တောထဲမှာ တွေ့ခဲ့တဲ့ ကလေးတစ် ယောက်ရဲ့ အိပ်မက်ကို ဖြည့်ဆည်း ပေးခဲ့သူ

တောထဲမှာ တွေ့ခဲ့တဲ့ ကလေးတစ် ယောက်ရဲ့ အိပ်မက်ကို ဖြည့်ဆည်း ပေးခဲ့သူ

ကမ္ဘောဒီးယားနိုင်ငံရဲ့ နာမည်ကြီးလှတဲ့ ဖနွမ်းပင်အမှိုက်ပုံကြီးမှာ အလုပ်လုပ်ရင်း ကြီးပြင်းလာခဲ့တဲ့ ကောင်မလေးတစ်ယောက်ဟာ အခုလိုရင် ပညာသင်ဆုအပြည့်နဲ့ သြစတေးလျနိုင်ငံ တက္ကသိုလ်မှာ ဆက်လက်ပညာသင်ကြားခွင့်ရနေပြီ ဖြစ်ပါတယ်။ သူမနာမည်ကတော့ ဆိုဖီဖြစ်ပါတယ်။ ဆိုဖီဟာ Cambodian Chidren’s Fund (CCF)ရဲ့ ထောက်ပံ့မှုနဲ့ မဲလ်ဘုန်းတက္ကသိုလ်မှာ ဒီဂရီဘွဲ့အတွက် ပညာတော်သင်ဆု ရရှိခဲ့တာပါ။

ဆိုဖီဟာ CCF ရဲ့ ထောက်ပံ့မှုနဲ့ အသက်(၁၁) နှစ်ကမှစပြီး ပညာသင်ယူခွင့်ရခဲ့တာပါ။ အရင်တုန်းကတော့ ဆိုဖီဟာ အမှိုက်ပုံမှာ အလုပ်လုပ်ပြီး မိဘတွေကို ရှာကြွေးကာ အိမ်ကို ထောက်ပံ့ရပါတယ်။ တစ်ပတ်ကို (၇) ရက်လုံးလုံး ဒူးလောက်နစ်နေတဲ့ ဖနွမ်းပင်အမှိုက်ပုံကြီးထဲမှာ ဆိုဖီက ပြန်ရောင်းလို့ရမယ့် စွန့်ပစ်ပစ္စည်းအဟောင်းအမြင်းလေးတွေကို ရှာပြီး ဆိုင်မှာပြန်သွင်းကာ ပိုက်ဆံရှာရတာပါ။ခုတွေ့မြင်ရတဲ့ ဆိုဖီရဲ့ ဓာတ်ပုံတွေကတော့ ဆိုဖီရဲ့ကောလိပ်ကျောင်းဆင်းတုန်းက ဓာတ်ပုံတွေပဲ ဖြစ်ပါတယ်။ အမှိုက်ပုံထဲမှာ ကျင်လည်နေတဲ့ဘဝကနေ အခုလို အထက်တန်းကျောင်းကောလိပ်အောင်ပြီး တက္ကသိုလ်တက်ဖို့ အဆင်သင့်ဖြစ်နေတဲ့ ဆိုဖီရဲ့ဘဝလေးကတော့ အားကျဖွယ်ပဲ ဖြစ်ပါတယ်။ဒါကြောင့် ကျောင်းကလည်း သူမရဲ့ အောင်မြင်မှုကို ဂုဏ်ပြုတဲ့အနေနဲ့ ကျောင်းဆင်းပွဲမှာ အပိတ်စကားပြောဖို့တောင် တောင်းဆိုခဲ့ပါတယ်။

ကျောင်းဆင်းပွဲပြီးတဲ့နောက်မှာတော့ ဆိုဖီက သူမဟာ အရမ်းစိတ်လှုပ်ရှားနေခဲ့တယ်လို့ ဆိုပါတယ်။ CCF အဖွဲ့အစည်း ဟာ ပညာသင်ကြားချင်ပေမယ့်အိမ်လည်း အဆင်မပြေ၊ ငွေကြေးလည်းမတတ်နိုင်တဲ့ ကလေးတွေကို ကူညီကျောင်းထားပေးနေတာ ဖြစ်ပါတယ်။ ကလေးက စာတော်ရင်တော်သလိုနိုင်ငံခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး ပညာတော်သင်ဆုတွေကိုလည်း လျှောက်ထားရယူပေးနေတာ ဖြစ်ပါတယ်။

အရင်တုန်းက အမှိုက်ပုံမှာ ညစ်ညစ်ပတ်ပတ်နေရပြီး စားသောက်စရာမရှိအောင် ဆင်းရဲလှတဲ့ ကောင်မလေးဟာ အခုဆိုရင်တော့ နိုင်ငံခြားမှာ ဒီဂရီဘွဲ့ရယူဖို့ ကြိုးစားနေတဲ့ လေးစားအားကျဖွယ် အမျိုးသမီးလေး ဖြစ်လို့နေခဲ့ပါပြီ။

Comments are closed.