အသက်၂၀နဲ့၃၀ကြား အရွယ်ေ ကာင်းမှာတင် ချမ်းသာလာဖို့လျှို့ဝှက် ချက်(၇)ခု

အသက်၂၀နဲ့၃၀ကြား အရွယ်ေ ကာင်းမှာတင် ချမ်းသာလာဖို့လျှို့ဝှက် ချက်(၇)ခု

ကျွန်တော်တို့အားလုံးချမ်းသာချင်ကြတယ်။ Shwemomစာဖတ်ပရိတ်သတ်ကြီးလည်း ချမ်းသာချင်မှာအသေအချာပါပဲ၊အထူးသဖြင့် ငယ်စဉ် ၂၀ နဲ့ ၃၀ကြားလောက်မှာ ချမ်းသာရ င်တော့ အကောင်းဆုံးပေါ့။ ချမ်းသာဖို့ဆိုတာလည်း ဒီနေ့လုပ်ဒီနေ့ဖြစ်တဲ့အရာမျိုးတော့ မဟုတ်ပါဘူး။ ဒါ့ကြောင့် ငယ်တုန်းမှာ ကြိုးစားတာပိုကောင်းပါတယ်။ အသက် ၂၀ကနေ ၃၀ကြားမှာ ချမ်းသာချင်ရင်တော့ အောက်ပါအချက်လေးတွေကို လိုက်နာသင့်ပါတယ်။

(၁) နေ့ရွှေ့ညရွှေ့လုပ်နေခြင်းကို ရပ်တန်းကရပ်ပါ။

ငယ်ရွယ်စဉ်မှာ လူတွေတွေးလေ့ရှိတာ တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ မနက်ဖြန်မှလုပ်မယ်၊ နောက်မှလုပ်မယ် ဆိုတာပါပဲ။ အချိန်တွေ အများကြီးရှိတယ်လို့ပဲ ယူဆနေပါလိမ့်မယ်။ အဲ့ဒိအချိန်တွေ တဖြည်းဖြည်း ကုန်ဆုံးလာပြီးအသက်တွေ
ကြီးမှာ နောင်တရလာတတ်ကြပါတယ်။ တကယ်တော့ အဲ့ဒိမနက်ဖြန်ဆိုတဲ့ ဆင်ခြေကြီးကိုသာ ဖျောက်ပြီး အလုပ်လုပ်ရင် အရင်ထက်အများကြီးတိုးတက်မှာ အသေအချာပါပဲ။ ဘဝမှာ စောစောစီးစီး ချမ်းသာချင်ရင် နောက်မှလုပ်မယ်ဆိုတဲ့
အကျင့်ကြီးကို ဖျောက်ဖျက်သင့်ပါပြီ။

(၂) ဖြတ်လမ်းမရှိဘူးဆိုတာ နားလည်ထားပါ။

ဖြတ်လမ်းလိုက်နေခြင်းတွေကို ရပ်တန့်လိုက်ပါ။ အဖြေကရှင်းပါတယ်။မိမိသုံးတာထက်ပိုအောင် ရှာပါ။ ပိုတာကို အကျိုးရှိစွာ ရင်းနှီးမြှုပ်နှံပါ။ ပိုနေတဲ့ပိုက်ဆံတွေ အမြဲများပြားလာအောင်လုပ်ပါ။ အသုံးအဖြုန်းကိုလျှော့ပါ။ ဖြတ်လမ်းမရှိဘူးဆိုတာကို လက်ခံပါ။ လွယ်လွယ်နဲ့ရတဲ့ ပိုက်ဆံဟာ လွယ်လွယ်နဲ့ပဲ ပြန်ကုန်တတ်ပါတယ်။

