစီအစဉ်မှာတွေ့ဆုံပြီးပါပြီ။ လက်ရှိမှာပွဲမကစားရဘူးဆိုပေမယ့် အသင်းနဲ့အတွ က်အသင့်ဖြစ်နေခဲ့သူပါ။ ပွဲထွက်ကစားခွင့်ရရှိဖို့ ရုန်းကန်နေရပေမယ့် နည်းပြသစ်ဖြစ်လို့ ကစားသမား တိုင်း အခွင့်အရေးကိုယ်စီရရှိမှာပါ။ ပြီးခဲ့တဲ့ရာသီကလည်း Polie Tero အသင်းမှာခြေစွမ်းပြနိုင်ခဲ့တဲ့သူဖြစ်လို့ လက် ရှိအချိန်မှာလည်း အကောင်းဆုံးလုပ်ပြနိုင်မယ်လို့ယုံကြည်ပါတယ်။ အရေးကြီးတာက ပွဲထွက်ခွင့်နေရာအတွက် အောင်သူတိုက်ပွဲဝင်ရမှာပါ။ အရာရာအားလုံးက အောင်သူ့ရဲ့အခြေအနေအပေါ်မှာပဲ မူတည်ပါတယ် လို့ မြောင်တောင်နည်းပြဂါမာက ဆိုခဲ့ပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းနဲ့အတူ နိုင်ငံတကာခြေစမ်းပွဲကစားပြီးတဲ့နောက် မြောင်တောင်အသင်းနဲ့အတူ လေ့ ကျင့်မှုများပြုလုပ်နေခဲ့တဲ့ အောင်သူကို ထိုင်းလိဂ်-၁ကလပ် Trat အက်ဖ်စီ၊ အသင်းဟောင်း Police Tero နဲ့မိခ င်ကလပ် ရတနာပုံအသင်းတို့က ခေါ်ယူလိုနေတယ်လို့ သတင်းထွက်ပေါ်တွေရှိနေခဲ့ပါတယ်။

အသင်းရဲ့အခြေအနေက ဆက်ပြီးစောင့်ကြည့်ရဦးမှာပါ။ ပထမအကျော့မပြီးသေးတဲ့အတွက်လည်း ပြောလို့မ ရသေးတာပါ။ အပြောင်းအရွှေ့တော့ သတင်းတွေတက်နေတာပါပဲ။ အချို့ဆို သိတောင်မလိုက်ပါဘူး။ ဒါပေမဲ့ အခွင့်အရေးရမယ်ဆိုရင်တော့ အသင်းပြောင်းချင်ပါတယ် လို့ အောင်သူက လက်ရွေးစင်အသင်းလေ့ကျင့်ရေး အစီအစဉ်တွင် ပြောကြားခဲ့ဖူးပါတယ်။

Comments are closed.