သဘာဝချောင်းဆိုးပျောက်ဆေးရည်

သဘာဝချောင်းဆိုးပျောက်ဆေးရည်



ဒီ ချောင်းဆိုးပြဿနာကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးနဲ့ အလွယ်ဆုံးကတော့ ပျားရည်ပါပဲ။ တစ်ခါတိုက်ရင် လက်ဖက်ရည်ဇွန်း တဝက်ကနေ ၂-ဇွန်းအထိတိုက်နိုင်ပါတယ်။ ရိုးရိုးသောက်လည်းရပေမယ့် ရေနွေးလေးနဲ့သောက်တာကတော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် ဘာမှရောစပ်မထားတဲ့ ပျားရည်တော့ဖြစ်ရပါမယ်။


၃ နှစ်အောက် ပူတူးလေးတွေကိုတော့ ပျားရည်မတိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ Botulism ဆိုတဲ့ ပိုးတမျိုးကနေထုတ်တဲ့ အဆိပ်ကြောင့် အာရုံကြောထိခိုက်သွားနိုင်ပါတယ်။ ပျားရည်ရဲ့ နောက်တစ်ခု ဆိုးကျိုးကတော့ ရေရှည်တိုက်ရင် ပူတူးလေးသွား ကျန်းမာရေးထိခိုက် နိုင်ပါ တယ်။ချင့်ချိန်ပြီး သုံး စွဲနိုင်ကြပါစေနော်။

(unicode)

သဘာဝချောင်းဆိုးပျောက်ဆေးရည်

ဒီလိုရာသီမှာ ပူတူးလေးတွေအနေနဲ့ မိုးမိတာကြောင့်ပဲဖြစ်ဖြစ်၊ ရာသီတုပ် ကွေးကြောင့် ပဲဖြစ်ဖြစ် ဖျားပြီး နှာစေး၊ ချောင်းဆိုးတာမျိုးကို ကြုံဖူးကြမှာပါ။ တုပ်ကွေးကြောင့် ဖျားပြီး အဖျားပျောက်သွားရင်တောင် တစ်ခါတလေကျရင် ချောင်းဆိုး တာက ကျန်နေခဲ့တတ်ပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါမှာ ပူတူလေးကလည်း အဖျားမရှိတော့ဘဲ ချောင်းဆိုးတာလေးတစ်ခုတည်းကျန်တော့တာဖြစ်တဲ့အတွက် မေမေတွေအနေနဲ့ ချောင်းဆိုးပျောက်ဆေးပဲ အလွယ်တကူ ဝယ်တိုက်ကြတော့လေ့ရှိပါတယ်။

ဒီအခါမှာ မေမေတို့တွေအနေနဲ့ ပူတူးလေးက အဖျားလည်း ကျနေပြီဖြစ်တဲ့အတွက် ဆေးခန်း ခေါ်မသွားချင်တော့တာကြောင့် အပြင်ဆေးခန်းမှာလည်း အလွယ်ဖြစ်အောင် ချောင်းဆိုးပျောက်ဆေးတွေ ဝယ်ပြီး တိုက်လေ့ရှိကြပါတယ်။ချောင်းဆိုးသ က်သာစေ တဲ့ ဆေးရည်တွေနဲ့၊ ဆေးပြားတွေဟာ တိုက်တာ ပမာဏများသွားရင် ပူတူးလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အထူးသဖြင့် အသက် ၆နှစ်အောက်ပူတူးလေးတွေအတွက် ပိုပြီး သတိထားရပါမယ်။

ဒီ ချောင်းဆိုးပြဿနာကို ဖြေရှင်းဖို့အတွက် အကောင်းဆုံးနဲ့ အလွယ်ဆုံးကတော့ ပျားရည်ပါပဲ။ တစ်ခါတိုက်ရင် လက်ဖက်ရည်ဇွန်း တဝက်ကနေ ၂-ဇွန်းအထိ တိုက်နိုင်ပါတယ်။ ရိုးရိုးသောက်လည်းရပေမယ့် ရေနွေးလေးနဲ့သောက်တာကတော့ ပိုကောင်းတာပေါ့။ ဒါပေမယ့် ဘာမှရောစပ်မထားတဲ့ ပျားရည်တော့ဖြစ်ရပါမယ်။

ဆေးသုတေသနတွေ့ရှိချက်တွေအရ ပျားရည်ဟာ ချောင်းဆိုးသက်သာ ဆေးရည်တွေနဲ့ တန်းတူ အာနိသင်ရှိပါတယ်။ ဒါပေမယ့် ပျားရည်ကျတော့ ပမာဏများမိသွားလည်းပဲ ပူစရာမလိုပါဘူး။

၃ နှစ်အောက် ပူတူးလေးတွေကိုတော့ ပျားရည်မတိုက်ပါနဲ့။ ဘာလို့လဲဆိုတော့ Botulism ဆိုတဲ့ ပိုးတမျိုးကနေထုတ်တဲ့ အဆိပ်ကြောင့် အာရုံကြောထိခိုက်သွားနိုင်ပါတယ်။ ပျားရည်ရဲ့ နောက်တစ်ခု ဆိုးကျိုးကတော့ ရေရှည်တိုက်ရင် ပူတူးလေးသွားကျန်းမာရေး ထိခိုက်နို င်ပါတယ်။ချင့်ချိန်ပြီး သုံးစွဲနိုင်ကြပါစေနော်။

Comments are closed.