နှစ်သစ်မှာ သိန်း (၂၀) ကျော်တန် သူမရဲ့ဖုန်းလေး မြစ်ရေထဲပြုတ်ကျသွားခဲ့တဲ့ သင်ဇာဝင့်ကျော်

နှစ်သစ်မှာ သိန်း (၂၀) ကျော်တန် သူမရဲ့ဖုန်းလေး မြစ်ရေထဲပြုတ်ကျသွားခဲ့တဲ့ သင်ဇာဝင့်ကျော်

သင်ဇာတစ်ယောက်ကတော့ နှစ်သစ်မှာ အဖိုးတန်ဖုန်းလေး မြစ်ရေထဲပြုတ်ကျသွားခဲ့လို့ စိတ်မကောင်းဖြစ်နေပါတယ်။ ၂၀၁၉ ခုနှစ်ကနေစပြီးတော့ အရင်ကလို အရမ်း ဟော့တဲ့ အဝတ်အစားတွေ မဝတ်တော့ဘူးလို့ ကတိပေးထားတာပဲဖြစ်ပါတယ်။ သူမကတော့ နှစ်သစ်ကို ကတိပေးထားတဲ့အတိုင်း ရိုးရိုးယဉ်ယဉ်လေးနဲ့ ဖြတ်သန်းခဲ့တာကိုလည်း ပရိသတ်ကြီးတွေ့ရမှာပါနော်။

သင်ဇာတစ်ယောက် ဒီနှစ်သစ်မှာ ကံမကောင်းမှုလေးတစ်ခုကြုံခဲ့ရပါသေးတယ်။ အဲဒါကတော့ သူမရဲ့ လက်စွဲတော်ဖုန်းလေးဖြစ်တဲ့ iPhone Xs Max လေး မြစ်ရေထဲပြုတ်ကျသွားခဲ့တာပဲဖြစ်ပါတယ်။ iPhone Xs Max ဟာ ကာလပေါက်ဈေး သိန်း (၂၀) ကျော်ဝန်းကျင်ရှိပြီးတော့ Apple ကနေ နောက်ဆုံးထွက်ရှိထားတဲ့ Model အမျိုးအစားဖြစ်ပါတယ်။

ဒီလိုတန်ဖိုးကြီးလှတဲ့ ဖုန်းလေး မြစ်ရေထဲပြုတ်ကျသွားတာကြောင့် သင်ဇာတစ်ယောက် နှမြောတသဖြစ်နေမှာတော့အမှန်ပါပဲနော်။ သူမကတော့ နှစ်သစ်မှာ ကံဆိုးခြင်းတွေ မျောပါသွားတယ်လို့ပဲ မှတ်ယူလိုက်ပါတယ်တဲ့။

Photo Credit – Thinzar Wint Kyaw

Comments are closed.