ကြာသပတေးသားသမီးများအတွက် ၁ နှစ်စာဟောစာတမ်း

ကြာသပတေးသားသမီးများအတွက် ၁ နှစ်စာဟောစာတမ်း

ကြာသပတေးသားသမီးများအတွက် ၁၃၈၁-ခုနှစ်၊ တစ်နှစ်စာ ဟောစာတမ်း …..

ကြီးမားသောအပြောင်းအလဲများဖြစ်လတ္တံ့။ ကံ အလွန်အမင်းကောင်းနိုင်သလို ၊ ကံ အလွန်အမင်းလည်း ဆိုးလတ္တံ့။ ငြိမ်ငြိမ်နေလျှင် အလွန်အမင်းညံ့လတ္တံ့။ လှုပ်ရှားလျှင် ကံအလွန်အမင်းကောင်းလတ္တံ့။ အိပ်ယာပြောင်းအိပ်ခြင်း၊ခရီးထွက်ခြင်း စသည့် လှုပ်လှုပ်ရှားရှားနေထိုင်ဆောင်ရွက်ပါက ကံကောင်းလတ္တံ့။

စိတ်ကူးအကြံအစည် ရည်ရွယ်ချက်များကို စွန့်စွန့်စားစား ကြိုးစားဆောင်ရွက်လျှင် အောင်မြင်လတ္တံ့။ အောက်လက်ငယ်သား ရွှေ ရတနာအတွက် စိတ်ပူရအံ့။

ကျန်းမာရေးချူခြာခြင်း၊ဆေးရုံဆေးခန်းများနှင့်ပက်သက်ရခြင်း၊ဘာမှန်းမသိ ရောဂါရှာမရပဲ တရှောင်ရှောင်ဖြစ်ခြင်း၊အစားမှားဆေးမှားဖြစ်ခြင်း၊စကားပြောငြင်းခုန်ရခြင်း၊ခိုက်ရန်ဖြစ်ပွားတတ်ခြင်း၊စကားပြောကျွံခြင်း

လွန်ခြင်း ၊ စက်ပစ္စည်း ၊ စာရွက်စာတမ်း ၊စပ်တူရှယ်ယာကိစ္စများနှင့်ပက်သက်ပြီး စိတ်ညစ်ရတတ်ခြင်း တို့ကြုံရအံ့။

ငွေရေးကြေးရေး – ရစရာပေးစရာငွေများ ထစ်ငေါ့ကြန့်ကြာ လွဲချော်တတ်။ ငွေတွေဝင်နေပြီး အကြွေးတင်နေအံ့။ ငွေလိမ်ခံရတတ်။သတိထားသင့်။ ဝင်သမျှငွေများ ပြန်ထွက်ပြီး ငွေမမြဲပဲဖြစ်နေအံ့။ ငွေမဝင်ခင်ကပင် သုံးစရာ ကုန်စရာများက စောင့်ကြိုနေအံ့။ ငွေအတွက် အနည်းငယ် စိတ်ပူရအံ့။

ငွေရေးကြေးရေး အထူးယတြာ – ငွေမြဲရန် မကြာခဏ ငါသေတ္တာဗူးပေါ်တွင် ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းပါ ။ ငွေကြေးကံကောင်းရန် မရှိနွမ်းပါးသောသက်ကြီးရွယ်အိုတစ်ဦးကို ဆပ်ပြာအကြမ်း ၊ လုက်သုပ်ပဝါအကြမ်း ၊ ပိုက်ဆံအနွမ်း မကြာခဏ လှူဒါန်းရင်း ဆုတောင်းပါ ။

ဘယ်လက်မှာ (က) ကကြီးအက္ခရာရေး ၊ ညာဘက်လက်မှာ (ယ) ယပလက် အက္ခရာရေး ၊ လက်ဝါးချင်းရိုက်ပြီးဆုတောင်းပါ။

