ေျခေထာက္ က်ဳိး တာ ကို ေငြ ၃ သိန္းေပး တဲ့ လူမင္း မရွက္ဘူးလား လို႔ ေမးလိုက္တဲ့ ကိုဆြီ

ေျခေထာက္ က်ဳိး တာ ကို ေငြ ၃ သိန္းေပး တဲ့ လူမင္း မရွက္ဘူးလား လို႔ ေမးလိုက္တဲ့ ကိုဆြီ

အႏု ပညာေလာကထဲကို စတန္႔မင္းသားအျဖစ္ ၁၉၉၀ ခုႏွစ္တည္းက စတင္ဝင္ေရာက္လာခဲ့တဲ့ ကိုဆြီကေတာ့ သရုပ္ေဆာင္ လူမင္းကို ေျခေထာက္က်ိဳးတာ ေငြသံုးသိန္းေပးတဲ့ လူမင္း မရွက္ဘူးလားလို႔ ေမးလိုက္တာျဖစ္ပါတယ္။ လူမင္းဟာ က်န္စစ္မင္းရုပ္ရွင္ဇာတ္ကားနဲ႔အကယ္ဒမီဆုရရွိခဲ့ျပီးေတာ့ ထိုဇာတ္ကားမွာ စတန္႔မင္းသားအျဖစ္ ပါဝင္ခဲ့တဲ့ ကိုဆြီကေတာ့ ေျခေထာက္က်ိဳးသြားခဲ့လို႔ တစ္ႏွစ္နားလုိက္ရတာျဖစ္ပါတယ္။

ကရာေတး၊ ဝူရွဴး၊ ဂြ်မ္းဘား စတာေတြ ကြ်မ္းက်င္တဲ့ ကိုဆြီကေတာ့ မင္းသားေတြကို သင္တန္းေပးရင္းနဲ႔ စတန္႔မင္းသားအျဖစ္ အႏုပညာေလာကထဲကို ဝင္ေရာက္လာခဲ့တာျဖစ္ပါတယ္။ စတန္႔မင္းသား ကိုဆြီဟာ က်န္စစ္မင္းဇာတ္ကားမွာ လူမင္းအစား ဝါယာၾကိဳးနဲ႔ခုန္တဲ့အခန္းတြင္ သံုးထပ္တုိက္ေပၚက ဝါယာၾကိဳးျပတ္က်ျပီး ေအာက္ကိုက်ခ်ိန္မွာ ေျခေထာက္က်ိဳးသြားခဲ့တာျဖစ္ပါတယ္။

“ဟိုးဘဝက ဝဋ္ေၾကြးေတြအတြက္ က်ေတာ္ ေျခေထာက္က်ဳိးတယ္။ (၁၀) သိန္းကုန္သြားတယ္။ ၁ ႏွစ္ နားလိုက္ရတယ္။ လူမင္းက အကယ္ဒမီရသြားတယ္။ က်ေတာ္နာမည္ၾကီးသြားေသးတယ္။ သူ ကၽြန္ေတာ့္ကို ၃ သိန္းေပးတယ္။ က်န္တဲ့ (၁၀) သိန္းက ဒီ ၃ သိန္းကုန္သြားေတာ့ က်ေတာ္တို႔က မယူဘူးေလ။ သူ မရွက္လို႔ေပးတာ။ ဒီ (၃) သိန္းဘာမွလုပ္မရဘူး။ အဲ့မွာနာမည္က တအားၾကီးသြားတာ။ ဟိုးတုန္းက က်ေတာ္သင္ေပးခဲ့တယ္ သူ႔အစားေတြလုပ္ေပးခဲ့တယ္။ က်န္စစ္မင္းမွာ သူက အကယ္ဒမီရသြားတယ္။ က်ေတာ္တုိ႔ဆို အေမ၊ အေဖခ်မ္းသာလို႔ ။ မခ်မ္းသာရင္ ဘယ္လုိလုပ္မလဲ ဆယ္သိန္းဆို တေန႔လုပ္မွ တေန႔စားရတာေလ။

အဲ့ေန႔ က်ေတာ္က ခုန္ခ်တာ ငါးေသာင္းရတယ္။ ပစၥည္းငွားခရယ္ ၊ ခုန္ခ်တာရယ္ ငါးေသာင္းရတယ္။ က်ေတာ္ ဆယ္သိန္းကုန္သြားတယ္။ အေမ၊အေဖမခ်မ္းသာရင္ ဘယ္လိုလုပ္မလဲ။ အေမ၊အေဖက တိုက္ေရာင္းျပီး သိန္း (၅၀) မုန္႔ဖိုးေပးလို႔ အဲ့ပုိက္ဆံ ဆယ္သိန္းနဲ႔ကုတာ က်ေတာ္ တရားရတယ္။ က်ေတာ့္ေျခေထာက္ကို ျပန္ခ်ိဳးတာ တစ္ခ်က္မေအာ္ဘူး။ တရားက်ေတာ္ေအာင္သြားေတာ့ သူ႔ကို က်ေတာ္ေလ်ွာ္လုိက္တယ္။ ပိုက္ဆံဆယ္သိန္းလည္း မထူးပါဘူးကြာလို႔ ဟိုးဘဝအေၾကာင္းက မေကာင္းခဲ့ေတာ့ သူတုိ႔ ပိုက္ဆံအမ်ားၾကီးခ်မ္းသာတယ္ ဒါေပမယ့္ ဟိုးဘဝက က်ေတာ္လည္းလုပ္ျပီး မေပးခဲ့လို႔ ျဖစ္မွာေပါ့ ခုသူမေပးဘူးေလ။ ဒါေပမယ့္ က်ေတာ္တရားေအာင္တယ္” လို႔ အကုန္သိမီဒီယာရဲ႕အင္တာဗ်ဴးမွာေျဖၾကားထားခဲ့တာျဖစ္ပါတယ္။

