

မအေးသောင်းကတော့ ပုရိသတွေရဲ့ပါးစပ်ဖျားမှာ ရေပန်းစားပြီး ပရိသတ်ချစ်ခင်အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အပျိုကြီးမမ တစ်ယောက်ပဲဖြစ်ပါတယ်။ကျရာဇာတ်ရုပ်ကို ပီပြင်စွာသရုပ်ဆောင်နိုင်ခဲ့တာကြောင့်လည်း ပရိသတ်အချစ်တွေကို အပိုင်သိမ်းနိုင်ခဲ့သူလည်းဖြစ်ပါတယ်။အနုပညာလောကမှခတ္တအနားယူပြီး ပြန်လည်ဝင်ရောက်လာချိန်မှာလည်း အောင်မြင်မှုပြန်လည်ရရှိခဲ့သူလည်းဖြစ်ပါတယ်။

မအေးသောင်းကတော့”မုန်းစွဲ” ဇာတ်ကားကြီးမှာ ပါဝင်ရိုက်ကူးခဲ့ပြီး ဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့တာကြောင့်လည်း ပရိသတ်အကြီုက်နဲ့ထက်တူကျခဲ့တာပဲဖြစ်ပါတယ်။လတ်တလောမှာလည်း ခိုင်သင်းကြည်၊ စမိုင်းလ်၊ မြင့်မြတ်တို့နဲ့ အတူရုပ်ရှင်ဇာတ်ကားတစ်ကားကိုရိုက်ကူးနေတာဖြစ်ပြီး သူမရဲ့ အနုပညာလှုပ်ရှားမှုများကို သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေဖော်ပြလေ့ရှိသူပဲဖြစ်ပါတယ်။

အပျိုကြီးမမ မအေးသောင်းကတော့ ဘဝမှာ ချစ်တတ်အောင်လုပ်နိုင်တဲ့ချစ်သူတစ်ယောက် ရှိတယ်လို့ဆိုလာပြီး”ဒီလိုရယ်နေနိုင်ဖို့ကမင်းအပေါ်ပဲမူတည်တာ…ခုလောက်ချစ်တတ်အောင်လုပ်နိုင်တာ ဘဝမှာမင်းတစ်ယောက်ပဲရှိသေးတယ်။ ဆက်ချစ်တတ်အောင်သင်ပေးပါအုံး….”သူမရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ဖော်ပြထားပါသေးတယ်။ CeleGabarပရိသတ်ကြီးရေ အရမ်းတွေချစ်တတ်နေတဲ့ မအေးသောင်းရဲ့ ချစ်သူက ဘယ်သူများပါလိမ့်နော်။

Comments are closed.