ဗီဒီယို ပုံစံအသစ်တွေနဲ့ ပြန်လာမယ်ဆိုတဲ့ Kelvin Kate

ဗီဒီယို ပုံစံအသစ်တွေနဲ့ ပြန်လာမယ်ဆိုတဲ့ Kelvin Kate

ဖေ့စ်ဘွတ်ပေါ်က ရည်စရာ ဟာသလေးတွေ တင်ရင်း ပရိသတ် အားပေးမှု ရရှိလာသူက Kelvin Kate (ခေါ်) အောင်သူလွင် ဖြစ်ပါတယ်။ အိမ်ထောင်ရေးပြဿနာနဲ့ လူမှုရေး အရှုပ်အရှင်းတွေ ရှိခဲ့တာကြောင့် အောင်သူလွင်ရဲ့ ဗီဒီယိုတွေ ဖေ့စ်ဘွတ်မှာ ပါးသွားပါတယ်။ ဟာသဗီဒီယိုတွေကို ရိုက်ထားတဲ့အကြောင်းနဲ့ တမူဆန်းသစ်ထားတဲ့အကြောင်းကိုတော့ Kelvin Kate က အင်တာဗျူးမှာ ခုလို ဖြေကြားသွားပါတယ်။

“ကျွန်တော်အခု ချန်နယ်လိုင်းတွေကို ပေးစရာ ရှိတာတွေ ပေးတယ်။ လောလောဆယ် အွန်လိုင်းမှာ နည်းနည်း ဖြတ်ထားတယ်။ နောက်တစ်ပတ်ကျရင်တော့ ပြန်လည်မှာပေါ့။ ကျွန်တော့်မှာ ရိုက်ထားတဲ့ ဗီဒီယို (၁၅) ခု ရှိတယ်။ ပုံစံတော့ နည်းနည်း ပြောင်းထားတယ်။ အရင်ပုံစံတစ်မျိုး ခုတစ်မျိုး လုပ်ထားတယ်။ အင်တာနေရှင်နယ် ဆန်လာတယ်။ မိန်းကလေးနေရာမှာ မိန်းကလေး သရုပ်ဆောင် ခိုင်းထားတယ်။ ကျွန်တော် ကိုယ်တိုင်လည်း နှစ်ကိုယ်ခွဲပြီး သရုပ်ဆောင်ထားတာ ရှိတယ်။” လို့ ဆိုပါတယ်။

မိုးရာသီပြီးရင် ရုပ်ရှင်ရိုက်မယ့်အကြောင်းလည်း က ခုလို သတင်းကောင်း ပေးသွားပါတယ်။

“မိုးရာသီပြီးမှ ကိုးလပိုင်း စပ်ကြားမှာ ရုပ်ရှင်ကားကြီး ရိုက်ဖို့တော့ ရှိတယ်။ ခုမှ ပြောနေတုန်း ရှိသေးတာမို့ ဘာကားလဲ ဆိုတာတော့ confirm လို့ မရသေးဘူး။ အဲ့နောက်ပိုင်းကတော့ ရုပ်ရှင်ကားကြီးအတွက် အချိန်ပေးထားတယ်။ ဒီနှစ်ထဲမှာ ဗီဒီယို ပုံစံပြောင်းထားတယ်။ ဒီထက်ကောင်းတဲ့ ကွာလတီ အရည်အသွေးနဲ့ ဘဝပညာပေး လာဖို့ရှိတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

Comments are closed.