၇ – တန်းကျောင်းသူ တစ်ဦးအား အလိုမတူဘဲ သားမယားပြုကျ င်ခဲ့သူကို ကျိုင်းလပ်တွင် အမှုဖွင့်

၇ – တန်းကျောင်းသူ တစ်ဦးအား အလိုမတူဘဲ သားမယားပြုကျ င်ခဲ့သူကို ကျိုင်းလပ်တွင် အမှုဖွင့်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းအုပ်စု၊ ပန်ပဲ(အောက်)ကျေးရွာမှာ ခုနှစ်တန်းကျောင်းသူ တစ်ဦးကို ခြိမ်းခြောက်ကာ အလိုမတူဘဲ သားမယား အဖြစ် ပြုကျင့်ခဲ့သူကို ဇွန် ၂၂ ရက် နံနက်ပိုင်းက အမှုဖွင့် အရေးယူခဲ့တယ်လို့ သိရပါတယ်။

ဇွန် ၁၇ ရက်ညနေ ၆ နာရီခန့်တွင် မိခင်ဖြစ်သူ တောင်ယာလုပ်ကိုင်ရာမှ ပြန်လာစဉ် သမီးဖြစ်သူ မ—(၁၆ နှစ်) ခုနှစ်တန်းကျောင်းသူအား ရှဲန်မွေ(ခ)ရှဲန်မွေလှ (၂၁ နှစ်)ဆိုသူမှ ဆိုင်ကယ်ဖြင့် ခေါ်ဆောင် သွားခဲ့ကြောင်း သိရသဖြင့် လိုက်လံရှာဖွေခဲ့ရာ မတွေ့ရကြောင်း၊ ဇွန် ၁၉ ရက်နေ့တွင် ထပ်မံ စုံစမ်းခဲ့ရာ ကျိုင်းလပ်မြို့၊ နမ့်ခင်း ကျေးရွာအုပ်စု၊

ပန်ပဲကျေးရွာတွင် ရောက်ရှိနေကြောင်း ကြားသိရသဖြင့် မိသားစုဝင်များဖြင့် ပန်ပဲရွာသို့ သွားရောက်ခဲ့ပြီး သမီးဖြစ်သူနှင့် ရှဲန်မွေ (ခ)ရှဲန်မွေလှ တို့ နှစ်ဦးအား သွားရောက်ခေါ်ဆောင်ကာ မေးမြန်းခဲ့ကြောင်း၊ သမီးဖြစ်သူ တောင်ယာမှ ပြန်လာစဉ် လမ်းမှာ ဆိုင်ကယ်နဲ့ နောက်မှ လိုက်လာပြီး ၎င်းနဲ့အတူ လိုက်ခဲ့ရန်၊ မလိုက်ပါက သတ်ပြစ်မည်ဟု ခြိမ်းခြောက်ကာ ဆိုင်ကယ်ဖြင့် ၎င်းရဲ့ အစ်ကိုနေအိမ်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ဇွန် ၁၇ရက် ည ၉ နာရီခန့်တွင် သမီးဖြစ် သူအား အလိုမတူဘဲ သားမယားအဖြစ် တစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း သိရတာကြောင့် မိခင်ဖြစ်သူကနေ တရားလိုပြုလုပ်တန်တိုင်းခဲ့တာဖြစ်ပါတယ်။

အမှုမှ အလိုမတူဘဲ သားမယားပြုကျင့်သူ ရှဲန်မွေ(ခ)ရှဲန်မွေလှ (၂၁နှစ်)၊ ကျယီးရွာ၊ မိုင်းကိုးအုပ်စု၊ တာချီလိတ်မြို့နယ်နေသူကို မိုင်းပါလျှိုးနယ်မြေရဲစခန်း က (ပ)၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

Comments are closed.