ဂိမ်းဆော့နေစဉ် အင်တာနက် ဖြတ် ခဲ့လို့ တစ်အိမ်လုံးကို အဆိပ်ခတ်သ တ် ရန် အမျိုးသားတစ်ဦးကြံစည်

ဂိမ်းဆော့နေစဉ် အင်တာနက် ဖြတ် ခဲ့လို့ တစ်အိမ်လုံးကို အဆိပ်ခတ်သ တ် ရန် အမျိုးသားတစ်ဦးကြံစည်

ညဘက်ဂိမ်းဆော့နေစဉ် ပထွေးဖြစ်သူက အင်တာနက်မိုဒမ်းကို ပလက်ဖြုတ်ကာ အင်တာနက်ဖြတ်တောက်ပြီး ဂိမ်းဆော့နေတာကို တားမြစ်ခဲ့တဲ့အတွက် အသက် (၂၉)နှစ်အရွယ် ထိုင်းအမျိုးသားက တစ်အိမ်သားလုံးကို အဆိပ်ခတ်ဖို့ ကြံစည်ခဲ့ပါတယ်။

ထိုင်းနိုင်ငံ၊ ဆီဆကတ်ခရိုင်ထဲမှာ ဇွန်လ ၁၅ရက် ညပိုင်းက အသက် (၂၉)နှစ်အရွယ် အမျိုးသားဟာ ညသန်းခေါင်အထိ ဖုန်းနဲ့ ကျယ်လောင်စွာဂိမ်းဆော့နေတာကြောင့် ပထွေးဖြစ်သူက ဂိမ်းဆော့တာကို ရပ်တန့်ဖို့ အင်တာနက်မိုဒန်းကို ပလက်ဖြုတ်ပစ်လိုက်တာ ဖြစ်ပါတယ်။

ဒီလိုဂိမ်းဆော့တာကို တာမြစ်ခံရတာကြောင့် အဲဒီအမျိုးသားက အိမ်သုံးရေတိုင်ကီထဲကို ပိုးသတ်ဆေးတွေ ခတ်ခဲ့ပြီး တစ်အိမ်သားလုံးကို လုပ်ကြံခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အချိန်မီသိခဲ့လို့ တစ်ယောက်မှတော့ ဒုက္ခမရောက်ခဲ့ပါဘူး။

ဒါပေမယ့် သူ့စိတ်ထဲမှာတော့ တော်တော့်ကိုကြီးမားတဲ့ စိုးရိမ်မှု ဖြစ်ကျန်ခဲ့တယ်လို့ အဲဒီအမျိုးသားရဲ့ မိခင် (၅၁)နှစ်အရွယ် ဆူဘန်ဒွန်ကျန်က ပြောပါတယ်။

“ကျွန်မသားက ညသန်းခေါင်အထိ ဖုန်းနဲ့ အသံကျယ်ကြီးဖွင့်ပြီး ဂိမ်းဆော့နေလို့ သူ့ပထွေးက မိုဒန်းကို ဖြုတ်ပစ်လိုက်တာ” လို့ သူက ပြောပါတယ်။

ဂိမ်းစွဲလမ်းမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က စိတ်ကစဉ့်ကလျားဖြစ်မှုအဖြစ် သတ်မှတ်လိုက်ပြီး ကမ္ဘာတစ်ဝှမ်းမှာ လူငယ် သန်းပေါင်းများစွာဟာ ဗီဒီယိုဂိမ်းနဲ့ မိုဘိုင်းဂိမ်းတွေကို စွဲလမ်းနေတယ်လို့ ကြေညာထားပါတယ်။

ဂိမ်းစွဲခြင်းစိတ်ရောဂါကို မိသားစု၊ အလုပ်၊ ကျောင်း၊ အိပ်ချိန်တွေကို ထိခိုက်နေတာတောင် ဂိမ်းဆော့တာကို ရပ်တန့်နိုင်ခြင်းမရှိတဲ့ ဖြစ်ရပ်လို့ WHO က သတ်မှတ်ထားပါတယ်။

Comments are closed.