တနေ့တခြားလုံးဝန်းလာတဲ့ ဗိုက်ကလေးကို ပုံလေးရိုက် တင်ပေးလာတဲ့ Mikis Weber ရဲ့ ဇနီးချောလေး စုစုဝေ

တနေ့တခြားလုံးဝန်းလာတဲ့ ဗိုက်ကလေးကို ပုံလေးရိုက်တင်ပေးလာတဲ့ Mikis Weber ရဲ့ ဇနီးချောလေး စုစုဝေ..

ဂျာမနီနိုင်ငံသားလေး Mikis Weber နဲ့ မြန်မာမလေး စုစုဝေတို့ချစ်သူနှစ်ဦးကတော့ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေအပြည့်နဲ့ သာယာ ပျော်ရွှင်တဲ့ အချစ်ရေးတစ်ခုကို နှစ်ကိုယ်တူပုံဖော်နေကြတာပဲ ဖြစ်ပ ါတယ်။ လူမျိုး၊ ဘာသာချင်းမတူညီကြပေမယ့် တူညီတဲ့အချစ်စစ် တစ်ခုကြောင့် လက်ထပ်ခဲ့ကြတဲ့ Mikis နဲ့ စုစုဝေတို့ဟာ မကြာခင်အချိန်အတွင်းမှာ သူတို့ရဲ့ ပထမဦးဆုံးရင်သွေးလေးကို ရရှိကြတော့မှာပဲ ဖြစ်ပါတယ်။

ရင်သွေးလေးကို Mikis ရဲ့ မွေးရပ်မြေ ဂျာမနီနိုင်ငံမှာ မွေးဖွားမှာဖြစ်ပြီး လက်ရှိမှာလည်း ဂျာမနီနိုင်ငံကိုရောက်ရှိနေတဲ့ စုစုဝေဟာ ဒီက နေ့မှာ တော့ သူမရဲ့ ကိုယ်ဝန်ဆောင်ဗိုက်လေးပုံကိုပြသလာပါတယ်။ စုစုဝေဟာ ရင်သွေးလေးကို လွယ်ဆောင်ထားတာ (၁၆)ပတ်ကျော်ရှိ နေပြီဖြစ်ပြီး သူမရဲ့ဗိုက်လေးကလည်း သိသိသာသာလေး လုံးဝန်းကြီးထွားလာတာကို တွေ့ရပါတယ်။

စုစုဝေနဲ့ Mikis တို့ရဲ့ရင်သွေးလေးကတော့ သွေးနှောကပြားလေးမို့ ချစ်စရာကောင်းမယ်ဆိုတာ ပြောဖို့တောင်လိုမယ်မထင်ပါဘူး။ မကြာ ခင်အချိန်အတွင်းမှာလည်း ရင်သွေးလေးဟာ သားလေးလား သမီးလေးလားဆိုတာသိရတော့မှာမို့ စုစုဝေတို့ဇနီးမောင်နှံက ရင်ခုန်နေကြ တာပဲဖြစ်ပါတယ်။

Advertisement

Source: Su Su Wai’s fb

Be the first to comment

Leave a Reply

Your email address will not be published.


*