ခရစ္စမတ် အင်္ကျီလေးဝတ်ကာ အသည်းယားစရာ အိုက်တင်လေးတွေ မျိူးစုံလုပ်ပြနေတဲ့ အာကြီးရဲ့ ပုံတွေ တင်လိုက်တဲ့ ခိုင်နှင်းဝေ

ခိုင်နှင်းဝေကတော့ ပရဟိတမင်းသမီးတစ်လက်လို့ပရိသတ်တွေ သတ်မှတ်ထားတဲ့အတိုင်း မိဘမဲ့ကလေးတွေကို သူမရဲ့ရင်သွေးလေး တွေသဖွယ် ကူညီစောင့်ရှောက်နေတဲ့ ချီးကျူးလေးစားဖွယ်မင်းသမီးတစ်လက်ပါ။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် စွန့်ပစ်ခံရတဲ့ ကလေးတွေအတွက် အတတ်နိုင်ဆုံးကာကွယ် ခေါ်ယူစောင့်ရှောက်လျက်ရှိနေတဲ့သူလို့လည်းဆိုရမှာပါ။

သားတွေ သမီးတွေကိုလည်း မအားလပ်တဲ့ကြားကနေပြီး အချိန်ပေးကာ သေသေချာချာ ကျွေးမွေးစောင့်ရှောက်ပေးသလို မိခင်ရင်းသဖွယ် ချစ်ခြင်းမေတ္တာတွေ ပေးစွမ်းလျက်ရှိပါတယ် ။ ကလေးတွေကလည်း ခိုင်နှင်းဝေကို ချစ်ကြလို့ အနားက မခွာနိုင်အောင် ကပ်ချွဲနေကြတာ တကယ်ကို ကြည်နူး ပီတိဖြစ်စရာကောင်းပါတယ် ။

ဒါ့အပြင် ကလေးတွေရဲ့ လှုပ်ရှားမှု ပုံလေးတွေကိုလည်း အမြဲလိုလို ဖော်ပြပေးလေ့ရှိပါတယ် ။ အခုလည်း အာကြီးတစ်ယောက် ခရစ္စမတ် အင်္ကျီလေးနဲ့ အိုက်တင်တွေ မျိုးစုံပေးကာ ချစ်စရာကောင်းလွန်းနေတဲ့ ပုံလေးတွေကို ဝေမျှလာပါတယ် ။ ပုံတိုင်းမှာ အာကြီးတစ်ယောက် ချစ်စရာကောင်းလွန်းတာကြောင့် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Yuan – Cele Zone

Advertisement

Photo – Khine Hnin Wai

[zawgyi]



Advertisement


Be the first to comment

Leave a Reply

Your email address will not be published.


*