ခုနှစ်ရက်သား၊သမီး အတွက် ၁၇.၆.၂၀၁၉ မှ ၂၃.၇.၂၀၁၉ အထိ တစ်ပတ်စာ ဟောစာတမ်း

ခုနှစ်ရက်သား၊သမီး အတွက် ၁၇.၆.၂၀၁၉ မှ ၂၃.၇.၂၀၁၉ အထိ တစ်ပတ်စာ ဟောစာတမ်း

တနင်္ဂနွေသား၊သမီးများအတွက်

ဒီတပတ်အတွင်း ငွေကံမကောင်း၍ ဆုံးရှုံးမှုများမည်၊သူတပါး၏ အပြစ်ပြောဆိုမှုခံရမည်၊ ဆိုင်သစ်၊ နေရာသစ်အိမ်သစ် ကိစ္စတွေအောင်မြင်ရတတ်သည်၊ တအား ပင်ပန်းမည်၊ စိတ်မော လူမောတွေဖြစ်မည်၊ အလုပ်ပိပြီး ကျန်းမာရေး ညံ့သွားတတ်သည်၊ချစ်သူရည်းစားများအတွက်တော့ အဆင်မပြေမှုတွေ များနေပါလိမ့်မည်၊ စိတ်တွေက တခြားတစ်ယောက်ဆီ ရောက်နေတတ်ပါသည်၊ အိမ်ထောင်သည်များ ကတောက်ကဆဖြစ်လွယ်တဲ့ကာလပါ၊ ကျန်းမားရေးနဲ့ ပတ်သက်ပြီး ခြေထောက်၊ ခါး ဂရုစိုက်ပါ ။{ယတြာ} – နေအိမ်ဘုရားမှာ အုန်းထမင်း၊ ကောက်ညင်းပေါင်း ကပ်လှူပူဇော်ပါ

တနလာၤသား၊သမီးများအတွက်

ဒီတပတ်အတွင်း လုပ်ငန်းသစ်စီးပွားသစ်ဆိုတာမျိုးတွေ ကြုံလာရမဲ့အချိန်ပါ၊ စပ်တူလုပ်ထားတဲ့အလုပ်တွေကနေ ထူးခြားစွာအကျိုးအမြတ်ရရှိလိမ့်မည်၊ အလုပ်ကံစီးပွားကံကောင်းမည်၊ လက်အောက်ငယ်သားများကြောင့် စိတ်ရှုပ်ရတတ်သည်၊ဘာသာရေးလုပ်ငန်းများတာဝန်ယူ ဆောင်ရွက်ရမည်၊ ဆွေမျိုးများ၏အားပေးမှု့အတိုင်းလုပ်ဆောင်ဖြစ်မည်၊အချစ်ရေး အဆင်မပြေတာမျိုးကြုံမည်၊ အိမ်ထောင်ရေး အဆင်ပြေမည်၊ ထီးကံစမ်းပြီး ထိုးပေးပါ ။

{ယတြာ} – ဘုရားတွင် ကိုယ့်မွေးနေ့မှာ ရွှေပန်း(၁၂ပွင့်)၊ ကပ်ပေးပါ

အင်္ဂါသား၊သမီးများအတွက်

ဒီတပတ်အတွင်းဆွေမျိုးသားချင်းတွေရဲ့အားကိုးခြင်းခံံရမည်၊ လုပ်ငန်းတိုးချဲ့ခြင်း အလုပ်အကိုင်အဆင်ပြေမည်၊အဖက်ဖက်မှာ ငွေဝင်တတ်သည်၊ ငွေရွှင်မည်၊အဖိုးတန် ပစ္စည်းများ ပျောက်ကိန်းရှိသည်၊ သူတပါး အစွပ်အစွဲခံရတတ်သည်၊ အချစ်ရေးကံ ညံ့မည်၊့အချစ်ရေးမှာ ချစ်သူကြောင့် စိတ်ညစ်နေရမည်၊အိမ်ထောင်ဘက် ဆွေမျိုးများနှင့် စကားများရတတ်သည်၊အရောင်းအဝယ်ကိစ္စတွေ အဆင်ပြေရမည်၊ကျန်မားရေးမှာ ဝမ်းဗိုက်-အစာအိမ်ရောဂါ ဂရုစိုက်ပါ ။{ယတြာ} – ဘရားမှာ ဇွန်ပန်း(၁၀ကုံး)၊ ရွက်လှ (၃ခက်) ကပ်လှူပေးပါ

ဗုဒ္ဓဟူးသား၊သမီးများအတွက်

ဒီတပတ်အတွင်းလုပ်ငန်းစီးပွားရေးမှာ အနောက်အယှက်အပြိုင်အဆိုင်များမည်၊ မနာလိုသူ များမည်၊ ပုံမှန်လုပ်နေကျအလုပ်မျိုးကိုလုပ်ပါ၊မိမိမှာစိတ်ပင်ပန်း လူပင်ပန်းကြိုးစား ရမယ့် ကာလဖြစ်ပါတယ်အိမ်ထောင်ဘက်နှင့် စကားပြောအဆင်မပြေတာမျိုးကြုံမည်၊

