မန္တလေးမြို့က လူတစုရဲ့ အကျည်းတန် ရုပ်ပျက်ဖွယ် လုပ်ရပ်တခု

မန္တလေးမြို့က လူတစုရဲ့ အကျည်းတန် ရုပ်ပျက်ဖွယ် လုပ်ရပ်တခု

ကမ္ဘာမှာတော့ ပတ်ဝန်းကျင်ပေါ် အသိုင်းအဝိုင်းပေါ် မူတည်ပြီး မွေးဖွားလာတဲ့အချိန်မှာ ကံဇာတာချင်းမတူ ကွဲပြားခြားနားကြပါတယ်။ တချို့ကျတော့လည်း သုံးလို့မကုန်နိင်လောက်အောင် ချမ်းသားကြပြီး တချို့ကျတော့လည်း ကုန်းကောက်စရာမရှိအောင် ဆင်းရဲကြပါတယ်။ ဒီလိုမျိုး အခြေအနေတွေကြားထဲမှာမှ ပုံမှန်အတော်အသင့်နေနိုင်တဲ့သူတွေကလည်း အများသား ပါပဲ။ မြန်မာနိုင်ငံလည်း ကမ္ဘာကသတ်မှတ်ထားတဲ့ ဖွံဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံထဲမှာပါတာကြောင့် အခြေခံလူတန်းစားများနေသေးတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မြန်မာဆိုတာ လှူတဲ့နေရာမှာ လက်မနှေးတဲ့လူမျိုးဖြစ်တာကြောင့် သာမန်လူတန်းစားနဲ့ အထက်တန်းစားတွေကတော့ အခွင့်အရေးသင့်ရင် သင့်သလိုလှူတန်းနေကြတာကို တွေ့ရမှာပါ။ ဒီလိုလှူတန်းမှုမျိုးထဲမှာမှ လတ်တလော နာမည်ကြီးနေတာကတော့ မန္တလေးမှာ ပိုက်ဆံတတ်နိုင်တဲ့လူတွေက တနိုင်တပိုင်လေး လှူထားတဲ့ မုန့်သေတ္တာအကြောင်း ဖြစ်ပါတယ်။ ဒီမုန့်သေတ္တာလေးကတော့ မတတ်နိုင်တဲ့သူတွေ မရှိတဲ့သူတွေ စားပါစေဆိုပြီးတော့ စေတနာနဲ့ အများပြည်သူက လှူကြတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဒီမုန့်လှူပြီး သိပ်မကြာခင်ဖြစ်သွားတဲ့ အပြုအမူတွေကတော့ အွန်လိုင်းပေါ်မှာ ဗီဒီယိုတွေ တက်လာပြီးတော့ ပျံ့နှံ့ သွားခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုလေးမှာတော့ မုန့်တွေ သောက်စရာတွေ လှူပြီး မကြာခင်မှာတော့ အနီးအနားမှာရှိတဲ့ လူတချို့မုန့်တွေအားလုံးကို လုယူခဲ့ကြပြီး တစ်မိနစ်းတောင် မခံလိုက်ပါဘူး။ တချို့ကျတော့လည်း မုန့်တွေ သောက်စရာတွေကို ကိုယ်စားဖို့သာမယူပဲ အများကြီးကို နိုင်သလောက်ယူသွားကြတာကြောင့် ရုပ်ပျက်စရာ ဖြစ်ခဲ့ပြိး ဝေဖန်မှုတွေလည်း အများကြီး ကြုံခဲ့ရတာ ဖြစ်ပါတယ်။ဒီအဖြစ်အပျက်နဲ့ ဗီဒီယိုလေးကိုတော့ ပြောချင်လွန်းလို့ ပရိသတ်ကြီးလည်း ကြည့်လို့ရအောင် တင်ဆက်ပေးလိုက်ပါတယ်။

Comments are closed.