သင့် ရှယ်ရာ တစ်ချက်ဖြင့် လူပေါင်းများစွာရဲ့ ဒုက္ခဝေဒနာကို ကယ်တင်ပေးလိုက်ပါ “နှလုံးသွေးကြောကျဉ်းနှင့်ပန်းနာရင်ကျပ်အတွက်ဆေး

သင့် ရှယ်ရာ တစ်ချက်ဖြင့် လူပေါင်းများစွာရဲ့ ဒုက္ခဝေဒနာကို ကယ်တင်ပေးလိုက်ပါ “နှလုံးသွေးကြောကျဉ်းနှင့်ပန်းနာရင်ကျပ်အတွက်ဆေး

တစ်နေ့ ခင်မင်ရင်းနှီးနေသော အမတစ်ယောက်မှ … …မောင်လေးစိုင်းမင်းသန့်မင်းကတိုင်းရင်းဆေးနည်းတွေတင်နေတာမို့ အမတို့မိသားစု လက်တွေ့ဆေးနည်းလေးပြောပြပါ့မယ် … ဟုတ်ကဲ့ခင်ဗျ အများအတွက်အကျိုးရှိတာပေါ့အမ ကုသိုလ်ရတာမို့ ပြောပြပါခင်ဗျာ …အမရဲ့ အဖေက နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နေတာပါ အမက ပန်းနာရင်ကျပ်ရောဂါဖြစ်တယ် ။

အာ့နဲ့ ပင်စိမ်းပင်နဲ့ရောဂါ ( 40 ) ဖတ်မိပြီး ပင်စိမ်းပင် ကလည်း အရံသင့်ရှိတာနဲ့ လက်တွေ့ဆေးအဖြစ်အသုံးပြု လိုက်တာ !ပုံထဲကအတိုင်းပဲ အမရဲ့ အဖေရောဂါစဖြစ်တော့ အသက် ၆၇ – ၆၈အရွယ် လူကပိန်ပြီး ရင်ဘတ်ကအောင့် လူကနည်းနည်းလှုပ်လည်းမောတယ် ။ပင်စိမ်းပင်ဆေးသုံးစွဲပြီး နှစ်လအကြာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ အရင်လို ရင်ဘတ်အောင့်တာ မောတာတွေ မရှိတော့ဘူး !

စားကောင်းအိပ်ကောင်းနဲ့မြင်တဲ့အတိုင်း ကျန်းမာဝဖြိုးလာတာလက်တွေ့ပါ ။အမလည်း အဖေ့လိုပဲ ပင်စိမ်းကို ဆေးအဖြစ်သုံးလိုက် တာ ပန်းနာရင်ကျပ် သက်သာခဲ့တယ် အရင်လို အင်္ဂလိပ်ဆေးဝါးတွေ မသုံးစွဲရတော့ဖူး လူလည်းအတော်နေလို့ကောင်းလာတယ် ။အဲ့ဒါကြောင့် ငါ့မောင်က တိုင်းရင်းဆေးတွေမျှဝေနေတော့ အများအတွက် အကျိုးရှိမယ့် ဆေးနည်းပါ အမတို့လက်တွေ့ သက်သာပျောက်ကင်းခဲ့တာပါ ။နှလုံးသွေးကြောကျဉ်းနဲ့ပန်းနာရင်ကျပ်အတွက်ဆေးနည်းကတော့ မခက်ပါဖူး စိတ်ရှည်ရှည်နဲ့သေခြာလေး လုပ်ဆောင်ပေးဖို့ပါပဲ ။

ဆေးနည်း ။ပင်စိမ်းပင် လက်တစုပ်ကို ရေသန့်စင်အောင် သေခြာဆေးပါ ။ထို့နောက် ပင်စိမ်းရွက်သတ္တုရည်အကြမ်းပန်ကန်လုံးတစ်ဝက်ရအောင်ထောင်းပြီညှစ်ယူပါ ။ပြီးရင် ရလာတဲ့ ပင်စိမ်းသတ္တုရည် အကြမ်းပုဂံ တလုံးခန့်ကို ပျားရည် ဟင်းစားဇွန်းတဇွန်းခန့် ထည့်ပြီးသောက်ပေးပါ ။(သွေးတိုးမရှိလျှင်)ဆားအနည်းငယ်ခပ်သောက်ပါ )

ဆေးထောင်းတဲ့အခါကျောက်ပျဉ်/ ကျောက်ငြုပ်ဆုံထဲထည့်မထောင်းပါနဲ့ကျောက်မှုန့်တွေပါတတ်လို့ပါ ။အမကတော့ သစ်သားစင်းတီးတုံး နဲ့အရိုးအရွက်တွေကိုထောင်းပီးအရည်ညှစ်ယူပါတယ် အရိုးအရွက်အကုန်ထောင်းပါ ။ဒန်သတ္တုငြုပ်ဆုံထဲလည်းထည့်ထောင်းရင်အဆင်ပြေပါတယ် ။ဆေးသောက်ပီး၂နာရီလောက်ဆို ရင်ခေါင်း ဝမ်းခေါင်းပူလာတတ်ပါတယ် အစာတစ်ခုခုစားလိုက်ပါ စားပီးရေအဝသောက်ပါ ။သောက်စ (၁) ရက်(၂) ရက် ဝမ်းချုပ်သလိုဖြစ်မယ် ဘာမှကြောက်စရာမလိုပါဖူး ရေသာများများသောက်ပေးပါ ပုံမှန်ပြန်ဖြစ်သွားပါမယ် ။

အမရောဂါစဖြစ်ကာစ အသက်ရှူရင် လေသံကတရွှီးရွှီးနဲ့နေ့ရောညပါ အိပ်မရဖူး အဖေနဲ့အတူတူ ပင်စိမ်းသတ္တုရည်ကိုသောက်လိုက်တော့ !ချက်ခြင်း တရွှီးရွှီးလေသံတွေပျောက်သွားပြီး နေကောင်းလာတယ် ပထမတရက်တော့သောက်စမို့လားသိဘူး ပိုကျပ်တာနဲ့ ဆားအနည်းငယ် ထည့်သောက်ပါတယ် ။အဖေဆို ဖြစ်စက မရတော့ဘူးထင်တာသူများတွေအေးခဲစောင်ခြုံနေချိန် အဖေကချွေးစေးတွေပြန်အသက်ရူ ကြပ်ပြီး မရတော့ဘူးလို့တောင်ထင်တာပါ ။

အခုတော့ ပင်စိမ်းသတ္တုရည် နဲ့ ပျားရည်း အစွမ်းကြောင့် အဖေ့နှလုံးရောဂါနဲ့ အမရဲ့ပန်းနာရင်ကြပ် ရောဂါ လက်တွေ့ဆေးနည်းလေးမို့ စိုင်းမင်းသန့်ကို ပြောပြတာပါ ။အဓိက အထက်ကပြောခဲ့တဲ့ အတိုင်း စိတ်ရှည်ရှည်နဲ့ ဆေးကိုပုံမှန်သောက်ပေးဖို့ ထပ်ပြောပါရစေနော် … …ဆေးနည်းကိုပြောပြပေးသော အမ ရွှေခြံသူ မအိမ်ကံ ကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ …

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Comments are closed.