(၃) သင့်ဆီမှာ ရင်းနှီးမြုပ်နှံပါ။

အခြားအရာတွေမှာ ရင်းနှီးမြုပ်နှံဖို့မစဉ်းစားခင် သင့်ဆီမှာ ပြန်ရင်းနှီးမြုပ်နှံပါ။ သင့်ဘဝတိုးတက်ဖို့ကြိုးစားရာမှာ သင်ကအရေးအကြီးဆုံးအရင်းအမြစ်ပါပဲ။ ပညာသင်ပါ။ လိုအပ်တဲ့သင်တန်းတွေတက်ပါ။ စာတွေအများကြီးဖတ်ပါ။ သင်ကအသိပညာတွေ ပိုကြွဝလာလေလေ သင့်အတွက် အခွင့်အလမ်းတွေ ပိုပြီးများလာလေလေပါပဲ။ လစာတွေလည်းပိုကောင်းလာ မှာ ဖြစ်ပြီး သင့်ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ပိုက်ဆံလည်း ပိုထွက်လာမှာဖြစ်ပါတယ်။

(၄)  ပိုက်ဆံအသုံးအစွဲစာရင်းလုပ်ထားပါ။

ပိုက်ဆံတွေကို သုံးချင်သလိုသုံး ဘယ်တွေရောက်လို့ရောက်မှန်းမသိ၊ ဘယ်ကဘယ်လောက် ဝင်မှန်းမသိ၊ဘယ်နေရာကအများဆုံထွက်နေမှန်း မသိဖြစ်နေတယ်ဆိုရင်တော့ သင်အခုပဲစပြီး စနစ်တကျနဲ့ ငွေစာရင်းကို သေသေချာချာလုပ်သင့်ပါပြီ။ ဒါမှသာ ဘယ်နေရာက ပိုက်ဆံအများဆုံးထွက်နေတယ်ဆိုတာကို သိနိုင်မှာဖြစ်ပြီး ဘယ်လိုမျိုး အဲ့ဒိငွေကိုထိန်းချုပ်
ရမယ်ဆိုတာကို တွက်ချက်နိုင်မှာဖြစ်ပါတယ်။

(၅) အကြွေးမရှိပါစေနဲ့။

ပိုက်ဆံစုခြင်း၊ရင်းနှီးမြုပ်နှံခြင်းတွေ မစမီမှာ သင့်အနေနဲ့ပထမဆုံးလုပ်သင့်တာက တင်နေတဲ့အကြွေးတွေကိုအရင်ဆပ်ဖို့ပါ။ အကြွေးတွေနဲ့ ပတ်ချာလည်ဝိုင်းနေရင် ရှေ့ကိုတက်ဖို့ မလွယ်ပါဘူး။ အကယ်၍ အတိုးပါတက်နေတယ်ဆိုရင်ပိုပြီးစိုးရိမ်သင့်ပါတယ်။ ဒါ့ကြောင့် အကြွေးတွေ အရင်ရှင်းပါ။

(၆)  စွန့်စားရဲပါစေ။

အသက်ငယ်ငယ်လေးပဲ ရှိသေးရင် အကြောက်တရားတွေ မပိုပါစေနဲ့။ စွန့်စားရဲပါစေ။ ဒါပေမယ့် ဘယ်အရာမဆို မျက်လုံမှိတ်ပြီး ခုန်ချတာမျိုးတော့ မလုပ်ပါနဲ့။ သေချာစုံစမ်းပါ။  ကျေနပ်လောက်ပြီဆိုရင် စွန့်စားလိုက်ပါ။ အောင်မြင်ချင်မှလည်း အောင်မြင်မယ်၊ ဒါပေမယ့် အဲ့ဒိအတွေ့အကြုံတွေကပဲ အောင်မြင်မှုဆီကို တွဲခေါ်သွားနိုင်မှာပါ။

(၇) အတွေးတွေကျယ်ပြန့်ပါစေ။

Warren Buffettပြောသလိုပဲသင့်ကြက်ဥတွေအားလုံးကို ခြင်းတစ်လုံးထဲမှာ မထည့်မိပါစေနဲ့။ တစ်နေရာထဲမှာ စုပြုံပြီး ရှိသမှျှရင်းနှီးတာထက် မတူတဲ့အရာတွေမှာ ရင်းနှီးမြုပ်နှံ နိုင်အောင် ကြိုးစားပါ။ Back Up Plansတွေထားပါ။ ဒါမှသာလဲကျတိုင်း တစ်စုံတစ်ခုဆုံးရှုံးသွား တိုင်း  ပြန်ထနိုင်မှာဖြစ်ပါတယ်။

မိုးရှင်း (I.M.T)

Comments are closed.