သွေးတိုးကျစေပြီး နှလုံးရောဂါ သက်သာစေတဲ့ ဘူးသီးရဲ့ ကျန်းမာရေး ဆေးစွမ်းထက်မှုများ

သွေးတိုးကျစေပြီး နှလုံးရောဂါ သက်သာစေတဲ့ ဘူးသီးရဲ့ ကျန်းမာရေး ဆေးစွမ်းထက်မှုများ

မြန်မာလူမျိုးတွေရဲ့ မီးဖိုချောင် ထဲမှာ အတွေ့ရများတဲ့ ဘူးသီး ဟာ သွေးတိုးကျစေတဲ့ အစွမ်းနဲ့ နှလုံးရောဂါ သက်သာစေတဲ့ အစွမ်းရှိတယ်လို့ ဆိုကြပါတယ်။ ဘူးသီးကို ဟင်းခါး အဖြစ် ကျိုချက် သောက်သုံးကြသလို ဘူးသီးကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုး လည်း ပြုလုပ်ကြပါ တယ်။

အသည်းရဲ့ လုပ်ငန်းဆောင်တာတွေကို ဟန်ချက်ညီစေပါတယ်

ဘူးသီးမှာ ပြည့်ဝဆီနဲ့ ကယ်လိုရီ ပါဝင်မှု နည်းပါတယ်။ အမျှင်ဓာတ်၊ ဗီတာ မင်စီ၊ ရိုင်ဘိုဖလေဗင်၊ ဇင့်(သွပ်)၊ သိုင်ယာ မင်၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ် တို့ ပါဝင်မှု များပါတယ်။ ဒါကြောင့် အသည်း ကို သန့်စင် စေတာ၊ ပြန်လည် အားဖြည့်ပေးတာနဲ့ အယ်လ်ကိုဟောကြောင့် ထိခိုက်မှုကို ကာ ကွယ်ပေးတာတို့ လုပ်ဆောင်ပေးပါတယ်။

ဆံပင်ဖြူတာကို လျော့ကျစေပါတယ်

ဘူးရွက် ကရတဲ့ အရည်ဟာ အသားဝါတာကို သက်သာစေပြီး ဘူးသီး အရည် ကတော့ ဆံပင်ဖြူတာကို လျော့ကျစေ တယ်လို့ ဆိုကြပါတယ်။

နုံးချည့်ညောင်းညာမှု သက်သာစေပါတယ်

ဘူးသီး ကို စားပေးတာကြောင့် နုံး ချည့်ညောင်းညာမှု လျော့ကျစေပြီး လန်း ဆန်းစေပါတယ်။ အထူးသဖြင့် ပူပြင်းတဲ့ ရက်တွေမှာ လန်းဆန်းစေပါတယ်။

အစာမကြေတဲ့ ဝေဒနာကို လျော့ကျစေပါတယ်

ဘူးသီးဟာ အယ်လ်ကာလိုင်း ဂုဏ် သတ္တိရှိတာကြောင့် အက်စစ်ဓာတ်လွန် ကဲမှု၊ အစာမကြေတာနဲ့ အစာအိမ်အနာ တို့ကို သက်သာစေတယ်လို့ မှတ်ချက်ပေးထားပါတယ်။

စိတ်စွဲလွန်ဝေဒနာကို သက်သာစေပါတယ်

ဘူးသီး ဟာ နာ့ဗ်ကြောတွေကို အား ကောင်းတဲ့အတွက် အလုပ်တစ်ခုခုကို ထပ်ခါတလဲလဲ လုပ်တတ်တဲ့ စိတ်စွဲလွန် ဝေဒနာ (OCD) ကို လျော့ကျစေပါတယ်။ ဆေးဝါးဗေဒဂျာနယ်ရဲ့ လေ့လာမှုအရ ဘူးသီး မှာ စိတ်စွဲလွန်ဝေဒနာကို လျော့ ကျစေတဲ့ အစွမ်းရှိတယ်လို့ သိရပါတယ်။

ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်

ဘူးသီးမှာ ရေဓာတ် ၉၆ ရာခိုင်နှုန်း ပါဝင်တာကြောင့် ဘူးသီး ၁၀ဝ ဂရမ်စား တဲ့အခါ ၁၂ ကယ်လိုရီပဲ ရရှိပါတယ်။ ဒါ ကြောင့် ကိုယ်အလေးချိန်လျော့ကျစေတဲ့ အစားအစာ တစ်မျိုးအဖြစ် အသိအမှတ် ပြုထားပါတယ်။

အထွေထွေကျန်းမာရေးကို ကောင်းမွန်စေပါတယ်

ဘူးသီးမှာ သိုင်ယာမင်၊ ဗီတာမင်စီ၊ ဇင့်(သွပ်)၊ သံဓာတ်နဲ့ မဂ္ဂနီဆီယမ် တို့ များ စွာ ပါဝင်တဲ့အတွက် အထွေထွေ ကျန်း မာရေးကို ကောင်းမွန်စေပါတယ်။

မျက်စိ ကျန်းမာရေး ကို ကောင်းမွန်စေပါတယ်

ဘူးသီး မှာ ဘီတာကယ်ရိုတင်း ပမာဏ များစွာ ပါဝင်တဲ့အတွက် မျက်စိအ မြင်အာရုံကို ကောင်းမွန်စေပါတယ်။ ဘူး သီးဟာ အစာအိမ်ဝေဒနာ၊ အစာအိမ်အူ လမ်းကြောင်း ပိုးဝင်တာနဲ့ လိပ်ခေါင်းစ တာတွေကိုလည်း သက်သာစေပါတယ်။ ဘူးသီးမှာ သွေးတွေကို သန့်စင်စေတဲ့ အာနိသင်လည်း ရှိတာကြောင့် ရောဂါအ များစုကို တွန်းလှန်ပေးနိုင်ပါတယ်။

သွေးတွင်းသကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်

ဘူးသီး မှာ ပါတဲ့ ပပ်တိုက်နဲ့ အယ်လ် ကာလွိုက်တွေက သွေးတွင်း သကြားဓာတ် ပမာဏကို လျော့ကျစေပါတယ်။ ဒါ ကြောင့် ဆီးချိုရောဂါရှိသူတွေ အသင့်အတင့် စားနိုင်ပါတယ်။သတိပြုရန် – ဘူးသီးသည် အပူပေးချက်ပြုတ်ပြီးမှသာ စားသုံးရသည့် ဟင်းသီးဟင်းရွက် တစ်မျိုး ဖြစ်ပါသည်။ အစိမ်းစာပါက၊ အစာအိမ် နှင့် အူမ များကို အန္တ ရာယ်ဖြစ်စေနိုင်ပါသည်။

အခုလိုသတင်းထူးတွေ သို့မဟုတ် စာတွေကို အချိန်နဲ့တပြေးညီ အမြဲဖတ်ချင်တယ်ဆိုရင်  သတင်းတစ်ပုဒ်အပြီးမှာ XB Media Myanmar ဆိုပြီးပေါ်လာရင် Like ဆိုတဲ့စာသားလေးကို နှိပ်ခဲ့ပေးပေါ။ XB Media Myanmar ကိုအားပေးတဲ့ စာဖတ်သူအပေါင်းကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူပရိတ်သတ်ကြီး သဘောကျနှစ်သက်ခဲ့ရင် (Share)မျှဝေပေးခဲ့ကြဖို့မေတ္တာရပ်ခံပါတယ်။

Credit : Myawady Health

Comments are closed.