ကမ္ဘာကျော်တော့မယ့် မြန်မာပြည်က Food box

ကမ္ဘာကျော်တော့မယ့် မြန်မာပြည်က Food box

ဆဲချင်တဲ့သူက ထိုင်ဆဲမယ် အပြစ်ပြောချင်သူကလည်း ထိုင်ကြည့်ပြောနေမယ်။ ဝေဖန်သူကလည်း နေရာကို ရောက်ရဲ့လားတောင်မသိ ဝေဖန်ကြမယ်။ ဒါက တစ်ပိုင်း။ Food box တဲ့..လတ်တလော အနေအထားအရ..အောင်မြင်တယ်လို့ဆိုရပါမယ်။ လာလှူတဲ့ သူတွေကလည်း နာရီ အပိုင်းအခြား တစ်နာရီအတွင်း ၃ ..၄..၅ ဖွဲ့။

တချို့ကလည်း ကိုယ်တိုင် box ထဲကို ထည့် လှူချင်လို့ထိုင်စောင့်ကြသလို၊ တချို့ကလည်း food box ကို လုပ်အားပေးထိန်းသိမ်းပေးနေသော လူမှုရေး အသင်း ကို ပေးလှူခဲ့တာမျိုးရှိတယ်။ဒီနေ့..တရုတ်ပြည် ရှန်ဟဲ က တရုတ်(၃)ဦး မှာ Food box အကြောင်း မေးပြီး သဘောတွေကျ၊ သူတို့ကိုယ်တိုင်တောင် ယူစားတယ်၊ live တွေလွှင့်ပြီး သူတို့လူမျိုးတွေ သိအောင်

တင်ပေးသလို၊ နိုင်ငံခြားသားတစ်ယောက် လမ်းလျှောက်လာပြီး တန်းစီစောင့်တယ်၊ လုမယူဘူး။ သူ အလှည့်ရောက်မှ သူစားချင်တာလေး ယူသွားတယ်။တချို့လူတွေကြ ဆာလောင်လို့ထက် အပျော်သဘော လုပ်တာမျိုး မြင်တွေ့ခဲ့ရတယ်။ ကျွန်တော်ကတော့ အဲ့လိုတွေ့ရင် အားမနာပဲ နားလည်အောင် ရှင်းပြရပါတယ်။မပြောရင်မပြီးဘူး မဟုတ်လား။ ဝမ်းသာစရာကောင်းတာက.. လူငယ်တစ်စု က သူတို့ သူငယ်ချင်းတွေ စုပြီး Food box လုပ်ဖို့ ဆက်သွယ်တိုင်ပင်လာတယ်။

Food box ဟာ လှူတန်းသူတွေရှိနေသမျှတော့ မြင်တွေ့နေရမှာပါ။ စည်းကမ်းမဲ့ သူတွေဟာလည်း တစ်ခါ က နှစ်ခါ၊ နှစ်ခါက သုံးခါ မဲ့ လာမှာမဟုတ်ပါဘူး။ သူတို့ မသိစိတ်ထဲကို အသိစိတ်လေး ကိန်းဝင်အောင်တော့ ရှင်းပြရပါတယ်။လက်ရှိအနေအထားထိတော့ အောင်မြင်နေဆဲပါ။ သို့သော် လူတွေ အသိစိတ်မှာ ဘယ်နှစ်ဦး ကိုယ်ချင်စာနာစိတ်တရား ရသွားလည်း ကတော့ အချိန်အခါ ပေါ်မူတည်ပြီး ကြံကြံခံရမှာပါ။ ပြည်သူ က ပြည်သူကို ဝန်းရံခြင်းပါပဲ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

ဉူးမီးစက်ကြီး(မန္တလေးတွင်နေသည်) (လေးစားစွာဖြင့် ခရက်ဒစ်)

Comments are closed.