( ၎င်းယတြာများသည် လုပ်ရသည်မှာလွယ်ကူသော်လည်း အင်မတန်ထိရောက်အောင်မြင်သော ယတြာများဖြစ်သည်။ငွေကြေးကံကောင်းပြီး ဘဝတစ်ဆစ်ချိုးပြောင်းလဲမြင့်တက်ချမ်းသာသွားသည်များကို မကြာခဏတွေ့ကြုံဖူးပါသည်။ ထို့ကြောင့် ယုံယုံကြည်ကြည် လေးလေးနက်နက် ဆောင်ရွက်စေလိုပါသည်။)

ထီထိုးကံစမ်းရန် – အကြော်(၁၂)ခု ဘုရားလှူပါ ၊ သူငယ်ချင်းမိတ်ဆွေများကို ဒါနလုပ်ပါ ။ ပြီးလျှင် (အ ဥ က ခ ဂ ဃ င ) ပါသောထီဆိုင်တွင် (၁) နှင့် (၂) များများပါသော ထီလက်မှတ်ကိုရွေးထိုးပါ။ ပါးစပ်မှနေ တာဗားနိုး ( TAVANO) ရွတ်ပြီးထိုးပါ …။

အချစ်ရေး – ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ဖြင့် ဂဏာမငြိမ်ဖြစ်တတ်ခြင်း ၊ စိတ်အပြောင်းအလဲမြန်ခြင်း ၊ ချစ်သူပါပြောင်းသွားတတ်ခြင်း တို့ကြုံရလတ္တံ့။ ချစ်ခြင်းမေတ္တာများ

သံယောဇဉ်များလည်း ပြောင်းလဲသွားတတ်။ မတည်မငြိမ်ဖြစ်အံ့။ ထိလွယ် ရှလွယ်ဖြစ်အံ့။ ဆုပ်လည်းစူး စားလည်းရူးအခြေအနေများကြုံရအံ့။ အဆင်မသင့်လျှင် လမ်းခွဲပြတ်စဲသွားရအံ့။

အိမ်ထောင်ရေး -အကောင်းအဆိုးရောထွေးနေလတ္တံ့။ စိတ်ပူစရာများ စိတ်အနှောက်အယှက်ဖြစ်စရာများ ကြည်နူးရင်ခုန်စရာများ ရောထွေးနေအံ့။ မကြာခဏဆိုသလို ခွဲခွာနေလျှင် အညံ့များပြေပျောက်ပြီး အိမ်ထောင်ရေးသုခများခံစားရလတ္တံ့။ မကြာခဏ အိပ်ယာခွဲအိပ်ပါ။ပြောင်းအိပ်ပါ။

အချစ်ရေးအိမ်ထောင်ရေးတွင် သောကြာသားသမီးများ ၊ နာမည်တွင် သ ဟ ပါသောသူများ ရေနားနီးသော ၊ ရေကြောင်းခရီး ၊ သင်္ဘော ၊ ဟော်တယ်လုပ်ငန်း ၊ ခရီသွားလုပ်ငန်း ၊ စကားပြော ၊ ပွဲစားအလုပ်နှင့်ပက်သက်သူများ ဝင်ရှုပ်တတ်။

အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – နှစ်ယောက်ဓါတ်ပုံကိုကို မျက်နှာချင်းဆိုင်ကပ်။ စွယ်တော်ရွက်နှင့်ညှပ် ၊ ခေါင်းအုံးအောက်မှာထားအိပ်ပါ။

ပညာရေး – ပညာရေးကံအလယ်အလတ်သာရှိအံ့။ မိမိရည်မှန်းထားသလောက်သာ အောင်မြင်အံ့။ ဝီရိယအား ၊ ဉာဏ်အား ၊ လူအားစိုက်ထုတ်ပြီး ကြိုးစားသင့်။ အပေါင်းအသင်းမှားတတ်သည့်အတွက် ဂရိုစိုက်သင့်။