ကြာသပတေးသား၊သမီးများအတွက်

ဒီတပတ်အတွင်းစက်ပစ္စည်းနဲ့ပတ်သက်ပြီးဝင်ကိန်းရှိသည်၊ လုပ်ငန်းပြောင်းခြင်း၊ လုပ်ငန်းတိုးချဲ့ခြင်း မလုပ်ပါနှင့်၊နယ်အဝေးမှ မိတ်ဟောင်းဆွေဟောင်းများနှင့် ဆုံတွေ့ရတတ်သည်၊ အထက်လူကြီးများထံမှ အကူအညီရတတ်သည်၊မိသားစုကြောင့် စိတ်ပူပင်သောက ရောက်မည်၊

အိမ်ထောင်ရှင်များ အိမ်ထောင်ရေး မပြေမလည်ဖြစ်မည်၊အချစ်ရေးမှာ သူငယ်ချင်းအပေါင်းအသင်းကြောင့် ချစ်သူနှင့်စကားများရတာမျိုးကြုံမည်၊ ချစ်သူဟောင်း ငယ်ချစ်ဦးနှင့်ဆုံတွေ့ရတတ်သည်။{ယတြာ} – ဘုရားမှာ အသီး(၇မျိုး)ကပ်လှူပူဇော်ပါ

သောကြာသား၊သမီးများအတွက်

ဒီတပတ်အတွင်း စီးပွားရေးမှာ ရှယ်ယာလုပ်ငန်းဖြင့် အကျိုးပေးမည်၊ လုပ်ငန်းမှာ အထက်လူကြီးများ၏ ချီးမွမ်းခြင်း ခံရမည်၊ ငွေရေးကြေးရေးနှင့် ပတ်သက်ပြီး ချေးတာငှါးတာ မလုပ်ပါနှင့်၊ ကိုယ်ပေါ် အခွင့်အရေးယူတဲ့သူများမည်၊ သူတပါးကို အလွယ်တကူ ကူညီတာမျိုးမလုပ်ပါနှင့် အလိမ်ခံရတတ်သည်၊

အိမ်ခြံမြေ အရောင်းအဝယ်များ အထူးအဆင်ပြေမယ်၊ ကြားသပတေးသား-သမီးများရဲ့အကူအညီ အထောက်အပံပေးတာခံရမည်၊ ချစ်သူနှင့် အ ပျော်ခရီးသွားတာမျိုးကြုံရတတ်ပါသည်၊ အိမ်ထောင်ရှင်များအိမ်ထောင်ရေး အဆင်ပြေမည်၊ ရွှေ-ငွေ-ရတနာများ တန်ဖိုးရှိကြီးသော ပစ္စည်းများ ဝင်ကိန်းရှိသည်၊ ကျန်းမားရေးနှင့်ပတ်သက်ပြီး ရင်ဘတ်အောင့်တာမျိုးဖြစ်မည်။{ယတြာ} – သပြေညွှန်(၇)ညွှန်၊ သစ္စာပန်း (၅ခက်) ဘုရားမှာ ကပ်လှူပေးပါ

စနေသား၊သမီးများအတွက်

ဒီတပတ်အတွင်း စီးပွားရေးလုပ်ငန်းနှင့် ပတ်သက်ပြီးစိတ်ညစ်စရာတွေများမည်၊ အလုပ်အကိုင် လုပ်ငန်းကြောင့် အိမ်မိသားစုနှင့် အဆင်မပြေတာတွေကြုံရမည်၊ငွေးရေးကြေးရေးနဲ့ ပတ်သက်ပြီး ဆုံးရှုံးထားတာတွေ ပြန်ရတတ်သည်၊ ရသလောက်ငွေ လက်ထဲမြဲမှာမဟုတ်ပါဘူး

ကိုယ်မထင်ထားသည့်သူများထံမှ အကူအညီရတတ်ပါသည်၊မိသားစုနှင့် ခဏတာခွဲပြီး ခရီးဝေးများသွားရမည်၊အချစ်ရေးမှာ ချစ်သူနှင့် အဆင်မပြေတာကြုံမည်၊ချစ်သူ ကစပြီး အဆက်အသွယ်ဖြတ်တာမျိုးကြုံတွေရတတ်ပါသည်၊ ကျန်းမားရေးနဲ့ ပတ်သက်ပြီးဆေးရုံး-ဆေးခန်းကြောင့်ငွေကုန်မည် ။{ယတြာ} – နှင်းဆီပန်း အနီရောင်(၁၀ပွင့်)၊ နဂါးမောက်သီး (၃လုံး) ကပ်လှူပေးပါ။

နက္ခကတ်ဗေဒင်ပညာရှင် ဆရာဇွဲမင်းထက် Ph:09-43110624 …..။ ခုနှစ်ရက်သား၊သမီးများအားလုံး စိတ်ချမ်းသာ၊ကိုယ်ကျန်းမာပြီး ကောင်းခြင်းသုခအဖြာဖြာ နှင့် ပြည့်စုံကြပါစေ ။

Comments are closed.