မိခင်နှင့်ချစ်ကြိုက်သူက မိခင်ကိုမယူသဖြင့် သားဖြစ်သူက မကျေနပ်ရာမှ ဓားနှင့်ခုတ်သတ်မှုဖြစ်ပွား

မိခင်နှင့်ချစ်ကြိုက်သူက မိခင်ကိုမယူသဖြင့် သားဖြစ်သူက မကျေနပ်ရာမှ ဓားနှင့်ခုတ်သတ်မှုဖြစ်ပွား

၁၃.၆.၂၀၁၉ နံနက်၁၁၃၀ အချိန်ခန့် မန္တလေးတိုင်းဒေသကြီး၊မတ္တရာမြို့နယ်၊ဆည် တော်ကြီးနယ်မြေ ရဲစခန်းအပိုင်ရဲစခန်းအရှေ့တောင်(၈)မိုင်ခန့်ကွာဝေးသည့်မတ္တရာ မြို့နယ်၊အထက်တောင်ကိုင်းကျေးရွာအုပ်စု၊ရုံးပင်ကျေး၊ရွာနေမအိဇာ(၂၈)နှစ်နေ့စားလုပ်ကိုင်သူသည်နေအိမ်တွင်ရှိနေစဉ် အတူနေ ဖခင်ဖြစ်သူ ဦးမြင့်ဝင်း(၅၇)နှစ်(ဘ တောင်သူ လုပ်ကိုင်သူအား ရုံးပင်ကျေးရွာ၏ အရှေ့ဘက် (၄)ဖာလုံခန့်အကွာရှိဦးပု တောင်သူလုပ် ကိုင်သူ၏ ယာတဲအနီး ၊

တွင် ဓားခုတ်ခံထားရသည့် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တစ်ရွာတည်းနေ မလဲ့(၂၈)နှစ်၊ တောင်သူလုပ်ကိုင်သူမှ နေအိမ်သို့လာရောက်ပြောပြချက်အရ သွားရောက်ကြည့်ရှုရာ ဖခင်ဖြစ်သူ ဦးမြင့်ဝင်း၏ ဝဲဘက်နားထင်အပေါ်ပိုင်း ၊အရှည် လက်မခန့်ပြတ်ရှဒဏ်ရာ(၁)ချက်၊ ယာဘက်မျက်ခုံးမှ ဝဲဘက်ပါးရိုးထိ(၆)လက်မခ န့်ပြတ်ရှဒဏ်ရာ(၁)ချက်တို့ဖြင့်သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းမေးမြန်းရာ ဖခင်ဖြစ်သူ ဦးမြင့်ဝင်းအားတစ်ရွာတည်းနေမင်း မင်း(ခ)မင်းမင်းထက် (၃၂)နှစ် ၊ တောင်သူလုပ်ကိုင်သူမှ ၎င်း၏အကူနေမိခင်ဖြစ်သူ ဒေါ်အေး(၇၀)နှစ်၊ တောင်သူလုပ်ကိုင်သူနှင့် လူမှုရေးဖောက်ပြန်ကြောင်းစွပ်စွဲကာစကားများ ခိုက်ရန်ဖြစ် ပွားရာမှ ၎င်းလက်ထဲအသင့်ပါလာသော အရိုး(၅ )ပေ (၃ လက်မခန့်၊ အသွား (၁)ပ/၃ လက်မခန့်၊ ဗျက်လက်မခန့်ရှိ ဝါးရိုးတပ် ဓါးဦးတိုးကိုင်းခုတ်ဓါးရှည်(၁)ချောင်းဖြင့် ခုတ်ခဲ့ရာမှ သေဆုံးခဲ့ကြောင်းသိရှိရသဖြင့်ဆည်တော်ကြီးနယ်မြေရဲစခန်းသို့ ၁၃.၆.၂၀၁၉.ရက် နေ့လည်၁နာရီ၀၀ အချိန်ခန့် ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့ရာ

