ဖူးစာရှင်က ယောကျ်ားလေးလား မိန်းကလေးလားမသိသေးဘူးဆိုတဲ့ ဒီ ဒီး

ဖူးစာရှင်က ယောကျ်ားလေးလား မိန်းကလေးလားမသိသေးဘူးဆိုတဲ့ ဒီ ဒီး

မြန်မာနိုင်ငံက အွန်လိုင်းသုံးတဲ့ လူငယ်တချို့ကြားမှာရေးပန်းစားတဲ့ Video Vlogger တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ Dee De ကိုတော့ တချို့လူငယ်တွေကိုတော့ အထူးမိတ်ဆက်ပေးဖို့လိုမယ် မထင်ပါဘူး ။တချို့မသိသေးတဲ့ လူတွေအတွက်တော့အနည်းငယ်မိတ်ဆက်ပေးရမယ်ဆိုရင်တော့ သူက စိတ်ဓာတ်မြှင့်တင်ရေး Video လေးတွေကို တင်ဆက်ပေးနေတဲ့သူတစ်ယောက်လို့ အကြမ်းဖျင်းမိတ်ဆက်ပေးလိုက်ပါရစေ။ သူက Dora Alex နဲ့ Music Video လေးရိုက်ဖြစ်တဲ့အကြောင်းတွေကို Media 9 နဲ့အင်တာဗျူးတစ်ခုမှာ ပြောပြသွားပါတယ်။ သူပြောပြသွားတဲ့ အကြောင်းတွေကို ပြောချင်လွန်းလို့ ပရိသတ်တွေကိုသိအောင်ပြောပြလိုက်ပါတယ်။

ဒီ ဒီးက ဒိုရာနဲ့ Music Video ရိုက်ဖြစ်တဲ့အကြောင်းကိုလည်း “Swiss Education Group ကနေ Invitation လုပ်လို့ရောက်သွားတော့ အစက သူ့ကိုမသိဘူး ။ ပြီးတော့ သူရဲ့သီချင်းကိုဖွင့်ပြတယ်။ သူဖွင့်ပြတော့ အရမ်းကြိုက်သွားတယ် ။ Freeze ရဲ့ Different နှစ်ပုဒ်ရှိတယ် အရမ်းကြိုက်တယ်ဆိုတော့ MTVရိုက်ကြအောင်ပြောတော့ သူကလည်း စိတ်ဝင်စားတယ် ။ စိတ်ဝင်စားတော့ရိုက်ဖြစ်တယ်။ ဘယ်လိုကြောင့်ခံစားဖြစ်သွားလဲဆိုတော့ အဲ့ဒီသီချင်းက ကျနော်တို့ သရုပ်ဆောင်ထားတဲ့အထဲမှာ ကောင်လေးက ကောင်မလေးကိုအရမ်းချစ်တာ ဒါပေမယ့် ကျနော်တို့ရိုက်တာကတော့ သစ္စာဖောက်သွားတာပေါ့ ။ အဲ့ဒီအချိန်မှာကောင်လေး ရဲ့ခံစားချက်တွေက ပုံစံတစ်မျိုးပြောင်းသွားတာပါ။ အဲ့ဒီအချိန်လေးကို အခြေခံပြီး ရိုက်ထားတာပါ ။”ဆိုပြီးပြောပြသွားပါတယ်။

ဆက်လက်ပြီးတော့လည်း ဒီဒီးက “ ကိုယ့်ရဲ့ဘဝမှာ ကိုယ် ဘယ်သူ့ကိုပဲချစ်ချစ် ကိုကြိုက်တဲ့သူကိုရွေးချယ်မှုကို လုပ်ပိုင်ခွင့်ရှိတယ်ပေါ့နော်။ အဓိကက နှစ်ဦးနှစ်ဖက်နားလည်နိုင်တယ်ဆိုရင် အဆင်ပြေတယ် အဲ့ဒီလိုမျိုးခံယူတယ်။ တချို့လူတွေက ဟားတိုက်တာတွေလည်းသိရတယ်။ တချို့လူတွေကလည်း ဝမ်းသာတဲ့သူတွေလည်းတွေ့ရတယ်။ ကွန်ကရက်ကျူးလေးရှင်းဆိုပြီးမှ အမျိုးမျိုးလာတယ်။ လူတွေကတစ်ယောက်နဲ့တစ်ယောက်နဲ့ အမြင်တွေမတူဘူးပေါ့ ။ Bisexual ဆိုတာက ယောက်ျားလေးရော မိန်းကလေးရော ကြိုက်ပိုင်ခွင့်ရှိတယ်။ လက်ရှိကတော့ တစ်ယောက်တည်းပါပဲ ။ ကိုယ့်ရဲ့ဖူးစာဆိုတာ ကိုယ်မသိဘူး ကိုယ်က Bisexual လို့ပြောထားတယ် ယောကျ်ားလေးလည်းကြိုက်တယ်။ မိန်းကလေး လည်းကြိုက်တယ်။ ဘယ်သူနဲ့ညားမလည်းမသိဘူး ။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။

Comments are closed.