ရေချိုးခန်းမှာ ဆိုဖီယာ နဲ့နှစ်ယောက်ထဲ ရိုက်ရတဲ့အခန်းကိုရှက်နေတဲ့ မိုးသူရ

ရေချိုးခန်းမှာ ဆိုဖီယာ နဲ့နှစ်ယောက်ထဲ ရိုက်ရတဲ့အခန်းကိုရှက်နေတဲ့ မိုးသူရ

ဆိုဖီယာဟာဆိုရင် သီချင်းကောင်းတွေတော်တော်များများဆိုထားပြီး သီချင်းတွေရဲ့ MTV တွေကိုလည်းသူမတူတဲ့ဆန်းဆန်းပြားပြားပုံစံလေးတွေနဲ့ ပရိသတ်တွေကို ချပြတတ်လေ့ရှိသူတစ်ဦးပါ။ ပရိသတ်ရင်ထဲအထိရောက်စေတဲ့ သီချင်းစာသားလေးတွေနဲ့ တစ်နိုင်ငံလုံးကပရိသတ်တွေရဲ့အားပေးမှုတွေရရှိထားတဲ့ ဆိုဖီယာက အခုလတ်တလောမှာလည်းပဲ ပရိသတ်တွေပါးစပ်အဟောင်းသားဖြစ်သွားရမယ့် MTV အကြမ်းကြီးတစ်ခုကို ချပြလိုက်ပြန်ပါပြီ။ သီချင်းနာမည်ကတော့ နင့်ရဲ့ လို့အမည်ရပြီး မော်ဒယ်မိုးသူရနဲ့အတူတူ MTV ကိုခပ်ကြမ်းကြမ်းပုံဖော်ရိုက်ကူးထားတာပါ။ ဆိုဖီယာက အဲဒီ MTV ရိုက်ဖြစ်သွားပုံနဲ့ပတ်သက်ပြီး မီဒီယာတွေနဲ့အင်တာဗျူးှမှာပြောပြသွားခဲ့ပါတယ်။

ဆိုဖီယာက မိုးသူရနဲ့ဒီလိုခပ်ကြမ်းကြမ်း MTV ရိုက်ဖြစ်သွားတဲ့အကြောင်း “အဓိကကတော့ သူ့ရဲ့အရပ်နဲ့ သူ့ရဲ့ feature က မြန်မာနဲ့မတူလို့ပေါ့နော်။ ပြီးတော့ အရင်ကတည်းကလည်း သိနေတာလည်းပါပါတယ်။ဆိုတော့ ဒီ MTV မှာ ခေါ်လိုက်တာပါ”လို့ပြောထားပြီး မိုးသူရက “မဆိုဖီယာက ဒီသီချင်းလေးရိုက်မယ်ဆိုတာနဲ့ ရိုက်ဖြစ်သွားတာပါ။ သိလည်းသိနေတာလည်းပါပါတယ်”လို့ ပြောထားပါတယ်။

ဒီသီချင်း MTV အတွက်ပရိသတ် feedback တွေကိုတော့ မိုးသူရက “ငါးဆယ်ငါးဆယ်ပေါ့ခင်ဗျာ။ ကောင်းတယ်လို့ပြောတဲ့လူတွေလည်းရှိပါတယ်။ မကောင်းဘူးလို့ဝေဖန်တဲ့လူတွေလည်းရှိပါတယ်”လို့ ပြောသွားပြီး MTV ထဲမှာတကယ်ဖြစ်နေသလို mood က အရမ်းပီပြင်တယ်ဆိုတာကိုလည်း “ကျွန်တော်ကအဲဒီနေ့က တစ် scene ပဲရိုက်ရသေးတယ်။ရိုက်ပြီးတော့ သုံးနာရီခွဲမှ ပြန်လာပြီးပြန်ရိုက်သွားတာ။ ကျွန်တော်လည်း အကောင်းဆုံးသရုပ်ဆောင်ပြီးရိုက်မယ်ဆိုပြီးရိုက်သွားတာပေါ့နော်”လို့ ပြောသွားသလို ဆိုဖီယာက “သီချင်းက သူနားထောင်မထောင်ရသေးပါဘူး။ ဒီလိုပဲ chemistry တစ်ခုခုရှိလို့ထပ်တူကျပြီးအဆင်ပြေသွားတယ်ထင်ပါတယ်”လို့ ဖြေကြားထားပါတယ်။ ဆိုဖီယာနဲ့ မိုးသူူရက နောက်ထပ်လည်း MTV တစ်ပုဒ်အတူတွဲရိုက်ဖု့ိရှိသေးတယ်လို့ိသိရပါတယ်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.