၁၃.၆.၂၀၁၉ နေ့၁နာရီ၄၀ အချိန်ခန့် ဆည်တော်ကြီး နယ်မြေရဲစခန်းမှ စခန်းမုှး ရဲအုပ် ဇော်ဝင်း ဦးစီး၊ နထခေါင်းဆောင် ဒုရဲအုပ် နောင်နောင်ဝင်းနှင့်အဖွဲ့တို့ ရောက်ရှိလာပြီး ဓါးဖြင့်ခုတ်သူ မင်းမင်း(ခ)မင်းမင်းထက်အား သက်သေ ဦးမောင်ညို(၆၁)နှစ်၊အုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဆောင်(၅၅)နှစ် ်၊ရာအိမ်မှူး၊ ရုံးပင်ကျေးရွာ အထက်တောင်ကိုင်းအုပ်စု ၊ မတ္တရာမြို့နယ်နေသူတို့နှင့်အတူ ၁၄၀၀ အချိန်ခန့် မင်းမင်း ()မင်းမင်းထက်အား ၎င်းနေအိမ်မှ ဝိုင်းဝန်းထိန်းသိမ်း၍ ရဲစခန်းသို့ခေါ်ဆောင် သွားပြီးနောက် သေဆုံးသူဖခင်ဖြစ်သူ ဦးမြင့်ဝင်း၏အလောင်းအား ၂၀၁၉ ဇွန် ၁၃ ၁၄၅၅ အချိန် မတ္တရာပြည်သူ့ဆေးရုံသိုရဲဆေးစာဖြင့်ပို့ဆောင်စဉ် တာဝန်ကျလ/ထဆရာဝန် ဒေါက်တာ ဉာဏ်ထက်မှ PR အမှတ်(၃၀/၂၀၁၉ ဖြင့် လက်ခံစစ်ဆေးလျှက်ရှိကြောင်းသိရှိရပြီး

ဖခင်ဖြစ်သူ ဦးမြင့်ဝင်းအား အသက်သေဆုံးအောင် ဓါးဖြင့်ခုတ်သူမင်းမင်း(ခ)မင်းမင်းထက် အား ဥပဒေအရအရေးယူပေးပါရန်၁၃.၆.၂၀၁၉ညနေ၃နာရီ၅၀မိနစ်အချိန်မအိဇာမှ တရားလိုပြုလုပ်တိုင်တန်းလာသဖြင့်၁၃.၆. ၂၀၁၉ ညနေ၄နာရီ၁၅ အချိန်ဆည်တော်ကြီးနယ် မြေရဲစခန်း၄၀/၂၀၁၇၊ရာဇသတ်ကြီးပုဒ်မ-၃၀၂(အမှုကြီးအမှတ်စဉ်-၂/၂၀၁၉)အရ အမှုရေးဖွင့်ပြီးအမုှစစ်အဖြစ်ရဲအုပ်ဇော်ဝင်းကလက်ခံစစ်ဆေးနေကြောင်းသိရှိရသည်။

စစ်ဆေးပေါ်ပေါက်ချက်အရပြစ်မုှကျူးလွန်သူက၎င်း၏မိခင်နှင့််ချစ်ကြိုက်နေသူသေဆုံးသူကိုမိခင်အားယူနိုင်မလားမေးမြန်းခဲ့ရာသေဆုံးသူကမယူနိုင်ဘူးပြောခဲ့သဖြင့်၎င်းကအသလိုဆိုမိခင်နှင့်မတွေ့နဲ့တော့ပြောခဲ့ရာသေဆုံးသူကမိခင်နှင့်မတွေ့ရသဖြင့်အခင်းဖြစ်နေ့၁၀နာရီကျော်အချိန်၎င်း၏နေအိမ်အရှေ့သို့လာရောက်ဆဲဆိုသဖြင့်စိတ်ဆိုးဒေါသထွက်ကာဓားနှင့်ခုတ်ခဲ့ကြောင်းပေါ်ပေါက်ခဲ့ပါသည်…။

Comments are closed.