ပညာရေးကံကောင်းစေရန် – မနက်စောစော သစ်သီး(၆)လုံး၊ ပန်းအဖြူ(၅)ပွင့်၊ သောက်တော်ရေ(၅)ခွက်၊ ဖယောင်းတိုင်(၅)တိုင် ဘုရားလှူပြီး မိမိဖြစ်ချင်တာကို ပြတ်ပြတ်သားသား သဲသဲကွဲကွဲ အသံထွက်ဆုတောင်းပါ။ ချိုးမယ့်ရေထဲမှာ ပန်းအဖြူု(၂)ပွင့်ထည့်ပြီးရေးချိုးရင်းလည်းဆုတောင်းပါ။

( စာမေးပွဲဖြေ၊ အင်တာဗျူးဖြေ၊ အလုပ်လျောက်သည့်အခါများတွင်လည်း ပြုလုပ်နိုင်ပါသည်)

ကျန်းမာရေး – သွေးသား ၊ သွေးချို ၊ သွား နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်။ဆေးရုံ ဆေးခန်းနှင့် ပက်သက်ရတတ်။ (တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ ။ သတိထားရန်ဖြစ်သည်)

ကျန်းမာရေးညံ့လျှင်ပြုလုပ်ရမည့်ယတြာ – ကြာသပတေးနေ့ည …။ ပုံး တစ်ခုထဲတွင် မိမိ၏ ခြေသည်း ၊ လက်သည်း ၊ ဆံပင် အနည်းငယ်ထည့်ပါ …။ အကျီအစုတ် ၊

လုံချည်အစုတ်ထည့်ပါ …။ ဆန်လက်တစ်ဆုပ်ထည့်ပါ …။ အိပ်ယာဘေးမှာ တစ်ညထားအိပ်ပါ …။ နောက်မေ့မနက် စီးနေသောရေထဲသို့သွားမျှောလိုက်ပါ …။ မကောင်းတဲ့အခိုကအညံ့တွေ ရောဂါတွေပါသွားပါစေလို့ဆုတောင်းပါ …။

အခက်အခဲကြီးကြီးမားမားရှိလျှင် အထူးပြုလုပ်သင့်သော ယတြာ … ကြာသပတေးနေ့ညဝတ်အိပ်ထားသော အဝတ်ဟောင်းတစ်စုံကို နောက်နေ့မနက်စော လမ်းတွင်သွားစွန့်ပါ။ (ငါ့မှာရှိနေတဲ့မကောင်းတဲ့အခိုက်အညံ့တွေအားလုံး ပါသွားပါစေလို့ဆုတောင်းပါ) (၂)လတစ်ခါလုပ်ပါ။အရေးအကြောင်းကိစ္စပေါ်လျှင်ထပ်လုပ်ပါ။

ပစ္စည်းများ အမြန်ရောင်းထွက်ရောင်းကောင်းရန် – အမြန်ရောင်းထွက်ချင်တဲ့ ၊ ရောင်းကောင်းချင်တဲ့ပစ္စည်းများကို ရေခွက် နဲ့ရိုက်ပေးပါ …။ ရွှေရည်ဖြန်းပေးပါ …။ (ရွှေစိမ်ထားသောရေ ) ပါးစပ်ကနေပြီးတော့လည်း ပြတ်ပြတ်သားသား ဆုတောင်းပါ …။ ဘယ်နေ့ ဘယ်ချိန်မဆို ဉာဏ်ရှိသလိုလုပ်ပါ …။

ယတြာ။ ။မည့်သည့်နေ့တွင်မဆို မနက်(၆)နာရီ (၃၀) မိနစ်တိတိတွင် ဆွမ်းပူပူ(၃)ပန်းကန် ၊ သစ်သီး(၆)လုံး ၊ သောက်တော်ရေ (၂)ခွက် ၊ ဖယောင်းတိုင် (၂) တိုင် ၊

မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့။(အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)

မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း

Comments are closed.