ကမ္ဘာ အလယ်မှာ ဗုဒ္ဓဘာဘာကို ဂုဏ်တက်စေခဲ့တဲ့ ဘင်္ဂလားဒေ့ချ်နို င်ငံက ဖြစ်ရပ် ဗွီဒီယိုဖိုင်

ကမ္ဘာ အလယ်မှာ ဗုဒ္ဓဘာဘာကို ဂုဏ်တက်စေခဲ့တဲ့ ဘင်္ဂလားဒေ့ချ်နို င်ငံက ဖြစ်ရပ် ဗွီဒီယိုဖိုင်

ကမ္ဘာ့အလယ်မှာ ဗုဒ္ဓဘာဘာကို ဂုဏ်တက်စေခဲ့တဲ့ ဘင်းဂလားဒေ့ချ် နိုင်ငံက ဖြစ်ရပ်လေးတခုလောကကြီးမှာ လူအမျိုးမျိုး စိတ်အထွေထွေ တွေဖြစ်တာကြောင့် တယောက်နဲ့တယောက် အယူအဆတွေ မတူညီကွဲပြားလျက်ရှိပါတယ်။ အဲ့ထဲမှာမှ ဘာသာတရားကွဲပြားမှုတွေကလည်း ရှိနေပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာဆိုရင်တော့ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး တချို့သော အစွန်းရောက်တဲ့သူတွေကတော့ ဘယ်ဘာသာက ဘယ်လိုဖြစ်တယ်ပြောနေပေမယ့်လည်း လောကကြီးမှာ တကယ့်ကို ကြည်နူးပြီး ပီတိဖြစ်ရတဲ့ ဘာသာရေး မြင်ကွင်းလေးတွေရှိနေပါတယ်။

ယခုတခါ ချစ်ပရိသတ်ကြီးအတွက် ဖော်ပြပေးချင်တာကတော့ ဘင်းဂလားဒေ့ချ် နိုင်ငံမှာ ဗုဒ္ဓသာသနာကို ကြည်ညိုနေတဲ့ မြင်ကွင်းလေး ဖြစ်ပါတယ်။ တချို့ကတော့ အိန္ဒိယလူမျိုးလို့ ပြောလိုက်တာနဲ့ ဗုဒ္ဓသာသနာကို ကြည်ညိုမှုမရှိဘူးလို့ ထင်နေကြတာပါ။ ဒါပေမယ့်လည်း ဒီအတွေးအမြင်လေးကတော့ ဒီဗီဒီယိုလေးကြည့်လိုက်ရင် သိပါလိမ့်မယ်။

မိုးတွေသည်းထန်စွာ ရွာသွန်းနေတဲ့အထဲမှာမှ ဆွမ်းခံကြွတဲ့ ဘုန်းကြီးတွေကလည်း အပင်ပန်းခံပြိးတော့ မိုးရွာထဲမှာ ကြွနေကြတာပါ။ ဒါကိုတော့ လှူချင်တန်းချင်ကြတဲ့ သူတို့လူမျိုးကတော့ မိုးရွာကြီးထဲမှာလည်း မမှုပဲ ဘုန်းကြီးတွေကို လှူဒါန်းနေတာကို တွေ့ရပါတယ်။ ထို့နောက် မိုးရွာတဲ့ လမ်းမကြီးပေါ်မှာပဲ ထိုင်ချပြီး ယောကျာ်းတွေရော မိန်းမတွေပါ ဘုန်းကြီးတွေကို ကန်တော့နေတာကို တွေ့ရပါတယ်။ ဒီမြင်ကွင်းကတော့ ဗုဒ္ဓဘာသာ လူမျိုးတွေအတွက်ကတော့ အင်မတန်လေးစား စရာကောင်းပြီး ကြည်ညိုစရာမြင်ကွင်းလေးလည်း ဖြစ်ပါတယ်။

ဒါကတော့ ဘင်းဂလားဒေ့ချ် နိုင်ငံမှာ ဘုန်းကြီးတွေကို မိုးထဲလေထဲမှာ လှူနေကြတဲ့ မြင်ကွင်းလေး ဖြစ်ပါတယ်၊ ဒီဗီဒီယိုလေးကတော့ တကမ္ဘာလုံးမှာရှိတဲ့ လူတွေထံ ပျံနှံသွားခဲ့ပြီး ဗုဒ္ဓဘာသာ ကိုလေးစားနေကြတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးကိုတော့ ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။

Comments are closed.