မိသားစုလိုက် ခရီးထွက်ရင်း ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ ကားပေါ်မှာ သီချင်းအော်ဆိုနေကြတဲ့ Live ဗီဒီယို

မိသားစုလိုက် ခရီးထွက်ရင်း ခေတ်လေးနဲ့ သစ်လေးတို့ရဲ့ ကားပေါ်မှာ သီချင်းအော်ဆိုနေကြတဲ့ Live ဗီဒီယို

အနုပညာရှင်တွေဖြစ်ကြတဲ့ လင်းလင်းနဲ့ ချစ်သုဝေတိုရဲ့စန်းတွေကို အကုန်အမွေရထားတဲ့ မေမြန်မာခေတ်နဲ့ မေမြန်မာသစ်တို့ ညီအမနှစ်ယောက်ကတော့ စကားအရမ်းတတ်လွန်းတာကြောင့်ပါ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားသူလေးတွေပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ချစ်သုဝေက မိသားစုလိုက် ခရီးတစ်ခုထွက်နေတဲ့အကြောင်း Live ဗီဒီယိုလေးတစ်ခုကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အဆိုပါ Liveလေးထဲမှာတော့ ခေတ်နဲ့သစ်တို့ နှစ်ယောက်လုံးက မိဘနှစ်ပါးနဲ့အတူ ပျော်ပျော်ပါးပါး သီချင်းတွေ အော်ဆိုခဲ့ကြပါသေးတယ်နော်။

ချစ်ပရိသတ်တွေအတွက် အဆိုတော် မိဘနှစ်ပါးရဲ့အနုပညာပိုးတွေ အပြည့်အဝပါတဲ့ ခေတ်နဲ့ သစ်လေးတို့ရဲ့ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ချစ်သုဝေကတော့ ခေတ်လေးနဲ့ သစ်လေးကို ကျောင်းကြိုပြီး တစ်ခါတည်း မိသားစု ခရီးထွက်နေတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ မိုးထဲရေထဲမှာ ခရီးထွက်နေကြတဲ့ ချစ်သုဝေတို့ မိသားစုကိုကြည့်ရတာ အရမ်းကို ပျော်စရာကောင်းလှပါတယ်နော်။

မိဘနှစ်ပါးနဲ့အတူ အဆိုတော်ကြီးတွေ လုပ်နေကြတဲ့ ခေတ်နဲ့ သစ်လေးတို့ရဲ့ဗီဒီယို

အနုပညာကိုသာ အာရုံစိုက်ပြီး မေတ္တာတရားတွေ ပြည့်နေတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့ကတော့ ဘယ်အချိန်ကြည့်ကြည့် အမြဲအေးချမ်းနေတာပဲ ဖြစ်ပါတယ်။ အလှူအတန်းလုပ်ရတာကိုလည်း ဝါသနာပါတဲ့ လင်းလင်းနဲ့ ချစ်သုဝေတို့နှစ်ဦးကတော့ သမီးလေးနှစ်ယောက်ရဲ့နာမည်နဲ့ ဖောင်ဒေးရှင်းတည်ထောင်ပြီး ကျန်းမာရေးချို့တဲ့နေတဲ့ ကလေးတွေကို ကူညီပေးနေတာပါ။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Source;Htwe Lynn Ko’s Facebook

Comments are closed.