Photos-Ayarwaddy Lumin

Interview -Akonthi

[Unicode]

အနု ပညာလောကထဲကို စတန့်မင်းသားအဖြစ် ၁၉၉၀ ခုနှစ်တည်းက စတင်ဝင်ရောက်လာခဲ့တဲ့ ကိုဆွီကတော့ သရုပ်ဆောင် လူမင်းကို ခြေထောက်ကျိုးတာ ငွေသုံးသိန်းပေးတဲ့ လူမင်း မရှက်ဘူးလားလို့ မေးလိုက်တာဖြစ်ပါတယ်။ လူမင်းဟာ ကျန်စစ်မင်းရုပ်ရှင်ဇာတ်ကားနဲ့အကယ်ဒမီဆုရရှိခဲ့ပြီးတော့ ထိုဇာတ်ကားမှာ စတန့်မင်းသားအဖြစ် ပါဝင်ခဲ့တဲ့ ကိုဆွီကတော့ ခြေထောက်ကျိုးသွားခဲ့လို့ တစ်နှစ်နားလိုက်ရတာဖြစ်ပါတယ်။

ကရာတေး၊ ဝူရှူး၊ ဂျွမ်းဘား စတာတွေ ကျွမ်းကျင်တဲ့ ကိုဆွီကတော့ မင်းသားတွေကို သင်တန်းပေးရင်းနဲ့ စတန့်မင်းသားအဖြစ် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ စတန့်မင်းသား ကိုဆွီဟာ ကျန်စစ်မင်းဇာတ်ကားမှာ လူမင်းအစား ဝါယာကြိုးနဲ့ခုန်တဲ့အခန်းတွင် သုံးထပ်တိုက်ပေါ်က ဝါယာကြိုးပြတ်ကျပြီး အောက်ကိုကျချိန်မှာ ခြေထောက်ကျိုးသွားခဲ့တာဖြစ်ပါတယ်။

“ဟိုးဘဝက ဝဋ်ကြွေးတွေအတွက် ကျတော် ခြေထောက်ကျိုးတယ်။ (၁၀) သိန်းကုန်သွားတယ်။ ၁ နှစ် နားလိုက်ရတယ်။ လူမင်းက အကယ်ဒမီရသွားတယ်။ ကျတော်နာမည်ကြီးသွားသေးတယ်။ သူ ကျွန်တော့်ကို ၃ သိန်းပေးတယ်။ ကျန်တဲ့ (၁၀) သိန်းက ဒီ ၃ သိန်းကုန်သွားတော့ ကျတော်တို့က မယူဘူးလေ။ သူ မရှက်လို့ပေးတာ။ ဒီ (၃) သိန်းဘာမှလုပ်မရဘူး။ အဲ့မှာနာမည်က တအားကြီးသွားတာ။ ဟိုးတုန်းက ကျတော်သင်ပေးခဲ့တယ် သူ့အစားတွေလုပ်ပေးခဲ့တယ်။ ကျန်စစ်မင်းမှာ သူက အကယ်ဒမီရသွားတယ်။ ကျတော်တို့ဆို အမေ၊ အဖေချမ်းသာလို့ ။ မချမ်းသာရင် ဘယ်လိုလုပ်မလဲ ဆယ်သိန်းဆို တနေ့လုပ်မှ တနေ့စားရတာလေ။

အဲ့နေ့ ကျတော်က ခုန်ချတာ ငါးသောင်းရတယ်။ ပစ္စည်းငှားခရယ် ၊ ခုန်ချတာရယ် ငါးသောင်းရတယ်။ ကျတော် ဆယ်သိန်းကုန်သွားတယ်။ အမေ၊အဖေမချမ်းသာရင် ဘယ်လိုလုပ်မလဲ။ အမေ၊အဖေက တိုက်ရောင်းပြီး သိန်း (၅၀) မုန့်ဖိုးပေးလို့ အဲ့ပိုက်ဆံ ဆယ်သိန်းနဲ့ကုတာ ကျတော် တရားရတယ်။ ကျတော့်ခြေထောက်ကို ပြန်ချိုးတာ တစ်ချက်မအော်ဘူး။ တရားကျတော်အောင်သွားတော့ သူ့ကို ကျတော်လျှော်လိုက်တယ်။ ပိုက်ဆံဆယ်သိန်းလည်း မထူးပါဘူးကွာလို့ ဟိုးဘဝအကြောင်းက မကောင်းခဲ့တော့ သူတို့ ပိုက်ဆံအများကြီးချမ်းသာတယ် ဒါပေမယ့် ဟိုးဘဝက ကျတော်လည်းလုပ်ပြီး မပေးခဲ့လို့ ဖြစ်မှာပေါ့ ခုသူမပေးဘူးလေ။ ဒါပေမယ့် ကျတော်တရားအောင်တယ်” လို့ အကုန်သိမီဒီယာရဲ့အင်တာဗျူးမှာဖြေကြားထားခဲ့တာဖြစ်ပါတယ်။

Comments are closed.